
photo-gettyimages
photo-chelsea
ချဲလ်ဆီးကြယ်ပွင့်အိုဒွိင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ကလပ်ရဲ့ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ အအေးမိတဲ့ပုံစံလက္ခဏာတွေကြောင့် ၁၉ နှစ်အရွယ် အဲဒီအင်္ဂလန်သားကို စမ်းသပ်စစ်ဆေးခဲ့အပြီးမှာ အခုလို့တွေ့ခဲ့ရတာဖြစ်ပြီး ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းကနေ ချက်ချင်းပဲ အိမ်ပြန်ပို့လိုက်ပါတယ်။ အဲဒီကတည်းက သူဟာ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်မလာတော့ပါဘူး။
photo-gettyimages
အခုဆိုရင် သူနဲ့နီးနီးစစ်စပ်ရှိသူအားလုံးကို တစ်ယောက်ချင်းသီးသန်း ၁၄ ရက်စောင့်ကြည့်မှုပြုလုပ်တော့မယ်လို့ ချဲလ်ဆီးအသင်းက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့လေ့ကျင့်နေရာနဲ့ လေ့ကျင့်ပစ္စည်းတွေကိုလည်း ပိတ်တော့မှာ ဖြစ်ပါတယ်။ အာဆင်နည်းပြအာတီတာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီး နာရီပိုင်းမှာ အိုဒွိုင်းရဲ့သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။
photo-gettyimages
ဒါကြောင့်လည်း အိုဒွိုင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့ချဲလ်ဆီးအသင်းဖော်တွေအားလုံးဟာ တစ်ယောက်တည်းသီးသန့် ၁၄ ရက်စောင့်ကြည့်မှုကို ခံရတော့မှာပါ။ ဒီပုံအတိုင်းဆိုရင် အခုတစ်ပတ်ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ဟာ အစီအစဉ်အတိုင်းကျင်းပနိုင်မယ့်ပုံ မပေါ်တော့ပါဘူး။ မနေ့ကပဲ လာလီဂါက ၂ ပတ်ရွှေ့ဆိုင်းသွားကြောင်း ကြေညာခဲ့သလို အခုတိုင်းဆို ပရီးမီးယားလိဂ်ကလည်း အနည်းဆုံး ၂ ပတ်ရွှေ့ဆိုင်းတော့မယ့်အခြေအနေမှာ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပဘောလုံးရာသီဟာ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတာပါ။
[Zawgyi]
ခ်ဲလ္ဆီးၾကယ္ပြင့္အိုဒြိဳင္းလည္း ကိုရိုနာကူးစက္ခံထားရ
ခ်ဲလ္ဆီးၾကယ္ပြင့္အိုဒြိင္းဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ ကလပ္ရဲ႕ထုတ္ျပန္ေၾကညာခ်က္အရ သိရပါတယ္။ အေအးမိတဲ့ပုံစံလကၡဏာေတြေၾကာင့္ ၁၉ ႏွစ္အရြယ္ အဲဒီအဂၤလန္သားကို စမ္းသပ္စစ္ေဆးခဲ့အၿပီးမွာ အခုလို႔ေတြ႕ခဲ့ရတာျဖစ္ၿပီး ေကာ့ဘ္ဟမ္ေလ့က်င့္ေရးကြင္းကေန ခ်က္ခ်င္းပဲ အိမ္ျပန္ပို႔လိုက္ပါတယ္။ အဲဒီကတည္းက သူဟာ ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္မလာေတာ့ပါဘူး။
အခုဆုိရင္ သူနဲ႔နီးနီးစစ္စပ္ရွိသူအားလုံးကို တစ္ေယာက္ခ်င္းသီးသန္း ၁၄ ရက္ေစာင့္ၾကည့္မႈျပဳလုပ္ေတာ့မယ္လို႔ ခ်ဲလ္ဆီးအသင္းက ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ အသင္းရဲ႕ေလ့က်င့္ေနရာနဲ႔ ေလ့က်င့္ပစၥည္းေတြကိုလည္း ပိတ္ေတာ့မွာ ျဖစ္ပါတယ္။ အာဆင္နည္းျပအာတီတာ ကိုရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္ဆုိတဲ့သတင္းထြက္ေပၚလာၿပီး နာရီပိုင္းမွာ အိုဒြိဳင္းရဲ႕သတင္းထြက္လာခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္လည္း အုိဒြိဳင္းဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရတဲ့ ပထမဆုံးပရီးမီးယားလိဂ္ကစားသမားျဖစ္လာခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ သူ႔ရဲ႕ခ်ဲလ္ဆီးအသင္းေဖာ္ေတြအားလုံးဟာ တစ္ေယာက္တည္းသီးသန္႔ ၁၄ ရက္ေစာင့္ၾကည့္မႈကို ခံရေတာ့မွာပါ။ ဒီပုံအတိုင္းဆိုရင္ အခုတစ္ပတ္ကစားမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ဟာ အစီအစဥ္အတိုင္းက်င္းပႏိုင္မယ့္ပုံ မေပၚေတာ့ပါဘူး။ မေန႔ကပဲ လာလီဂါက ၂ ပတ္ေရႊ႕ဆိုင္းသြားေၾကာင္း ေၾကညာခဲ့သလုိ အခုတုိင္းဆုိ ပရီးမီးယားလိဂ္ကလည္း အနည္းဆုံး ၂ ပတ္ေရႊ႕ဆိုင္းေတာ့မယ့္အေျခအေနမွာ ရွိပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ဥေရာပေဘာလုံးရာသီဟာ အဆိုးဆုံးအေျခအေနကို ေရာက္ရွိေနတာပါ။