ချဲလ်ဆီးနဲ့ပွဲမှာ ဒီရာသီရဲ့အဆိုးဆုံးဒိုက်ဗင်ထိုးမှုကိုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားဆီးမီဖိုင်နယ်ပွဲစဉ်ရဲ့ပထမပိုင်းက ကသိကအောက်ဖြစ်စရာဒိုက်ဗင်ထိုးမှုတစ်ခုအတွက် မန်ယူကွင်းလယ်လူဖာနန်ဒက်စ်ဟာ အဝါကတ်ပြခံရသင့်တယ်လို့ ပရိသတ်အတော်များများက ယုံကြည်နေကြပါတယ်။ အဲဒီပေါ်တူဂီကွင်းလယ်လူဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ရောက်မှ မန်ယူကစားသမားဘ၀ ပထမဆုံးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။

photo-credit

ဖာနန်ဒက်စ်ဟာ ပွဲချိန်နှောင်းပိုင်းမှာ ပင်နယ်တီကနေ နှစ်သိမ့်ချေပဂိုးတစ်ဂိုးသွင်းပေးနိုင်ခဲ့တာကြောင့် ဒီရာသီမန်ယူမှာ သူ့အတွက် ၉ ဂိုးမြောက်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး အဲဒီပွဲမှာ အဓိကပြောစရာဖြစ်ခဲ့တာက ပထမပိုင်း ဒိုက်ဗင်ထိုးမှုပဲ ဖြစ်ပါတယ်။

photo-credit

ပွဲချိန် ၃၅ မိနစ်အရောက်မှာ ချဲလ်ဆီးကွင်းလယ်လူကိုဗာဆစ်ကိုကျော်ဖြတ်ခဲ့ပြီးနောက် ဖာနန်ဒက်စ်ဟာ ဘောလုံးကို မထိန်းချုပ်နိုင်တော့တဲ့ပုံပေါက်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်လေးမှာ ကိုဗာဆစ်က ဖာနန်ဒက်စ်ကို လျှောထိုးတားဆီးမှုလုပ်ခဲ့ပေမယ့် ရုပ်သံအနှေးပြကွက်အရ သူတို့ကြား ထိစပ်မှုမရှိခဲ့ဘူးဆိုတာ ရှင်းပါတယ်။

photo-credit

ဒါပေမဲ့လည်း ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ဘောလုံးမထိန်းနိုင်တော့အချိန်မှာ အရမ်းကိုနာကျင်သွားတဲ့ပုံစံမျိုး လူလှိမ့်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း ဖာနန်ဒက်စ်ဟာ အဲဒီဒိုက်ဗင်အတွက် အဝါကတ်ပြခံရသင့်တယ်လို့ ပရိသတ်တွေက ဆိုရှယ်မီဒီယာထက်မှာ ပြောလာကြပါတယ်။

https://twitter.com/i/status/1284913366801276928

ဖာနန်ဒက်စ်အနေနဲ့ ဘာမှမကြာသေးတဲ့မန်ယူကစားသမားဘဝမှာ ဒိုက်ဗင်နဲ့ပတ်သက်လို့ စွပ်စွဲခံရတာ ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့လ စပါးနဲ့ပွဲတုန်းကလည်း သူ ဒိုင်ဗင်ထိုးခဲ့သေးပြီး အဲဒါဟာ ပြသနာတစ်ရပ်ဖြစ်လာနိုင်တာကို စိုးရိမ်မိတဲ့အကြောင်း လီဗာပူးကွင်းလယ်လူဟောင်းဒန်နီမာဖီက Daily Mail သတင်းဌာက သူ့ရဲ့ကောလံစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဒီရာသီရဲ႕အဆိုးဆုံးဒိုက္ဗင္ထိုးမႈကိုလုပ္ခဲ့တယ္လုိ႔ စြပ္စြဲခံေနရတဲ့ ဖာနန္ဒက္စ္

ခ်ဲလ္ဆီးကိုရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလားဆီးမီဖိုင္နယ္ပြဲစဥ္ရဲ႕ပထမပိုင္းက ကသိကေအာက္ျဖစ္စရာဒိုက္ဗင္ထိုးမႈတစ္ခုအတြက္ မန္ယူကြင္းလယ္လူဖာနန္ဒက္စ္ဟာ အ၀ါကတ္ျပခံရသင့္တယ္လုိ႔ ပရိသတ္္အေတာ္မ်ားမ်ားက ယုံၾကည္ေနၾကပါတယ္။ အဲဒီေပၚတူဂီကြင္းလယ္လူဟာ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ေရာက္မွ မန္ယူကစားသမားဘ၀ ပထမဆုံးရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။

ဖာနန္ဒက္စ္ဟာ ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ပင္နယ္တီကေန ႏွစ္သိမ့္ေခ်ပဂိုးတစ္ဂိုးသြင္းေပးႏိုင္ခဲ့တာေၾကာင့္ ဒီရာသီမန္ယူမွာ သူ႔အတြက္ ၉ ဂိုးေျမာက္လည္း ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ သူနဲ႔ပတ္သက္ၿပီး အဲဒီပြဲမွာ အဓိကေျပာစရာျဖစ္ခဲ့တာက ပထမပိုင္း ဒိုက္ဗင္ထုိးမႈပဲ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္အေရာက္မွာ ခ်ဲလ္ဆီးကြင္းလယ္လူကိုဗာဆစ္ကိုေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ဖာနန္ဒက္္စ္ဟာ ေဘာလုံးကို မထိန္းခ်ဳပ္ႏိုင္ေတာ့တဲ့ပုံေပါက္ခဲ့ပါတယ္။ အဲဒီမတိုင္ခင္ေလးမွာ ကိုဗာဆစ္က ဖာနန္ဒက္စ္ကို ေလွ်ာထိုးတားဆီးမႈလုပ္ခဲ့ေပမယ့္ ရုပ္သံအေႏွးျပကြက္အရ သူတို႔ၾကား ထိစပ္မႈမရွိခဲ့ဘူးဆိုတာ ရွင္းပါတယ္။

ဒါေပမဲ့လည္း ၂၅ ႏွစ္အရြယ္ ဖာနန္ဒက္စ္ဟာ ေဘာလံုးမထိန္းႏုိင္ေတာ့အခ်ိန္မွာ အရမ္းကိုနာက်င္သြားတဲ့ပုံစံမ်ိဳး လူလိွမ့္ျပခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဖာနန္ဒက္စ္ဟာ အဲဒီဒိုက္ဗင္အတြက္ အ၀ါကတ္ျပခံရသင့္တယ္လုိ႔ ပရိသတ္ေတြက ဆုိရွယ္မီဒီယာထက္မွာ ေျပာလာၾကပါတယ္။

ဖာနန္ဒက္စ္အေနနဲ႔ ဘာမွမၾကာေသးတဲ့မန္ယူကစားသမားဘ၀မွာ ဒိုက္ဗင္နဲ႔ပတ္သက္လုိ႔ စြပ္စြဲခံရတာ ဒါ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ပါဘူး။ ၿပီးခဲ့တဲ့လ စပါးနဲ႔ပြဲတုန္းကလည္း သူ ဒိုင္ဗင္ထုိးခဲ့ေသးၿပီး အဲဒါဟာ ျပသနာတစ္ရပ္ျဖစ္လာႏိုင္တာကို စိုးရိမ္မိတဲ့အေၾကာင္း လီဗာပူးကြင္းလယ္လူေဟာင္းဒန္နီမာဖီက Daily Mail သတင္းဌာက သူ႔ရဲ႕ေကာလံစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။