ချဲလ်ဆီးက စီးရီးအေကိုရော ဂျူဗင်တပ်ကိုပါ Lesson ပေးလိုက်တာလို့ ကာပယ်လိုပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီဂန္ထဝင်နည်းပြကြီး ဖာဘီယိုကာပယ်လိုက ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်ကို ၄ ဂိုးပြတ်နဲ့နိုင်ပြီး စီးရီးအေကို သင်ခန်းစာပေးလိုက်တယ်လို့ ဝေဖန်လိုက်ပါတယ်။

နည်းပြတူချယ်ရဲ့ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချာလိုဘာ၊ ရီချီဂျိမ်းစ်၊ အိုဒွိုင်း၊ တီမိုဝါနာ တို့ရဲ့ဂိုးတွေနဲ့ ဂျူဗင်တပ်ကို ဂိုးပြတ်နိုင်ခဲ့တာပါ။

အခုအနိုင်ကြောင့်ချဲလ်ဆီးဟာ ၁၆ သင်းအဆင့်ကိုတက်ရောက်သွားတဲ့အပြင် အုပ်စု H မှာဗိုလ်စွဲဖို့လည်း သေချာသလောက်ရှိနေပါတယ်။

ဒါကြောင့်လည်း ကာပယ်လိုက စီးရီးအေအနေနဲ့ တူချယ်ရဲ့ချဲလ်ဆီးအသင်း ကစားပုံကိုလေ့လာသင့်တယ်လို့အကြံပြုခဲ့တဲ့အပြင်

စီးရီးအေအသင်းတွေရဲ့အထနှေးမှုကြောင့် ဥရောပမှာအခြေအနေထင်သလောက် မကောင်းခဲ့တာလို့ ဆိုခဲ့ပါတယ်။

ကာပယ်လိုဟာ ဂျူဗင်တပ်၊ အင်တာမီလန်၊ အေစီမီလန်၊ ရီးရဲလ်မက်ဒရစ် အစရှိတဲ့ကလပ်တွေကို ကိုင်တွယ်ခဲ့တဲ့ ဝါရင့်နည်းပြတစ်ဦးဖြစ်ပါတယ်။

ကာပယ်လိုက” ချဲလ်ဆီးအသင်းကပေးလိုက်တဲ့ တကယ့်သင်ခန်းစာတစ်ရပ်ပေါ့ဗျာ။

လီဗာပူးကိုဥပမာအနေနဲ့ကြည့်ကြစို့ဗျာ။ သူတို့ဟာတိုက်စစ်ကိုပြင်းထန်စွာပြုလုပ်ပြီး အတက်အဆင်းလည်းကောင်းကောင်းကစားနိုင်ပါတယ်။

ဒီကနေ့ညမှာဆိုရင် ချဲလ်ဆီးဟာ ဘောလုံးကိုဘယ်တော့မှနောက်ပြန်မပေးခဲ့တဲ့အပြင် ခံစစ်ကနေတိုက်စစ်စတင်တယ်ဆိုတာလည်းမရှိပါဘူး။

သူတို့ဟာအမြဲတမ်းဖန်တီးနေတဲ့အပြင် ရှေ့ကိုဘဲတက်ပြီး ဂိုးသမားကိုလည်းဘောလုံးပြန်ပေးခဲ့တာမရှိပါဘူး။

ဒီလိုဟန်ချက်ကျမှုမျိုးကို အီတလီကလပ်တွေ လုပ်လေ့လုပ်ထမရှိပါဘူး။

ကျွန်တော်တို့လိဂ်(စီးရီးအေ)နဲ့စာရင် အမြန်နှုန်းရော အရည်အသွေးပိုင်းမှာပါ ကွာခြားနေပါပြီ။

နောက်ပြီးဖိအားတစ်ခုလည်းရှိသေးတယ်ဗျ။

ဒါကတော့ ဖျက်ထုတ်မှုတွေပေါ့ဗျာ။

စီးရီးအေမှာကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောပေးတဲ့ ဖျက်မှုမျိုးတွေကို ဥရောပမှာမပေးကြပါဘူး။

ဒီမှာကတော့ ဂိုးသမားကိုဘောလုံးအရမ်းပြန်ပေးကြတာ။

လီဗာပူးနဲ့ ချဲလ်ဆီး တို့ကိုဂျာမန်နည်းပြတွေကကိုင်တွယ်နေတာဖြစ်ပြီး သူတို့ဆီကနေသင်ယူကာအဆင့်မြှင့်တင်ရပါမယ်”လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ဲလ္ဆီးက စီးရီးေအကိုေရာ ဂ်ဴဗင္တပ္ကိုပါ Lesson ေပးလိုက္တာလို႔ ကာပယ္လိုေျပာ

အီတလီဂႏၴဝင္နည္းျပႀကီး ဖာဘီယိုကာပယ္လိုက ခ်ဲလ္ဆီးအသင္းဟာ ဂ်ဴဗင္တပ္ကို ၄ ဂိုးျပတ္နဲ႔ႏိုင္ၿပီး စီးရီးေအကို သင္ခန္းစာေပးလိုက္တယ္လို႔ ေဝဖန္လိုက္ပါတယ္။ နည္းျပတူခ်ယ္ရဲ႕ခ်ဲလ္ဆီးအသင္းဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ာလိုဘာ၊ ရီခ်ီဂ်ိမ္းစ္၊ အိုဒြိဳင္း၊ တီမိုဝါနာ တို႔ရဲ႕ဂိုးေတြနဲ႔ ဂ်ဴဗင္တပ္ကို ဂိုးျပတ္ႏိုင္ခဲ့တာပါ။ အခုအႏိုင္ေၾကာင့္ခ်ဲလ္ဆီးဟာ ၁၆ သင္းအဆင့္ကိုတက္ေရာက္သြားတဲ့အျပင္ အုပ္စု H မွာဗိုလ္စြဲဖို႔လည္း ေသခ်ာသေလာက္ရွိေနပါတယ္။

ဒါေၾကာင့္လည္း ကာပယ္လိုက စီးရီးေအအေနနဲ႔ တူခ်ယ္ရဲ႕ခ်ဲလ္ဆီးအသင္း ကစားပုံကိုေလ့လာသင့္တယ္လို႔အႀကံျပဳခဲ့တဲ့အျပင္ စီးရီးေအအသင္းေတြရဲ႕အထေႏွးမႈေၾကာင့္ ဥေရာပမွာအေျခအေနထင္သေလာက္ မေကာင္းခဲ့တာလို႔ ဆိုခဲ့ပါတယ္။ ကာပယ္လိုဟာ ဂ်ဴဗင္တပ္၊ အင္တာမီလန္၊ ေအစီမီလန္၊ ရီးရဲလ္မက္ဒရစ္ အစရွိတဲ့ကလပ္ေတြကို ကိုင္တြယ္ခဲ့တဲ့ ဝါရင့္နည္းျပတစ္ဦးျဖစ္ပါတယ္။

ကာပယ္လိုက” ခ်ဲလ္ဆီးအသင္းကေပးလိုက္တဲ့ တကယ့္သင္ခန္းစာတစ္ရပ္ေပါ့ဗ်ာ။ လီဗာပူးကိုဥပမာအေနနဲ႔ၾကည့္ၾကစို႔ဗ်ာ။ သူတို႔ဟာတိုက္စစ္ကိုျပင္းထန္စြာျပဳလုပ္ၿပီး အတက္အဆင္းလည္းေကာင္းေကာင္းကစားႏိုင္ပါတယ္။ ဒီကေန႔ညမွာဆိုရင္ ခ်ဲလ္ဆီးဟာ ေဘာလုံးကိုဘယ္ေတာ့မွေနာက္ျပန္မေပးခဲ့တဲ့အျပင္ ခံစစ္ကေနတိုက္စစ္စတင္တယ္ဆိုတာလည္းမရွိပါဘူး။ သူတို႔ဟာအၿမဲတမ္းဖန္တီးေနတဲ့အျပင္ ေရွ႕ကိုဘဲတက္ၿပီး ဂိုးသမားကိုလည္းေဘာလုံးျပန္ေပးခဲ့တာမရွိပါဘူး။

ဒီလိုဟန္ခ်က္က်မႈမ်ိဳးကို အီတလီကလပ္ေတြ လုပ္ေလ့လုပ္ထမရွိပါဘူး။ ကြၽန္ေတာ္တို႔လိဂ္(စီးရီးေအ)နဲ႔စာရင္ အျမန္ႏႈန္းေရာ အရည္အေသြးပိုင္းမွာပါ ကြာျခားေနပါၿပီ။ ေနာက္ၿပီးဖိအားတစ္ခုလည္းရွိေသးတယ္ဗ်။ ဒါကေတာ့ ဖ်က္ထုတ္မႈေတြေပါ့ဗ်ာ။ စီးရီးေအမွာကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေဘာေပးတဲ့ ဖ်က္မႈမ်ိဳးေတြကို ဥေရာပမွာမေပးၾကပါဘူး။ ဒီမွာကေတာ့ ဂိုးသမားကိုေဘာလုံးအရမ္းျပန္ေပးၾကတာ။ လီဗာပူးနဲ႔ ခ်ဲလ္ဆီး တို႔ကိုဂ်ာမန္နည္းျပေတြကကိုင္တြယ္ေနတာျဖစ္ၿပီး သူတို႔ဆီကေနသင္ယူကာအဆင့္ျမႇင့္တင္ရပါမယ္”လို႔ေျပာသြားပါတယ္။