
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ
အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု ရရှိခဲ့တဲ့ အက်ရှ်လေယန်းဟာ ပရီးမီးယားလိဂ်မှာ သူကစားခဲ့ဖူးတဲ့ ဗီလာအသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။
ဝက်ဖို့ဒ်ကနေ ဗီလာကို ၂၀၀၇ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး ဒီအသင်းမှာ ၄နှစ်ကစားခဲ့ပါတယ်။
VillaTV နဲပ အစီအစဉ်မှာ အက်ရှ်လေယန်းက “ဗီလာကို ပြန်ရောက်လာတဲ့ တကယ့်ကို ကောင်းမွန်ပါတယ်။
ဒီနေရာကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူးလို့ ခံစားရပါတယ်” လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးအသင်းကနေ အငှားသွားကစားခဲ့တဲ့ နောက်ခံလူ တိုမိုရီဟာ အေစီမီလန်အသင်းကို ပေါင် ၂၅သန်း ၄နှစ်စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
မနှစ်က သူဟာ မီလန်အတွက် ၂၂ပွဲ ပါဝင်ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆေင်ပေးနိုင်ခဲ့လို့ သူ့ခြေစွမ်းကို သဘောကျပြီး မီလန်က အပြီးသတ် ခေါ်ယူခဲ့တာပါ။
အသက် ၄၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျူဗင်တပ်ဂိုးသမားကြီး ဘူဖွန်ဟာ ဘောလုံးကစားတာ အနားမယူသေးဘဲ သူ့ရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ ပါးမားအသင်းကို ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဘူဖွန်ဟာ ပါးမားမှာ အသက် ၁၇နှစ်အရွယ်က စတင်ကစားခဲ့ပြီး ပွဲပေါင်း ၂၂၀ ပါင်ကစားပေးခဲ့တဲ့သူလည်းဖြစ်ပြီး ဆုဖလား ၃လုံး ရယူနိုင်ခဲ့ဖူးပါတယ်။
လက်စတာတိုက်စစ်မှုး ဗာဒီဟာ အမေရိကန်ဘောလုံးကလပ်အသင်း ရိုချက်စတာရီဟွန်းအသင်းရဲ့ ရှယ်ယာတွေကိုဝယ်ယူပြီး ပူးတွဲဆိုင်သူ ဖြစ်လာခဲ့ပါတယ်။
ဒီအသင်းဟာ ၂၀၁၇ခုနှစ်က စတင်ထည်ထောင်ခဲ့တာဖြစ်ပေမယ့် ငွေကြေးပိုင်းဆိုင်ရာ မပြည့်စုံမှုတွေကြောင့် ၂၀၂၂ ခုနှစ်ကျမှ ပြိုင်ပွဲတွေမှာ စတင်ပါဝင်ကစားနိုင်မှာလည်း ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ
Zawgyi
ချဲလ်ဆီးကနေ မီလန်ကို ပေါင် ၂၅သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ တိုမိုရီနဲ့ ဗီလာကို ပြန်လာတဲ့ အက်ရှ်လေယန်း ပါဝင်တဲ့ သေကြာမနက်ခင်းသတင်းများ
———————————————————————————————————————————————————————–