
photo-daily mail
photo-gettyimages
မန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာ ချဲလ်ဆီးနဲ့ပွဲမှာ သူဂိုးသွင်းလိမ့်မယ်ဆိုတာကို အဲဒီပွဲမတိုင်ခင်ကတည်းက ညီဖြစ်သူလော့ရင့်မက်ဂွိုင်းယားဆီ မက်ဆေ့ချ်ပို့ထားခဲ့ပြီး အဲဒီအကြောင်းကို ညီဖြစ်သူက ဆိုရှယ်မီဒီယာထက်မှာ ဖွင့်ဟလိုက်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ အပြန်အလှန်မက်ဆေ့ချ်ပို့ခဲ့ကြတာပါ။
photo-gettyimages
အဲဒီမှာ လောရင့်က”ဒီနေ့ညပွဲမှာ တည်ကန်ဘောတိုင်းက မင်းအတွက် အခွင့်အရေးပဲနော်”လို့ ပြောခဲ့ပါတယ်။ အဲဒါကို မန်ယူနောက်ခံလူဖြစ်တဲ့ဟယ်ရီက”ဒါပေါ့ကွာ။ ဒီနေ့ညမှာ ငါဂိုးသွင်းလိမ့်မယ်။ စောင့်ကြည့်နေလိုက်။ ထောင့်ကန်ဘောကနေပေ့ါကွာ”လို့ ပြန်ပြောခဲ့ပါတယ်။ သူပြောခဲ့သလိုပဲ မက်ဂွိုင်းယားဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကပွဲမှာ မန်ယူအတွက် ဒုတိယဂိုးကို ဖာနန်ဒက်စ်တင်ပေးတဲ့ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းပေးခဲ့ပါတယ်။ အဲဒါဟာ မန်ယူအတွက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်လာခဲ့တာပါ။
photo-the times
၂၆ နှစ်အရွယ် ဟယ်ရီမက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်က အသင်းကြီးတစ်သင်းမှာ ကစားနေပေမယ့် သူ့ညီဖြစ်သူ ၂၃ နှစ်အရွယ်လောရင့်မက်ဂွိုင်းယားကတော့ အင်္ဂလန်ပဉ္စမတန်းဖြစ်တဲ့ နေးရှင်းလိဂ်က အသင်းတစ်သင်းဖြစ်တဲ့ ချက်စတာဖီးလ်မှာ ကစားနေရတာ ဖြစ်ပါတယ်။ မန်ယူက မက်ဂွိုင်းယားမှာ လောရင့်အပြင် နောက်ထပ်ညီအစ်ကိုတစ်ယောက်ရှိပြီး သူ့နာမည်က ဂျိုးမက်ဂွိုင်းယားဖြစ်ကာ သူလည်း ဘောလုံးသမားဖြစ်ပါတယ်။ ဒါပေမဲ့ ဂျိုးမက်ဂွိုင်းယားဟာ မထင်မရှားအသင်းငယ်တစ်သင်းမှာသာ ကစားနေတာပါ။
[Zawgyi]
ခ်ဲလ္ဆီးနဲ႔ပြဲမွာ သူဂိုးသြင္းလိမ့္မယ္ဆုိတဲ့ အစ္ကိုျဖစ္သူရဲ႕မက္ေဆ့ခ်္ကို ဖြင့္ဟလုိက္တဲ့ ေလာရင့္မက္ဂြိဳင္းယား
မန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ သူဂိုးသြင္းလိမ့္မယ္ဆုိတာကို အဲဒီပြဲမတိုင္ခင္ကတည္းက ညီျဖစ္သူေလာ့ရင့္မက္ဂြိဳင္းယားဆီ မက္ေဆ့ခ်္ပို႔ထားခဲ့ၿပီး အဲဒီအေၾကာင္းကို ညီျဖစ္သူက ဆိုရွယ္မီဒီယာထက္မွာ ဖြင့္ဟလုိက္ပါတယ္။ သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ အျပန္အလွန္မက္ေဆ့ခ်္ပို႔ခဲ့ၾကတာပါ။
အဲဒီမွာ ေလာရင့္က”ဒီေန႔ညပြဲမွာ တည္ကန္ေဘာတိုင္းက မင္းအတြက္ အခြင့္အေရးပဲေနာ္”လို႔ ေျပာခဲ့ပါတယ္။ အဲဒါကို မန္ယူေနာက္ခံလူျဖစ္တဲ့ဟယ္ရီက”ဒါေပါ့ကြာ။ ဒီေန႔ညမွာ ငါဂိုးသြင္းလိမ့္မယ္။ ေစာင့္ၾကည့္ေနလုိက္။ ေထာင့္ကန္ေဘာကေနေပ့ါကြာ”လို႔ ျပန္ေျပာခဲ့ပါတယ္။ သူေျပာခဲ့သလိုပဲ မက္ဂြိဳင္းယားဟာ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကပြဲမွာ မန္ယူအတြက္ ဒုတိယဂိုးကို ဖာနန္ဒက္စ္တင္ေပးတဲ့ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းေပးခဲ့ပါတယ္။ အဲဒါဟာ မန္ယူအတြက္ သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးလည္း ျဖစ္လာခဲ့တာပါ။
၂၆ ႏွစ္အရြယ္ ဟယ္ရီမက္ဂြိဳင္းယားဟာ ပရီးမီးယားလိဂ္က အသင္းႀကီးတစ္သင္းမွာ ကစားေနေပမယ့္ သူ႔ညီျဖစ္သူ ၂၃ ႏွစ္အရြယ္ေလာရင့္မက္ဂြိဳင္းယားကေတာ့ အဂၤလန္ပဥၥမတန္းျဖစ္တဲ့ ေနးရွင္းလိဂ္က အသင္းတစ္သင္းျဖစ္တ့ဲ ခ်က္စတာဖီးလ္မွာ ကစားေနရတာ ျဖစ္ပါတယ္။ မန္ယူက မက္ဂြိဳင္းယားမွာ ေလာရင့္အျပင္ ေနာက္ထပ္ညီအစ္ကိုတစ္ေယာက္ရွိၿပီး သူ႔နာမည္က ဂ်ိဳးမက္ဂြိဳင္းယားျဖစ္ကာ သူလည္း ေဘာလုံးသမားျဖစ္ပါတယ္။ ဒါေပမဲ့ ဂ်ိဳးမက္ဂြိဳင္းယားဟာ မထင္မရွားအသင္းငယ္တစ္သင္းမွာသာ ကစားေနတာပါ။