
photo-the sun
photo-gettyimages
အာဆင်နယ်ဟာ ဒီရာသီချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ရခြင်း မရှိပါဘူး။ ဒါပေမဲ့ အသင်းကစားသမားဟောင်းဂနာဘရီကနေတစ်ဆင့် သူတို့ဟာ အခုရာသီချန်ပီယံလိဂ်ရဲ့အငွေ့အသက်တွေကို ခံစားရရှိနေပါတယ်။ ဂနာဘရီဟာ အာဆင်နယ်အကယ်ဒမီထွက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမာဘဝအစောပိုင်းကာလတွေကို အာဆင်နယ်မှာ ကုန်ဆုံးဖြတ်သန်းခဲ့တာဖြစ်ပြီး အခုတော့ ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်ရဲ့ကြယ်တစ်ပွင့်ဖြစ်နေပါတယ်။
photo-gettyimages
သူဟာ ပြီးခဲ့တဲ့အောက်တိုဘာ ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက အာဆင်နယ်ရဲ့မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးကို ၇-၂ ဂိုးနဲ့အနိုင်ရခဲ့တော့ ၄ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီပွဲအပြီးမှာ မြောက်လန်ဒန်ဟာ အနီရောင်ပါဆိုကာ Twitter ပေါ်မှာ ပို့စ်တင်ပြီး အောင်ပွဲခံခဲ့ပါတယ်။ သူ့ရဲ့အဲဒီပို့စ်ဟာ share ပေါင်း ၈၆၀၀၀ ကျော်ရှိခဲ့ပြီး like ပေါင်း ၃ သိန်းကျော်ရရှိခဲ့ပါတယ်။ အခုလည်း နောက်ထပ်လန်ဒန်အသင်းကြီးတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးကို ၃-၀ နဲ့နိုင်ရာမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် လန်ဒန်ဟာ အနီရောင်ဖြစ်နေဆဲပဲလို့ Twitter ပေါ်မှာ ပို့စ်တင်လိုက်ပြန်ပါတယ်။
photo-reuters
ပြောစရာမလိုလောက်အောင် ဂနာဘရီရဲ့အဲဒီပို့စ်ကို Twitter ပေါ်က အာဆင်နယ်ပရိသတ်တွေကတော့ အကျေနပ်ကြီးကျေနပ်နေကြမှာပါ။ ချဲလ်ဆီးနဲ့ပွဲပြီးတော့လည်း ဂနာဘရီက လန်ဒန်မှာ သူ့မိတ်ဆွေတွေအများကြီးရှိပြီး အဲဒီပွဲမှာ တော်တော်များများ ကွင်းထဲလာရောက်အားပေးခဲ့ကြလို့ သူ့ကို အားအင်တွေပေးသလိုပဲလို့ ပြောသွားခဲ့ပါတယ်။
[Zawgyi]
ခ်ဲလ္ဆီးႏိုင္ပြဲအၿပီး လန္ဒန္ဟာ အနီေရာင္ပါဆိုၿပီး အာဆင္နယ္ပရိသတ္ေတြကို ၀မ္းေျမာက္ေစတဲ့ဂနာဘရီ
အာဆင္နယ္ဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ ယွဥ္ၿပိဳင္ရျခင္း မရွိပါဘူး။ ဒါေပမဲ့ အသင္းကစားသမားေဟာင္းဂနာဘရီကေနတစ္ဆင့္ သူတို႔ဟာ အခုရာသီခ်န္ပီယံလိဂ္ရဲ႕အေငြ႕အသက္ေတြကို ခံစားရရွိေနပါတယ္။ ဂနာဘရီဟာ အာဆင္နယ္အကယ္ဒမီထြက္မဟုတ္ေပမယ့္လည္း သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမာဘ၀အေစာပိုင္းကာလေတြကို အာဆင္နယ္မွာ ကုန္ဆုံးျဖတ္သန္းခဲ့တာျဖစ္ၿပီး အခုေတာ့ ဘြန္ဒက္စ္္လီဂါခ်န္ပီယံဘိုင္ယန္ျမဴးနစ္ရဲ႕ၾကယ္တစ္ပြင့္ျဖစ္ေနပါတယ္။
သူဟာ ၿပီးခဲ့တဲ့ေအာက္တုိဘာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္တုန္းက အာဆင္နယ္ရဲ႕ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ စပါးကို ၇-၂ ဂိုးနဲ႔အႏိုင္ရခဲ့ေတာ့ ၄ ဂိုးသြင္းႏိုင္ခဲ့ၿပီး အဲဒီပြဲအၿပီးမွာ ေျမာက္လန္ဒန္ဟာ အနီေရာင္ပါဆိုကာ Twitter ေပၚမွာ ပို႔စ္တင္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ သူ႔ရဲ႕အဲဒီိပို႔စ္ဟာ share ေပါင္း ၈၆၀၀၀ ေက်ာ္ရွိခဲ့ၿပီး like ေပါင္း ၃ သိန္းေက်ာ္ရရွိခဲ့ပါတယ္။ အခုလည္း ေနာက္ထပ္လန္ဒန္အသင္းႀကီးတစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးကို ၃-၀ နဲ႔ႏိုင္ရာမွာ ၂ ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ လန္ဒန္ဟာ အနီေရာင္ျဖစ္ေနဆဲပဲလို႔ Twitter ေပၚမွာ ပုိ႔စ္တင္လိုက္ျပန္ပါတယ္။
ေျပာစရာမလိုေလာက္ေအာင္ ဂနာဘရီရဲ႕အဲဒီပုိ႔စ္ကို Twitter ေပၚက အာဆင္နယ္ပရိသတ္ေတြကေတာ့ အေက်နပ္ႀကီးေက်နပ္ေနၾကမွာပါ။ ခ်ဲလ္ဆီးနဲ႔ပြဲၿပီးေတာ့လည္း ဂနာဘရီက လန္ဒန္မွာ သူ႔မိတ္ေဆြေတြအမ်ားႀကီးရွိၿပီး အဲဒီပြဲမွာ ေတာ္ေတာ္မ်ားမ်ား ကြင္းထဲလာေရာက္အားေပးခဲ့ၾကလို႔ သူ႔ကို အားအင္ေတြေပးသလိုပဲလုိ႔ ေျပာသြားခဲ့ပါတယ္။