
photo-gettyimages
photo-gettyimages
ချန်ပီယံလိဂ်အုပ်စုတွင်းပြိုင်ဘက်ချဲလ်ဆီးနဲ့ယှဉ်လိုက်ရင် မန်ယူရဲ့ရုန်းကန်နေရမှုကိုကြည့်ရတာ စိတ်မချမ်းသာကြောင်း အေဂျက်နောက်ခံလူဒါလေဘလိုင်းက ဝန်ခံပြောကြားလိုက်ပါတယ်။ ဘလိုင်းဟာ အရင်နည်းပြဟောင်းဗန်ဂေါလ်ရဲ့ခေါ်ယူမှုနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ၄ နှစ်ကြာကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဗန်ဂေါလ်နေရာ အစားဝင်တဲ့မော်ရင်ဟိုလက်ထက်မှာလည်း သူနေရာရခဲ့ပါတယ်။
photo-gettyimages
မန်ယူကစားသမားဘဝမှာ ဘလိုင်းဟာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်အောင်မြင်မှုတွေရခဲ့တာပါ။ သူထွက်ခွာသွားပြီးတဲ့နောက် မန်ယူဟာ ပရီးမီးယားလိဂ်မှာ အခြေအနေပိုဆိုးသွားပြီး ဒီရာသီအမှတ်ပေးဇယားမှာ လက်ရှိ အဆင့် ၄ နေရာရောက်နေကာ တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၂ မှတ်သာကွာနေတာပါ။ ဒီအချိန်မှာ ဘလိုင်းတို့ရဲ့ချန်ပီယံလိဂ်အုပ်စုတွင်းပြိုင်ဘက်ချဲလ်ဆီးကတော့ နည်းပြလမ်းပတ်ရဲ့နည်းစနစ်ပိုင်းနဲ့ ပိုမိုအသားကျလာခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာရပ်တည်နေတာပါ။
photo-gettyimages
”မန်ယူနဲ့ လောလောဆယ် သူတို့ရဲ့စွမ်းဆောင်ပုံကိုကြည့်ပြီး စိတ်မချမ်းသာရတာ အမှန်ပါပဲ။ ကျွန်တော်ဟာ မန်ယူပရိသတ်တစ်ယောက်ဖြစ်နေဆဲပါ။ အဲဒါကြောင့် စိတ်မချမ်းသာတာပါ။ ချဲလ်ဆီးကိုကြည့်လိုက်တော့ ကောင်းကောင်းခြေစွမ်းပြနေပါတယ်။ ခံစစ်ကနေ တိုက်စစ်စတင်ချင်တဲ့နည်းပြတစ်ယောက်ရဲ့လက်အောက် ကျနတဲ့ဘောလုံးအတွေးအခေါ်တစ်ခု သူတို့မှာ ရှိနေတာပါ။ ချဲလ်ဆီးဟာ လူငယ်တွေအများကြီးနဲ့အတူ ကွဲပြားခြားနားတဲ့တိုက်စစ်ကစားပုံနဲ့မို့ ကြည့်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ မန်ယူအကြောင်းပြောရင်တော့ ကျွန်တော်မပျော်တော့ပါဘူး”လို့ ဘလိုင်းက ပြောကြားခဲ့တာပါ။
[Zawgyi]
ခ်ဲလ္ဆီးနဲ႔ယွဥ္လုိက္ရင္ မန္ယူကိုၾကည့္ရတာ စိတ္မခ်မ္းသာေၾကာင္း ဆုိလုိက္တဲ့ သူရဲနီေဟာင္းဘလိုင္း
ခ်န္ပီယံလိဂ္အုပ္စုတြင္းၿပိဳင္ဘက္ခ်ဲလ္ဆီးနဲ႔ယွဥ္လိုက္ရင္ မန္ယူရဲ႕ရုန္းကန္ေနရမႈကိုၾကည့္ရတာ စိတ္မခ်မ္းသာေၾကာင္း ေအဂ်က္ေနာက္ခံလူဒါေလဘလိုင္းက ၀န္ခံေျပာၾကားလုိက္ပါတယ္။ ဘလိုင္းဟာ အရင္နည္းျပေဟာင္းဗန္ေဂါလ္ရဲ႕ေခၚယူမႈနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ၄ ႏွစ္ၾကာကစားခဲ့ဖူးသူျဖစ္ပါတယ္။ ဗန္ေဂါလ္ေနရာ အစား၀င္တဲ့ေမာ္ရင္ဟိုလက္ထက္မွာလည္း သူေနရာရခဲ့ပါတယ္။
မန္ယူကစားသမားဘ၀မွာ ဘလိုင္းဟာ အက္ဖ္ေအဖလားနဲ႔ ယူရိုပါလိဂ္ေအာင္ျမင္မႈေတြရခဲ့တာပါ။ သူထြက္ခြာသြားၿပီးတဲ့ေနာက္ မန္ယူဟာ ပရီးမီးယားလိဂ္မွာ အေျခအေနပိုဆိုးသြားၿပီး ဒီရာသီအမွတ္ေပးဇယားမွာ လက္ရွိ အဆင့္ ၄ ေနရာေရာက္ေနကာ တန္းဆင္းဇုန္ထဲက အသင္းနဲ႔ ၂ မွတ္သာကြာေနတာပါ။ ဒီအခ်ိန္မွာ ဘလိုင္းတို႔ရဲ႕ခ်န္ပီယံလိဂ္အုပ္စုတြငး္ၿပိဳင္ဘက္ခ်ဲလ္ဆီးကေတာ့ နည္းျပလမ္းပတ္ရဲ႕နည္းစနစ္ပိုင္းနဲ႔ ပိုမိုအသားက်လာခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၄ ေနရာရပ္တည္ေနတာပါ။
”မန္ယူနဲ႔ ေလာေလာဆယ္ သူတို႔ရဲ႕စြမ္းေဆာင္ပုံကိုၾကည့္ၿပီး စိတ္မခ်မ္းသာရတာ အမွန္ပါပဲ။ ကၽြန္ေတာ္ဟာ မန္ယူပရိသတ္တစ္ေယာက္ျဖစ္ေနဆဲပါ။ အဲဒါေၾကာင့္ စိတ္မခ်မ္းသာတာပါ။ ခ်ဲလ္ဆီးကိုၾကည့္လုိက္ေတာ့ ေကာင္းေကာင္းေျခစြမ္းျပေနပါတယ္။ ခံစစ္ကေန တုိက္စစ္စတင္ခ်င္တဲ့နည္းျပတစ္ေယာက္ရဲ႕လက္ေအာက္ က်နတဲ့ေဘာလုံးအေတြးအေခၚတစ္ခု သူတို႔မွာ ရွိေနတာပါ။ ခ်ဲလ္ဆီးဟာ လူငယ္ေတြအမ်ားႀကီးနဲ႔အတူ ကြဲျပားျခားနားတဲ့တိုက္စစ္ကစားပုံနဲ႔မုိ႔ ၾကည့္ရတာ အဆင္ေျပပါတယ္။ ဒါေပမဲ့ မန္ယူအေၾကာင္းေျပာရင္ေတာ့ ကၽြန္ေတာ္မေပ်ာ္ေတာ့ပါဘူး”လို႔ ဘလိုင္းက ေျပာၾကားခဲ့တာပါ။