ချဲလ်ဆီးနဲ့အဝေးကွင်းပွဲစဉ်အတွက် မန်ယူလူစာရင်းမှာ အစ်ဟာလိုပါလိမ့်မယ်လို့ ဆိုးလ်ရှားအတည်ပြု

photo-daily mail

photo-richardson sport

အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ရခြင်းမရှိသေးပေမယ့် တိုက်စစ်မှုးသစ်အစ်ဟာလိုဟာ လာမယ့်ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစားမယ့် ချဲလ်ဆီးနဲ့အဝေးကွင်းပွဲစဉ်အတွက် လူစာရင်းမှာ ပါဝင်လိမ့်မယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ မန်ယူအသင်းဟာ ရာသီဥတုပူနွေးတဲ့ စပိန်နိုင်ငံ မာဘယ်လာမှာ သွားရောက်စခန်းသွင်းလေ့ကျင့်နေပေမယ့် အစ်ဟာလိုကတော့ မန်ချက်စတာမှာသာ ဆက်နေခဲ့ပြီး သူ့ရဲ့ကြံ့ခိုင်မှုအတွက် လေ့ကျင့်မှုတွေလုပ်နေခဲ့ပါတယ်။

photo-man u

သူဟာ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ ပတ်ကြာရှိနေခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်အတွက် စိုးရိမ်မှုတွေရှိနေချိန်မှာ အင်္ဂလန်ထဲပြန်ဝင်ဖို့ အခက်အခဲရှိနိုင်တဲ့အတွက် စပိန်ကိုလိုက်မသွားဘဲ မန်ယူမှာသာ ကျန်ရစ်နေခဲ့ပြီး တစ်ယောက်တည်း လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ ချဲလ်ဆီးနဲ့ပွဲဟာ မန်ယူအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲလည်း ဖြစ်နေပါတယ်။ အဲဒီပွဲမှာပဲ အသက် ၃၀ အရွယ်တိုက်စစ်မှုးအစ်ဟာလိုဟာ မန်ယူအတွက် စတင်ပွဲဦးထွက်ခွင့်ရနိုင်ပါတယ်။

photo-gettyimages

”ချဲလ်ဆီးနဲ့ပွဲအတွက် ကျွန်တော်တို့နဲ့အတူ အစ်ဟာလိုလိုက်ပါမှာပါ။ ဒီအပတ်ထဲမှာပဲ သူ့ရဲ့ကြံခိုင်ရေးအခြအနေကို ကျွန်တော်တို့တွေ့ရမှာပါ။ ထက်ထက်မြက်မြက်ပုံစံနဲ့ သူ့ကိုတွေ့ရမယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ကတော့ မြန်နိုင်သမျှအမြန်ဆုံး သူနဲ့ပူးပေါင်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်ကလည်း ကျွန်တော်တု့ိအတွက် ကစားပေးဖို့ အရမ်းကိုစိတ်အားထက်သန်နေလို့ပါ”လို့ အစ်ဟာလိုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက ပြောကြားသွားခဲ့တာပါ။

[Zawgyi]

ခ်ဲလ္ဆီးနဲ႔အေ၀းကြင္းပြဲစဥ္အတြက္ မန္ယူလူစာရင္းမွာ အစ္ဟာလိုပါလိမ့္မယ္လုိ႔ ဆိုးလ္ရွားအတည္ျပဳ

အသင္းနဲ႔အတူ ပူးေပါင္းေလ့က်င့္ရျခင္းမရွိေသးေပမယ့္ တိုက္စစ္မႈးသစ္အစ္ဟာလုိဟာ လာမယ့္ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔ကစားမယ့္ ခ်ဲလ္ဆီးနဲ႔အေ၀းကြင္းပြဲစဥ္အတြက္ လူစာရင္းမွာ ပါ၀င္လိမ့္မယ္လုိ႔ မန္ယူနည္းျပဆိုးလ္ရွားက အတည္ျပဳလုိက္ပါတယ္။ မန္ယူအသင္းဟာ ရာသီဥတုပူေႏြးတဲ့ စပိန္ႏုိင္ငံ မာဘယ္လာမွာ သြားေရာက္စခန္းသြင္းေလ့က်င့္ေနေပမယ့္ အစ္ဟာလိုကေတာ့ မန္ခ်က္စတာမွာသာ ဆက္ေနခဲ့ၿပီး သူ႔ရဲ႕ႀကံ႕ခိုင္မႈအတြက္ ေလ့က်င့္မႈေတြလုပ္ေနခဲ့ပါတယ္။

သူဟာ တရုတ္ႏုိင္ငံမွာ လြန္ခဲ့တ့ဲ ၂ ပတ္ၾကာရွိေနခဲ့တာေၾကာင့္ ကိုရိုနာဗုိင္းရပ္စ္အတြက္ စိုးရိမ္မႈေတြရွိေနခ်ိန္မွာ အဂၤလန္ထဲျပန္၀င္ဖို႔ အခက္အခဲရွိႏိုင္တဲ့အတြက္ စပိန္ကိုလုိက္မသြားဘဲ မန္ယူမွာသာ က်န္ရစ္ေနခဲ့ၿပီး တစ္ေယာက္တည္း ေလ့က်င့္မႈေတြျပဳလုပ္ေနတာပါ။ ခ်ဲလ္ဆီးနဲ႔ပြဲဟာ မန္ယူအတြက္ ခ်န္ပီယံလိဂ္၀င္ခြင့္တိုက္ပြဲလည္း ျဖစ္ေနပါတယ္။ အဲဒီပြဲမွာပဲ အသက္ ၃၀ အရြယ္တိုက္စစ္မႈးအစ္ဟာလိုဟာ မန္ယူအတြက္ စတင္ပြဲဦးထြက္ခြင့္ရႏိုင္ပါတယ္။

”ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ ကၽြန္ေတာ္တို႔နဲ႔အတူ အစ္ဟာလုိလုိက္ပါမွာပါ။ ဒီအပတ္ထဲမွာပဲ သူ႔ရဲ႕ႀကံခိုင္ေရးအျခအေနကို ကၽြန္ေတာ္တို႔ေတြ႕ရမွာပါ။ ထက္ထက္ျမက္ျမက္ပုံစံနဲ႔ သူ႔ကိုေတြ႕ရမယ္လုိ႔လည္း ထင္ပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ ျမန္ႏိုင္သမွ်အျမန္ဆုံး သူနဲ႔ပူးေပါင္းခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူကိုယ္တိုင္ကလည္း ကၽြန္ေတာ္တု႔ိအတြက္ ကစားေပးဖို႔ အရမ္းကိုစိတ္အားထက္သန္ေနလို႔ပါ”လို႔ အစ္ဟာလိုနဲ႔ပတ္သက္ၿပီး ဆုိးလ္ရွားက ေျပာၾကားသြားခဲ့တာပါ။