ချဲလ်ဆီးကိုအနိုင်ရတဲ့ လိဂ်ဖလားပွဲက သရဲနီသူရဲကောင်း ၅ ယောက်

PC ; Internet

Carabao Cup (လိဂ်ဖလား)ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့တဲ့ မန်ယူရဲ့စတမ်းဖို့ဒ်ဘရစ်ချ်ခရီးစဉ်ဟာ အသင်းလိုက်ညီညွတ်တဲ့ခြေစွမ်းနဲ့အတူ ရလဒ်ကောင်းတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်။ သရဲနီတွေအတွက် အခုလို နိုင်ပွဲရခဲ့တာဟာ လီဗာပူးနဲ့သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က အစပြုခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ သူတု့ိဟာ အဲဒီပွဲစဉ်ပြီးတဲ့နောက်မှာ ပါတီဇန်ဘဲလ်ဂရိတ်နဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်၊ နောဝှစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တွေကို ဆက်တိုက်အနိုင်ယူနိုင်ခဲ့ပါတယ်။

PC ; Internet

ရန်သူတော်ဟောင်းကြီး ချဲလ်ဆီးကလည်း အဖွင့်ပွဲစဉ်မှာ မန်ယူကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့နောက်ပိုင်း လမ်းပတ်နဲ့လူငယ်တွေရဲ့ အတွဲညီမှုနဲ့အတူ ခြေစွမ်းကောင်းတစ်ရပ်ပိုင်ဆိုင် ထားသလို အိမ်ကွင်းမှာ မန်ယူကိုလက်စားချေဖို့ အသင့်စောင့်နေခဲ့တာပါ။ ဒါပေမဲ့ မန်ယူဟာ 25 မိနစ်မှာတင် ရက်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို အိမ်ရှင်ဟာ ပထမပိုင်းတစ်ပိုင်းလုံး ဂိုးပေါက်တစ်ကြိမ်မှ တည့်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်း 61 မိနစ်ရောက်မှ ဘက်ရှူအာယီရဲ့ဂိုးနဲ့ ချေပနိုင်ခဲ့တာပါ။ ဒါပေမဲ့ 73 မိနစ်မှာ သွင်းယူသွားတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အံ့အားသင့်ဖွယ်ရာ ဖရီးကစ်ဂိုးက ဒီပွဲရဲ့အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။ လိဂ်ဖလားပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရဲနီတွေအောင်ပွဲခံနိုင်ခဲ့တဲ့နောက်ကွယ်က အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကြတဲ့ ကစားသမား 5 ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

PC ; Internet

မားကပ်စ်ရက်ရှ်ဖို့ဒ်
နည်းပြဆိုးလ်ရှားဟာ မာရှယ်ကို အရန်ခုံမှာထားပြီး အဲဒီ့ညရဲ့ ဂိုးသွင်းရမယ့်တာဝန်ကို ရက်ရှ်ဖို့ဒ်ပုခုံးပေါ် တင်ပေးခဲ့တယ်။ မန်ယူရဲ့ကစားကွက် အပြောင်းအလဲရှိခဲ့ပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ တိုက်စစ်ရဲ့ဘယ်ခြမ်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်။ ဘယ်ခြမ်းတစ်လျှောက် ချဲလ်ဆီးခံစစ်ကို သူ့ရဲ့ပြေးနှုန်းတွေနဲ့ ထိုးဖောက်ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေရဖို့ ကြိုးစားခဲ့တယ်။ ဒန်နီရယ်ဂျိမ်းစ်ကြောင့် မန်ယူပင်နယ်တီကန်ခွင့်ရခဲ့ချိန်မှာတော့ အားလုံးရဲ့မျက်လုံးတွေက သူ့အပေါ်မှာ စိတ်ဝင်တစားဖြစ်ခဲ့ကြရတာပါ။ ဘာကြောင့်လဲဆိုတော့ ရက်ရှ်ဖို့ဒ်ဟာ နောဝှစ်ချ်နဲ့ပွဲစဉ်မှာ ပင်နယ်တီထပ်လွဲခဲ့ထားလို့ပါပဲ။ ဒါပေမဲ့ အခုပင်နယ်တီကိုတော့ သူဟာ အမှားအယွင်းမရှိ ကန်သွင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာလည်း သူဟာ ဒန်နီရယ်ဂျိမ်းစ်နဲ့ အတွဲမိခဲ့ပြီး တောက်လျှောက်ခြေစွမ်းပြနိုင်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ်အတွက် အကောင်းဆုံးအခိုက်အတန့်ကတော့ 73 မိနစ်မှာရရှိခဲ့တဲ့ ဖရီးကစ်ပါပဲ။ ကိုက် 30 အကွာက သူ့ရဲ့ အံ့အားသင့်စရာကန်ချက်ဟာ ချဲလ်ဆီးဂိုးတိုင်ရဲ့ ညာဘက်အပေါ်ထောင့်ကို ဘောလုံးဝင်သွားအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် မန်ယူ အနိုင်ရခဲ့တာပါ။

PC ; Internet

စကော့မက်တွန်မီနေး
တွန်မီနေးရဲ့ နောက်ထပ်ကြယ် 5 ပွင့်အဆင့်စွမ်းဆောင်နိုင်ခဲ့တဲ့ ပွဲပါပဲ။ စကော့တလန်ကွင်းလယ်လူဟာ ကွင်းလယ်မှာ ဖရက်နဲ့တွဲပြီး ချဲလ်ဆီးကွင်းလယ်ကို ထိန်းချုပ်စိုးမိုးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးတွေဆီ ဘောလုံးကိုအမြန်ပေးပို့မှုလေးတွေနဲ့လည်း ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ခြေထောက်ထဲကဘောလုံးကို လုယူမှုအချို့နဲ့အတူ ပွဲစဉ်အစောပိုင်းမှာ အဝါကတ်အပြခံခဲ့ရပေမယ့် သူဟာအကြောက်အလန့်မရှိ ဆက်လက်ကစားသွားနိုင်ခဲ့တာပါ။ တွန်မီနေးဟာ ဘောလုံးထိတွေ့မှု အကြိမ် 60 ရှိခဲ့ပြီး ပေးပို့မှု 33 ကြိမ်မှာ 82 ရာခိုင်နှုန်း တိကျအောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ 7 ကြိမ်လုယူမှုကလည်း 77 ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တာပါ။

PC ; Internet

အာရွန်ဝမ်ဘစ်ဆာကာ
ဒီပွဲမှာ ဘစ်ဆာကာဟာ နောက်ခံလူအဖြစ်ကနေ ညာတောင်ပံကစားသမားအဖြစ် အသုံးတော်ခံသွားခဲ့ပါတယ်။ ပူလီဆစ်နဲ့အလွန်ဆိုတို့တွဲလုံးတွေကို သူ အကောင်ဆုံးဟန့်တားနိုင်ခဲ့တာပါ။ ဘစ်ဆာကာဟာ 65 ကြိမ် ဘောလုံးထိတွေ့မှုရှိခဲ့ပြီး သူ့ရဲ့ပေးပို့မှု 35 ကြိမ်မှာ 77 ရာခိုင်နှုန်းအောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ညာတောင်ပံတစ်လျှောက် ဂျိမ်းစ်နဲ့အတူ တိုက်စစ်ကိုလိုက်ပါပံ့ပိုးပေးနိုင်ခဲ့ပါသေးတယ်။ အင်္ဂလန်သားရဲ့ ဘောလုံးလုယူမှုတွေကလည်း မလွဲခဲ့ပါဘူး။ သူ့ရဲ့ လုယူမှု 4 ကြိမ်လုံး ရာနှုန်းပြည့်အောင်မြင်ခဲ့တာပါ။ ညာတောင်ပံတစ်ကြောမှာ သူ့ကို ဘယ်သူမှကျော်ဖြတ်လို့မရအောင် အပြစ်ကင်းစင်စွာ ကစားသွားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကို ချေပဂိုးပေးခဲ့ရတဲ့နောက် ဆိုးလ်ရှားဟာ နောက်တန်း 4 ယောက်ပုံစံ ပြန်လည်ကစားခိုင်းခဲ့ ပေမယ့်လည်း ဘစ်ဆာကာဟာ စိတ်အနှောက်အယှက်မဖြစ်သွားခဲ့ဘဲ ကျရာနေရာမှာ အကောင်းဆုံးစွမ်းဆောင် သွားနိုင်ခဲ့တာပါ။

PC ; Internet

မားကို့စ်ရိုဂျို
အာဂျင်တီးနားသားဟာ နောက်ခံလူ 3 ယောက်နေရာအတွက် ဆိုးလ်ရှားရဲ့ နေရာချပပေးမှု ခံခဲ့ရပါတယ်။ သူဟာ လီဗာပူးနဲ့သရေကျတဲ့ပွဲမှာလည်း အံ့အားသင့်စရာကောင်းလောက်အောင် အဲဒီ့နေရာမှာ ခြေစွမ်းပြနိုင်ခဲ့ သူပါ။ ရိုဂျိုဟာ ဘယ်နောက်ခံလူအဖြစ် မက်ဂွိုင်းယားနဲ့တွဲဖက်ပြီး ဖြစ်ပေါ်လာသမျှ အခြေအနေတွေကို အကောင်းဆုံးတုံ့ပြန်သွားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဘယ်တောင်ပံမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်ကစားသမားလေး ဘရန်ဒွန်ဝီလျံနဲ့ အတွဲမိအောင်ကစားသွားနိုင်ပုံက ခမ်းနားလွန်းခဲ့ပါတယ်။ သူဟာ အဲဒီ့လူငယ်ကြယ်ပွင့်လေးရဲ့ အိုဒွိုင်းနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ အနိုင်ရအောင်အကောင်းဆုံးကူညီပေးနိုင်ခဲ့ ပါတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့တိုက်စစ်သမားတွေအတွက် အမြင့်ဘောတွေနဲ့ ကူညီနိုင်ခဲ့တာပါ။ ဒီညမှာ သူဟာ သားရဲတစ်ကောင်လိုပါပဲ။ သူ့ရဲ့ လေထဲမှာဘောလုံးရင်ဆိုင်မှု 4 ကြိမ်လုံး အောင်မြင်ခဲ့ပြီး ဘောလုံးလုယူမှု 3 ကြိမ်လုံးလည်း အောင်မြင်ခဲ့ပါတယ်။

PC ; Internet

ဘရန်ဒွန်ဝီလျံ
ဆိုးလ်ရှားရဲ့လူငယ်တွေအပေါ် ယုံကြည်ပေးမှုဟာ အသင်းအတွက် အကျိုးရလဒ်တွေထွက်ပေါ်စေခဲ့သလို ဝီလျံအတွက်လည်း အခုလို အရေးပါတဲ့ပွဲမျိုးမှာ အစွမ်းပြခွင့်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ချဲလ်ဆီးရဲ့ ညာတောင်ပံတိုက်စစ်မှာကစားတဲ့ အိုဒွိုင်းကို တားဆီးသွားတဲ့ သူ့ရဲ့စွမ်းဆောင်မှုက အံ့မခန်းပါပဲ။ သူ့ကြည့်ရတာ မောပန်းနွမ်းနယ်ပုံမရဘဲ ဘယ်တောင်ပံတစ်ကြောမှာ တိုက်စစ်အတွက် လိုက်ပါပံ့ပိုးနိုင်သလို ခံစစ်တာဝန်တွေကိုလည်း မလစ်ဟင်းစေခဲ့ပါဘူး။ ဝီလျံဟာ ဘောလုံးထိတွေ့မှု 58 ကြိမ်ရှိခဲ့ပြီး ပေးပို့မှု 30 မှာ 80 ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးဖျက်ထုတ်နိုင်မှု တစ်ကြိမ်ရှိခဲ့ပြီး လုယူနိုင်မှု 2 ကြိမ်လုံးလည်း ပြီးမြောက်ခဲ့ပါတယ်။ သူဟာ မန်ယူရဲ့ ဒီညနိုင်ပွဲမှာ မှတ်တမ်းတင်သင့်တဲ့ ကြယ်တစ်ပွင့်ပါပဲ။

(zawgyi)

Carabao Cup (လိဂ္ဖလား)ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးန႔ဲရင္ဆုိင္ခဲ့တဲ့ မန္ယူရဲ႕စတမ္းဖို႔ဒ္ဘရစ္ခ်္ခရီးစဥ္ဟာ အသင္းလုိက္ညီညြတ္တဲ့ေျခစြမ္းနဲ႔အတူ ရလဒ္ေကာင္းတစ္ခုဖန္တီးႏိုင္ခဲ့ပါတယ္။ သရဲနီေတြအတြက္ အခုလို ႏုိင္ပြဲရခဲ့တာဟာ လီဗာပူးနဲ႔သေရက်တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္က အစျပဳခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။ သူတု႔ိဟာ အဲဒီပြဲစဥ္ၿပီးတဲ့ေနာက္မွာ ပါတီဇန္ဘဲလ္ဂရိတ္နဲ႔ ယူရိုပါလိဂ္အေ၀းကြင္းပြဲစဥ္၊ ေနာ၀ွစ္ခ်္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ေတြကို ဆက္တိုက္အႏုိင္ယူႏုိင္ခဲ့ပါတယ္။ ရန္သူေတာ္ေဟာင္းႀကီး ခ်ဲလ္ဆီးကလည္း အဖြင့္ပြဲစဥ္မွာ မန္ယူကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ေနာက္ပိုင္း လမ္းပတ္နဲ႔လူငယ္ေတြရဲ႕ အတြဲညီမႈနဲ႔အတူ ေျခစြမ္းေကာင္းတစ္ရပ္ပိုင္ဆုိင္ ထားသလို အိမ္ကြင္းမွာ မန္ယူကိုလက္စားေခ်ဖို႔ အသင့္ေစာင့္ေနခဲ့တာပါ။ ဒါေပမဲ့ မန္ယူဟာ 25 မိနစ္မွာတင္ ရက္ရွ္ဖို႔ဒ္ရဲ႕ ပင္နယ္တီဂိုးနဲ႔ ဦးေဆာင္ႏုိင္ခဲ့သလို အိမ္ရွင္ဟာ ပထမပိုင္းတစ္ပိုင္းလံုး ဂိုးေပါက္တစ္ႀကိမ္မွ တည့္ခဲ့ျခင္းမရွိဘဲ ဒုတိယပိုင္း 61 မိနစ္ေရာက္မွ ဘက္ရွဴအာယီရဲ႕ဂိုးနဲ႔ ေခ်ပႏုိင္ခဲ့တာပါ။ ဒါေပမဲ့ 73 မိနစ္မွာ သြင္းယူသြားတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ အံ့အားသင့္ဖြယ္ရာ ဖရီးကစ္ဂိုးက ဒီပြဲရဲ႕အဆံုးအျဖတ္ျဖစ္ခဲ့ပါတယ္။ လိဂ္ဖလားပြဲစဥ္အျဖစ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ သရဲနီေတြေအာင္ပြဲခံႏုိင္ခဲ့တဲ့ေနာက္ကြယ္က အေကာင္းဆံုးေျခစြမ္းျပႏုိင္ခဲ့ၾကတဲ့ ကစားသမား 5 ေယာက္ကို ေဖာ္ျပေပးလိုက္ပါတယ္။
မားကပ္စ္ရက္ရွ္ဖို႔ဒ္
နည္းျပဆိုးလ္ရွားဟာ မာရွယ္ကို အရန္ခံုမွာထားၿပီး အဲဒီ့ညရဲ႕ ဂိုးသြင္းရမယ့္တာ၀န္ကို ရက္ရွ္ဖို႔ဒ္ပုခံုးေပၚ တင္ေပးခဲ့တယ္။ မန္ယူရဲ႕ကစားကြက္ အေျပာင္းအလဲရိွိခဲ့ေပမယ့္ အဂၤလန္တုိက္စစ္မွဴးဟာ တုိက္စစ္ရဲ႕ဘယ္ျခမ္းမွာ အေကာင္းဆံုးေျခစြမ္းျပႏုိင္ခဲ့တယ္။ ဘယ္ျခမ္းတစ္ေလွ်ာက္ ခ်ဲလ္ဆီးခံစစ္ကို သူ႔ရဲ႕ေျပးႏႈန္းေတြနဲ႔ ထုိးေဖာက္ၿခိမ္းေျခာက္ႏုိင္ခဲ့ၿပီး ဂိုးသြင္းခြင့္ေတြရဖို႔ ႀကိဳးစားခဲ့တယ္။ ဒန္နီရယ္ဂ်ိမ္းစ္ေၾကာင့္ မန္ယူပင္နယ္တီကန္ခြင့္ရခဲ့ခ်ိန္မွာေတာ့ အားလံုးရဲ႕မ်က္လံုးေတြက သူ႔အေပၚမွာ စိတ္၀င္တစားျဖစ္ခ့ဲၾကရတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ရက္ရွ္ဖို႔ဒ္ဟာ ေနာ၀ွစ္ခ်္နဲ႔ပြဲစဥ္မွာ ပင္နယ္တီထပ္လြဲခဲ့ထားလို႔ပါပဲ။ ဒါေပမဲ့ အခုပင္နယ္တီကိုေတာ့ သူဟာ အမွားအယြင္းမရိွ ကန္သြင္းေပးႏုိင္ခဲ့ပါတယ္။ အဲဒီ့ေနာက္ပိုင္းမွာလည္း သူဟာ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ အတြဲမိခဲ့ၿပီး ေတာက္ေလွ်ာက္ေျခစြမ္းျပႏုိင္ခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္အတြက္ အေကာင္းဆံုးအခိုက္အတန္႔ကေတာ့ 73 မိနစ္မွာရရွိခဲ့တဲ့ ဖရီးကစ္ပါပဲ။ ကိုက္ 30 အကြာက သူ႔ရဲ႕ အံ့အားသင့္စရာကန္ခ်က္ဟာ ခ်ဲလ္ဆီးဂိုးတုိင္ရဲ႕ ညာဘက္အေပၚေထာင့္ကို ေဘာလံုး၀င္သြားေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တာေၾကာင့္ မန္ယူ အႏုိင္ရခဲ့တာပါ။
စေကာ့မက္တြန္မီေနး
တြန္မီေနးရဲ႕ ေနာက္ထပ္ၾကယ္ 5 ပြင့္အဆင့္စြမ္းေဆာင္ႏုိင္ခဲ့တဲ့ ပြဲပါပဲ။ စေကာ့တလန္ကြင္းလယ္လူဟာ ကြင္းလယ္မွာ ဖရက္နဲ႔တြဲၿပီး ခ်ဲလ္ဆီးကြင္းလယ္ကို ထိန္းခ်ဳပ္စိုးမိုးႏုိင္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ တုိက္စစ္မွဴးေတြဆီ ေဘာလံုးကိုအျမန္ေပးပို႔မႈေလးေတြနဲ႔လည္း ပံ့ပိုးကူညီေပးႏုိင္ခဲ့ပါတယ္။ အထူးသျဖင့္ ၿပိဳင္ဘက္ေျခေထာက္ထဲကေဘာလံုးကို လုယူမႈအခ်ိဳ႕နဲ႔အတူ ပြဲစဥ္အေစာပို္င္းမွာ အ၀ါကတ္အျပခံခဲ့ရေပမယ့္ သူဟာအေၾကာက္အလန္႔မရွိ ဆက္လက္ကစားသြားႏုိင္ခဲ့တာပါ။ တြန္မီေနးဟာ ေဘာလံုးထိေတြ႕မႈ အႀကိမ္ 60 ရွိခဲ့ၿပီး ေပးပို႔မႈ 33 ႀကိမ္မွာ 82 ရာခိုင္ႏႈန္း တိက်ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ 7 ႀကိမ္လုယူမႈကလည္း 77 ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့တာပါ။
အာရြန္၀မ္ဘစ္ဆာကာ
ဒီပြဲမွာ ဘစ္ဆာကာဟာ ေနာက္ခံလူအျဖစ္ကေန ညာေတာင္ပံကစားသမားအျဖစ္ အသံုးေတာ္ခံသြားခဲ့ပါတယ္။ ပူလီဆစ္နဲ႔အလြန္ဆိုတို႔တြဲလံုးေတြကို သူ အေကာင္ဆံုးဟန္႔တားႏို္င္ခဲ့တာပါ။ ဘစ္ဆာကာဟာ 65 ႀကိမ္ ေဘာလံုးထိေတြ႕မႈရွိခဲ့ၿပီး သူ႔ရဲ႕ေပးပို႔မႈ 35 ႀကိမ္မွာ 77 ရာခိုင္ႏႈန္းေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ ညာေတာင္ပံတစ္ေလွ်ာက္ ဂ်ိမ္းစ္နဲ႔အတူ တိုက္စစ္ကိုလိုက္ပါပံ့ပိုးေပးႏုိင္ခဲ့ပါေသးတယ္။ အဂၤလန္သားရဲ႕ ေဘာလံုးလုယူမႈေတြကလည္း မလြဲခဲ့ပါဘူး။ သူ႔ရဲ႕ လုယူမႈ 4 ႀကိမ္လံုး ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့တာပါ။ ညာေတာင္ပံတစ္ေၾကာမွာ သူ႔ကို ဘယ္သူမွေက်ာ္ျဖတ္လုိ႔မရေအာင္ အျပစ္ကင္းစင္စြာ ကစားသြားႏုိင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးကို ေခ်ပဂိုးေပးခ့ဲရတဲ့ေနာက္ ဆိုးလ္ရွားဟာ ေနာက္တန္း 4 ေယာက္ပံုစံ ျပန္လည္ကစားခုိင္းခဲ့ ေပမယ့္လည္း ဘစ္ဆာကာဟာ စိတ္အေႏွာက္အယွက္မျဖစ္သြားခဲ့ဘဲ က်ရာေနရာမွာ အေကာင္းဆံုးစြမ္းေဆာင္ သြားႏုိင္ခဲ့တာပါ။
မားကို႔စ္ရုိဂ်ိဳ
အာဂ်င္တီးနားသားဟာ ေနာက္ခံလူ 3 ေယာက္ေနရာအတြက္ ဆိုးလ္ရွားရဲ႕ ေနရာခ်ပေပးမႈ ခံခဲ့ရပါတယ္။ သူဟာ လီဗာပူးန႔ဲသေရက်တဲ့ပြဲမွာလည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အဲဒီ့ေနရာမွာ ေျခစြမ္းျပႏိုင္ခဲ့ သူပါ။ ရိုဂ်ိဳဟာ ဘယ္ေနာက္ခံလူအျဖစ္ မက္ဂြိဳင္းယားနဲ႔တြဲဖက္ၿပီး ျဖစ္ေပၚလာသမွ် အေျခအေနေတြကို အေကာင္းဆံုးတံု႔ျပန္သြားႏုိင္ခဲ့ပါတယ္။ အထူးသျဖင့္ ဘယ္ေတာင္ပံမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ လူငယ္ကစားသမားေလး ဘရန္ဒြန္၀ီလ်ံနဲ႔ အတြဲမိေအာင္ကစားသြားႏုိင္ပံုက ခမ္းနားလြန္းခဲ့ပါတယ္။ သူဟာ အဲဒီ့လူငယ္ၾကယ္ပြင့္ေလးရဲ႕ အိုဒြိဳင္းနဲ႔ထိပ္တိုက္ရင္ဆုိင္မႈေတြမွာ အႏုိင္ရေအာင္အေကာင္းဆံုးကူညီေပးႏုိင္ခဲ့ ပါတယ္။ တစ္နည္းအားျဖင့္ သူ႔ရဲ႕တိုက္စစ္သမားေတြအတြက္ အျမင့္ေဘာေတြနဲ႔ ကူညီႏုိင္ခဲ့တာပါ။ ဒီညမွာ သူဟာ သားရဲတစ္ေကာင္လိုပါပဲ။ သူ႔ရဲ႕ ေလထဲမွာေဘာလံုးရင္ဆုိင္မႈ 4 ႀကိမ္လံုး ေအာင္ျမင္ခဲ့ၿပီး ေဘာလံုးလုယူမႈ 3 ႀကိမ္လံုးလည္း ေအာင္ျမင္ခဲ့ပါတယ္။
ဘရန္ဒြန္၀ီလ်ံ
ဆိုးလ္ရွားရဲ႕လူငယ္ေတြအေပၚ ယံုၾကည္ေပးမႈဟာ အသင္းအတြက္ အက်ိဳးရလဒ္ေတြထြက္ေပၚေစခဲ့သလို ၀ီလ်ံအတြက္လည္း အခုလို အေရးပါတဲ့ပြဲမ်ိဳးမွာ အစြမ္းျပခြင့္ရခဲ့တယ္လို႔ ဆိုႏုိင္ပါတယ္။ ခ်ဲလ္ဆီးရဲ႕ ညာေတာင္ပံတိုက္စစ္မွာကစားတဲ့ အိုဒြိဳင္းကို တားဆီးသြားတဲ့ သူ႔ရဲ႕စြမ္းေဆာင္မႈက အံ့မခန္းပါပဲ။ သူ႔ၾကည့္ရတာ ေမာပန္းႏြမ္းနယ္ပံုမရဘဲ ဘယ္ေတာင္ပံတစ္ေၾကာမွာ တိုက္စစ္အတြက္ လုိက္ပါပံ့ပုိးႏုိင္သလို ခံစစ္တာ၀န္ေတြကိုလည္း မလစ္ဟင္းေစခဲ့ပါဘူး။ ၀ီလ်ံဟာ ေဘာလံုးထိေတြ႔မႈ 58 ႀကိမ္ရွိခဲ့ၿပီး ေပးပို႔မႈ 30 မွာ 80 ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ ေဘာလံုးဖ်က္ထုတ္ႏုိင္မႈ တစ္ႀကိမ္ရွိခဲ့ၿပီး လုယူႏုိင္မႈ 2 ႀကိမ္လံုးလည္း ၿပီးေျမာက္ခဲ့ပါတယ္။ သူဟာ မန္ယူရဲ႕ ဒီညႏုိင္ပြဲမွာ မွတ္တမ္းတင္သင့္တဲ့ ၾကယ္တစ္ပြင့္ပါပဲ။