ချဲလ်ဆီးကို ငြင်းလိုက်ပြီးနောက် မန်ယူနဲ့ရီးရဲလ် နှစ်သင်းထဲက တစ်သင်းကိုရွေးမယ့် ဆန်ချို

photo-express

photo-gettyimages

ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဒေါ့မန်ကြယ်ပွင့်ဆန်ချိုဟာ ချဲလ်ဆီးကိုပြောင်းဖို့ ငြင်းပယ်လိုက်ပြီးနောက် မန်ယူနဲ့ရီးရဲလ် နှစ်သင်းထဲက တစ်သင်းကို ရွေးလိမ့်မယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၂၀ အရွယ် အဲဒီအင်္ဂလန်ကြယ်ပွင့်ဟာ တန်ကြေးအရ ပေါင်သန်း ၁၀၀ နဲ့အထက် သတ်မှတ်ခံထားရပြီး အပြောင်းအရွှေ့ရာသီ ပြန်လည်စတင်တာနဲ့ ဒေါ့မန်ကနေ ထွက်ခွာမယ်လို့ မျှော်လင့်ရပါတယ်။

photo-gettyimages

ဒီရာသီမှာလည်း ဆန်ချိုဟာ အထူးခြေစွမ်းပြနေပြီး ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာ ဒေါ့မန်အတွက် ၁၇ ဂိုးသွင်း၊ ၁၉ ဂိုးဖန်တီးပေးထားပါတယ်။ ဒီအတွက် သူ့ကိုခေါ်ယူလိုတဲ့အသင်းကြီးတွေများလာပေမယ့် အခုဆိုရင် ဆန်ချိုဟာ ချဲလ်ဆီးကို ငြင်းလိုက်ပြီဖြစ်ပြီး မန်ယူနဲ့ရီးရဲလ်တို့နှစ်သင်းထဲက တစ်သင်းကို ရွေးလိမ့်မယ်လို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Diario Madridista က ဖော်ပြခဲ့ပါတယ်။

photo-gettyimages

မန်ယူဟာ အဲဒီမန်စီးတီးအကယ်ဒမီကစားသမားဟောင်းကို မန်ချက်စတာပြန်ခေါ်ရေးအတွက် ကြေးကြီးပေးကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေပြီး ဆန်ချိုကိုရရှိရေးမှာ ထိပ်ဆုံးကပြေးနေဆဲပဲလို့ သိရပါတယ်။ ဒါပေမဲ့ ရီးရဲလ်ကလည်း ဒေ့ါမန်ကတောင်းတဲ့ဈေးမပေးနိုင်ရင်တောင် ငွေသားအပြင် ကစားသမားအလိုက်ပေးမှုနဲ့ ဆန်ချိုအတွက် ကြိုးပမ်းလိမ့်မယ်လို့ Diario Madridista က ဆိုပါတယ်။ ဒေါ့မန်ဟာ ၂၀၂၂ အထိစာချုပ်သက်တမ်းရှိထားတဲ့ ဆန်ချိုကို ဆက်ထိန်းလိုပေမယ့် ဒီနှစ်မှာပဲ အသင်းကထွက်ခွာလိုတဲ့ ကစားသမားရဲ့ဆန္ဒကို လိုက်ေ်လျာပေးမှာဖြစ်ပြီး အဲဒီအတွက် ပြောင်းရွှေ့ကြေးမားျများစားစားလည်း ရယူလိုနေပါတယ်။

[Zawgyi]

ခ်ဲလ္ဆီးကို ျငင္းလိုက္ၿပီးေနာက္ မန္ယူနဲ႔ရီးရဲလ္ ႏွစ္သင္းထဲက တစ္သင္းကိုေရြးမယ့္ ဆန္ခ်ိဳ

ဥေရာပအသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ေနတဲ့ ေဒါ့မန္ၾကယ္ပြင့္ဆန္ခ်ိဳဟာ ခ်ဲလ္ဆီးကိုေျပာင္းဖုိ႔ ျငင္းပယ္လုိက္ၿပီးေနာက္ မန္ယူနဲ႔ရီးရဲလ္ ႏွစ္သင္းထဲက တစ္သငး္ကို ေရြးလိမ့္မယ္လို႔ သတင္းေတြအရ သိရပါတယ္။ အသက္ ၂၀ အရြယ္ အဲဒီအဂၤလန္ၾကယ္ပြင့္ဟာ တန္ေၾကးအရ ေပါင္သန္း ၁၀၀ နဲ႔အထက္ သတ္မွတ္ခံထားရၿပီး အေျပာင္းအေရႊ႕ရာသီ ျပန္လည္စတင္တာနဲ႔ ေဒါ့မန္ကေန ထြက္ခြာမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။

ဒီရာသီမွာလည္း ဆန္ခ်ိဳဟာ အထူးေျခစြမ္းျပေနၿပီး ဘြန္ဒက္စ္လီဂါနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတို႔မွာ ေဒါ့မန္အတြက္ ၁၇ ဂိုးသြင္း၊ ၁၉ ဂိုးဖန္တီးေပးထားပါတယ္။ ဒီအတြက္ သူ႔ကိုေခၚယူလိုတဲ့အသင္းႀကီးေတြမ်ားလာေပမယ့္ အခုဆိုရင္ ဆန္ခ်ိဳဟာ ခ်ဲလ္ဆီးကို ျငင္းလုိက္ၿပီျဖစ္ၿပီး မန္ယူနဲ႔ရီးရဲလ္တို႔ႏွစ္သင္းထဲက တစ္သင္းကို ေရြးလိမ့္မယ္လို႔ စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Diario Madridista က ေဖာ္ျပခဲ့ပါတယ္။

မန္ယူဟာ အဲဒီမန္စီးတီးအကယ္ဒမီကစားသမားေဟာင္းကို မန္ခ်က္စတာျပန္ေခၚေရးအတြက္ ေၾကးႀကီးေပးကမ္းလွမ္းမႈလုပ္ဖို႔ ျပင္ဆင္ေနၿပီး ဆန္ခ်ိဳကိုရရွိေရးမွာ ထိပ္ဆုံးကေျပးေနဆဲပဲလုိ႔ သိရပါတယ္။ ဒါေပမဲ့ ရီးရဲလ္ကလည္း ေဒ့ါမန္ကေတာင္းတဲ့ေစ်းမေပးႏိုင္ရင္ေတာင္ ေငြသားအျပင္ ကစားသမားအလုိက္ေပးမႈနဲ႔ ဆန္ခ်ိဳအတြက္ ႀကဳိးပမ္းလိမ့္မယ္လုိ႔ Diario Madridista က ဆိုပါတယ္။ ေဒါ့မန္ဟာ ၂၀၂၂ အထိစာခ်ဳပ္သက္တမ္းရွိထားတဲ့ ဆန္ခ်ိဳကို ဆက္ထိန္းလိုေပမယ့္ ဒီႏွစ္မွာပဲ အသင္းကထြက္ခြာလုိတဲ့ ကစားသမားရဲ႕ဆႏၵကို လိုက္ေ္လ်ာေပးမွာျဖစ္ၿပီး အဲဒီအတြက္ ေျပာင္းေရႊ႕ေၾကးမား်မ်ားစားစားလည္း ရယူလိုေနပါတယ္။