ချေပဂိုးသွင်းရင်း အတွင်းကြေခဲ့တဲ့ အေဂျက်ကစားသမား တာဒစ်🤪🤪🤪

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေဂျက်စ်အသင်းဟာ ၂၀၂၁/၂၂ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပုံစံကောင်းပြသနေပြီး ၄ပွဲဆက်အနိုင်ရထားတာပါ။

နယ်သာလန်ကလပ်ဟာ ဒေါ့မွန်အသင်းကိုအဝေးကွင်းမှာ သွားရောက်ကစားရတာဖြစ်ပြီး

ပထမပိုင်း ပွဲချိန် (၃၇) မိနစ်မှာ ဒေါ့မွန်အသင်းရဲ့ကစားသမား မာကိုရုဒ်သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးကြောင့်

ဒေါ့မွန်အသင်းရဲ့ ဦးဆောင်မှုကိုခံခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ တာဒစ် (၇၂) မိနစ် ၊

ဆီဘက်စတီယန်ဟယ်လာ(၈၃) မိနစ် ၊ ဒေဗီကလာဆန် (၉၀+၃) မိနစ် တို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့

အတူ ၃ဂိုး-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အေဂျက်စ်အသင်းဟာ နည်းပြအဲရစ်တန်ဟက်လက်ထက်မှာ တောင့်တင်းတဲ့အသင်းတစ်သင်းပြန်ဖြစ်လာပြီး

ဒီနိုင်ပွဲကြောင့် အုပ်စုပွဲစဉ် (၄)ပွဲအပြီးမှာတင် ရမှတ် (၁၂) မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။

အေဂျက်စ်စတားဒူဆန်တာဒစ်ဟာ ဒေါ့မွန်ကိုအနိုင်ရတဲ့ပွဲစဉ်မှာချေပဂိုးသွင်းယူဖို့အတွက်အများကြီးရင်းခဲ့ရပါတယ်။

သူဟာသူ့ရဲ့ချေပဂိုးသွင်းယူမှုအတွက် အကြီးအကျယ် အောင့်သက်သက် ခံစားခဲ့ရပါတယ်။

ပွဲချိန်၇၂မိနစ်မှာအဓိကတိုက်စစ်မှူး တာဒစ်ကချေပဂိုး သွင်းပါတယ်။

ဆာဘီယားသားတိုက်စစ်ကစားသမားဟာ ချေပဂိုးသွင်းယူချိန်မှာ ဘောလုံးကိုခြေထောက်နဲ့မှီသလိုထိန်းပြီး

ဂိုးကိုလျှောထိုးသွင်းခဲ့ရာမှာပေါင်ကြားကဂိုးတိုင်ထဲသို့ဝင်သွားခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ပေါင်ကြားထဲမှာရှိတဲ့ပစ္စည်းနဲ့ ဂိုးတိုင်နဲ့တိုက်မိသွားခဲ့တာကြောင့်

တာဒစ်ခမျာဂိုးသွင်းပြီးတာတောင် နာနာကျင်ကျင်နဲ့အောင်ပွဲခံခဲ့ရတာပါ။

အဆိုပါပွဲစဉ်မှာဒေါ့မွန်ဟာပွဲချိန်၃၇မိနစ်မှာမာကိုရူးစ်ရဲ့ပင်နယ်တီဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး၊

ဒေါ့မွန်ဟာပွဲချိန်၂၉မိနစ်မှာဟမ်မဲလ်အနီကတ်ပြထုတ်ခံရမှုကြောင့်တစ်ယောက်အလျှော့နဲ့ကစားခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေခ်ပဂိုးသြင္းရင္း အတြင္းေၾကခဲ့တဲ့ ေအဂ်က္ကစားသမား တာဒစ္🤪🤪🤪

ေအဂ်က္စ္အသင္းဟာ ၂၀၂၁/၂၂ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပုံစံေကာင္းျပသေနၿပီး ၄ပြဲဆက္အႏိုင္ရထားတာပါ။

နယ္သာလန္ကလပ္ဟာ ေဒါ့မြန္အသင္းကိုအေဝးကြင္းမွာ သြားေရာက္ကစားရတာျဖစ္ၿပီး ပထမပိုင္း ပြဲခ်ိန္ (၃၇) မိနစ္မွာ ေဒါ့မြန္အသင္းရဲ႕ကစားသမား မာကို႐ုဒ္သြင္းယူခဲ့တဲ့ ပင္နယ္တီဂိုးေၾကာင့္

ေဒါ့မြန္အသင္းရဲ႕ ဦးေဆာင္မႈကိုခံခဲ့ရပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာ တာဒစ္ (၇၂) မိနစ္ ၊ ဆီဘက္စတီယန္ဟယ္လာ(၈၃) မိနစ္ ၊ ေဒဗီကလာဆန္ (၉၀+၃) မိနစ္ တို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြနဲ႔

အတူ ၃ဂိုး-၁ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ေအဂ်က္စ္အသင္းဟာ နည္းျပအဲရစ္တန္ဟက္လက္ထက္မွာ ေတာင့္တင္းတဲ့အသင္းတစ္သင္းျပန္ျဖစ္လာၿပီး ဒီႏိုင္ပြဲေၾကာင့္ အုပ္စုပြဲစဥ္ (၄)ပြဲအၿပီးမွာတင္ ရမွတ္ (၁၂) မွတ္နဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့ပါၿပီ။

ေအဂ်က္စ္စတားဒူဆန္တာဒစ္ဟာ ေဒါ့မြန္ကိုအႏိုင္ရတဲ့ပြဲစဥ္မွာေခ်ပဂိုးသြင္းယူဖို႔အတြက္အမ်ားႀကီးရင္းခဲ့ရပါတယ္။သူဟာသူ႔ရဲ႕ေခ်ပဂိုးသြင္းယူမႈအတြက္ အႀကီးအက်ယ္ ေအာင့္သက္သက္ ခံစားခဲ့ရပါတယ္။ ပြဲခ်ိန္၇၂မိနစ္မွာအဓိကတိုက္စစ္မႉး တာဒစ္ကေခ်ပဂိုး သြင္းပါတယ္။

ဆာဘီယားသားတိုက္စစ္ကစားသမားဟာ ေခ်ပဂိုးသြင္းယူခ်ိန္မွာ ေဘာလုံးကိုေျခေထာက္နဲ႔မွီသလိုထိန္းၿပီးဂိုးကိုေလွ်ာထိုးသြင္းခဲ့ရာမွာေပါင္ၾကားကဂိုးတိုင္ထဲသို႔ဝင္သြားခဲ့ပါတယ္။ကံမေကာင္းစြာနဲ႔ပဲ ေပါင္ၾကားထဲမွာရွိတဲ့ပစၥည္းနဲ႔ ဂိုးတိုင္နဲ႔တိုက္မိသြားခဲ့တာေၾကာင့္ တာဒစ္ခမ်ာဂိုးသြင္းၿပီးတာေတာင္ နာနာက်င္က်င္နဲ႔ေအာင္ပြဲခံခဲ့ရတာပါ။

အဆိုပါပြဲစဥ္မွာေဒါ့မြန္ဟာပြဲခ်ိန္၃၇မိနစ္မွာမာကို႐ူးစ္ရဲ႕ပင္နယ္တီဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး၊ ေဒါ့မြန္ဟာပြဲခ်ိန္၂၉မိနစ္မွာဟမ္မဲလ္အနီကတ္ျပထုတ္ခံရမႈေၾကာင့္တစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရတာျဖစ္ပါတယ္။