





စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ EL Mundo က သူ့အေးဂျင့်ဟောင်း
ဂျော့မန်ဒက်စ်အပေါ် စီရော်နယ်ဒိုက နောက်ဆုံးရာဇသံပေးလိုက်တဲ့





စကားကို ဖော်ပြလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ ဆော်ဒီကလပ်
အယ်နာဆာကို မပြောင်းခင် နှစ် ၂၀ ကြာလက်တွဲခဲ့တဲ့
သူ့မန်နေဂျာဖြစ်တဲ့ ဂျော့မန်ဒက်စ်နဲ့ လမ်းခွဲခဲ့တာပါ။





သူတို့နှစ်ယောက်ကြားက လမ်းခွဲပြတ်စဲဟာ ဂျော့မန်ဒက်စ်က
စီရော်နယ်ဒိုအတွက် အသင်းကြီးရှာမပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။





အဲဒါကြောင့်လည်း စီရော်နယ်ဒိုဟာ ဥရောပဘောလုံးရပ်ဝန်းမှာ
ဆက်မကစားတော့ဘဲ သူ့ကို စံချိန်တင်လစာပေးတဲ့
အယ်နာဆာဆီပြောင်းသွားခဲ့တာပါ။ သူတို့နှစ်ယောက်ကြား





သဘောထားကွဲလွဲမှုစတင်ခဲ့တကာ ကမ္ဘာ့ဖလားမတိုင်ခင်
မန်ဒက်စ်ကို အသိမပေးဘဲ စီရော်နယ်ဒိုက ပီးယာ့စ်မော်ဂန်နဲ့





အင်တာဗျူးလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူကထွက်ချင်လို့လုပ်တဲ့
စီရော်နယ်ဒိုရဲ့အဲဒီအင်တာဗျူးကို မန်ဒက်စ်တစ်ယောက်
အတော်စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့တာပါ။





အဲဒါကပဲ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို
ပြိုလဲစေတယ်လို့ သတင်းတွေက ဆိုကြပါတယ်။





အခုလည်း စပိန်သတင်းစာက ကစားသမားဘ၀
သူ့ရဲ့ဖခင်တစ်ယောက်လို အားကိုးခဲ့ရတဲ့ စီရော်နယ်ဒိုရာဇသံ
ပေးလိုက်တဲ့အကြောင်းကို ဖွင့်ဟဖော်ပြလိုက်တာပါ။





”ကျွန်တော့်ကို ချဲလ်ဆီး ဒါမှမဟုတ် ဘိုင်ယန်ဆီ ရအောင်ပို့ပေး။
ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့လမ်းခွဲပြီ”လို့ စီရော်နယ်ဒိုက





မန်ဒက်စ်ကို ပြောခဲ့တာပါတဲ့။ အကျော်ဇေယျကစားသမား
တစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့အယ်နာဆာအပြောင်းအရွှေ့ကို
သူ့မိတ်ဆွေရစ်ကီရီဂူဖီက စီမံပေးခဲ့တာ ဖြစ်ပါတယ်။





zawgyi





”ခ်ဲလ္ဆီးနဲ႔ဘိုင္ယန္ကို ရေအာင္ပို႔ေပး။ ဒီလိုမွမဟုတ္ရင္ လမ္းခြဲၿပီ” – CR7 နဲ႔ မန္ဒက္စ္တို႔ရဲ႕ ျပတ္စဲမႈ
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ EL Mundo က သူ႔ေအးဂ်င့္ေဟာင္း
ေဂ်ာ့မန္ဒက္စ္အေပၚ စီေရာ္နယ္ဒိုက ေနာက္ဆုံးရာဇသံေပးလိုက္တဲ့





စကားကို ေဖာ္ျပလိုက္ပါတယ္။ စီေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္
အယ္နာဆာကို မေျပာင္းခင္ ႏွစ္ ၂၀ ၾကာလက္တြဲခဲ့တဲ့





သူ႔မန္ေနဂ်ာျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္နဲ႔ လမ္းခြဲခဲ့တာပါ။
သူတို႔ႏွစ္ေယာက္ၾကားက လမ္းခြဲျပတ္စဲဟာ ေဂ်ာ့မန္ဒက္စ္က
စီေရာ္နယ္ဒိုအတြက္ အသင္းႀကီးရွာမေပးႏိုင္တာေၾကာင့္လို႔ ဆိုပါတယ္။





အဲဒါေၾကာင့္လည္း စီေရာ္နယ္ဒိုဟာ ဥေရာပေဘာလုံးရပ္ဝန္းမွာ
ဆက္မကစားေတာ့ဘဲ သူ႔ကို စံခ်ိန္တင္လစာေပးတဲ့





အယ္နာဆာဆီေျပာင္းသြားခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ၾကား
သေဘာထားကြဲလြဲမႈစတင္ခဲ့တကာ ကမာၻ႔ဖလားမတိုင္ခင္
မန္ဒက္စ္ကို အသိမေပးဘဲ စီေရာ္နယ္ဒိုက ပီးယာ့စ္ေမာ္ဂန္နဲ႔





အင္တာဗ်ဴးလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ မန္ယူကထြက္ခ်င္လို႔လုပ္တဲ့
စီေရာ္နယ္ဒိုရဲ႕အဲဒီအင္တာဗ်ဴးကို မန္ဒက္စ္တစ္ေယာက္





အေတာ္စိတ္ပ်က္လက္ပ်က္ျဖစ္သြားခဲ့တာပါ။
အဲဒါကပဲ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို
ၿပိဳလဲေစတယ္လို႔ သတင္းေတြက ဆိုၾကပါတယ္။





အခုလည္း စပိန္သတင္းစာက ကစားသမားဘ၀
သူ႔ရဲ႕ဖခင္တစ္ေယာက္လို အားကိုးခဲ့ရတဲ့ စီေရာ္နယ္ဒိုရာဇသံ





ေပးလိုက္တဲ့အေၾကာင္းကို ဖြင့္ဟေဖာ္ျပလိုက္တာပါ။
”ကြၽန္ေတာ့္ကို ခ်ဲလ္ဆီး ဒါမွမဟုတ္ ဘိုင္ယန္ဆီ ရေအာင္ပို႔ေပး။
ဒီလိုမွမဟုတ္ရင္ ကြၽန္ေတာ္တို႔လမ္းခြဲၿပီ”လို႔ စီေရာ္နယ္ဒိုက





မန္ဒက္စ္ကို ေျပာခဲ့တာပါတဲ့။ အေက်ာ္ေဇယ်ကစားသမား
တစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕အယ္နာဆာအေျပာင္းအေ႐ႊ႕ကို





သူ႔မိတ္ေဆြရစ္ကီရီဂူဖီက စီမံေပးခဲ့တာ ျဖစ္ပါတယ္။