ချီချာရီတိုပြောပြတဲ့ Chelsea Killer အကြောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၀ မှာ အသင်းကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီးနောက် ကျောနံပါတ် (၁၄)ကိုဝတ်ဆင်ကစားခဲ့တဲ့ ချီချာရီတို ဆိုတာ ယူနိုက်တက် ပရိသတ်တွေ အတွက် အမှတ်ရစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါပဲ။

ချီချာရီတိုပြောတဲ့ အမှတ်တရ စကားအပိုင်းအစတွေကို တင်ဆက်ပေးလိုက်ပါတယ်။

“ကျွန်တော် ယူနိုက်တက်ကို စရောက်တော့ ရောက်ရောက်ချင်း ကာရင်တန်လေ့ကျင့်ရေးကွင်းကို သွားတယ်။

သူများတွေ လေ့ကျင့်နေတာကို ကြည့်တာပေါ့။

ဝိန်းရွန်နီ၊ ရွိုင်ယန်ဂစ် အများကြီးပေါ့။ သူတို့ကို မြင်နေရတယ်။

နောက်နေ့ သူတို့နဲ့အတူ လေ့ကျင့်ရတော့တာပဲ။”

“Chelsea Killer အကြောင်းကတော့ ကျွန်တော့်မျက်နှာကို ဘောလုံးလာမှန်ပြီး ဂိုးဝင်သွားတာကိုလေ။

မှတ်မိကြလား။ ယူနိုက်တက်မှာ ကစားခဲ့တဲ့အတောအတွင်း အဲဒီဂိုးကတော့ အမှတ်တရပဲ။

ဆာအဲလက်စ်က ကျွန်တော့်ကို ချယ်လ်ဆီးခံစစ်အကြောင်း သေချာပြောပြတယ်။

ဘယ်ပွဲမှ မသုံးရင်တောင် ချယ်လ်ဆီးနဲ့တော့ ကျွန်တော့်ကိုသုံးတယ်။

စခေါ်ကတည်းက သူပြောတယ်လေ။ မင်းကို ငါလိုအပ်တိုင်း အသုံးပြုမယ်။

ပွဲထွက်ခွင့် အာမ မခံနိုင်ဘူးလို့ပေါ့။ ဒီလိုကလပ်မျိုးမှာ ကစားရဖို့အတွက် ဘယ်ကစားသမားက ငြင်းပယ်မှာလဲ။

သူပြောတဲ့အတိုင်းပဲ။ ပွဲတော်တော်များများမှာ လူစားဝင်ခဲ့ရတယ်။

ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော်က ကံစပ်တယ်လို့ ပြောရမယ်။

လူစားဝင်ဝင်၊ အစကတည်းက ဝင်ဝင် အဲဒီအသင်းကို ဂိုးသွင်းဖို့ ကျွန်တော့်မှာ ကံကောင်းခြင်းတွေရှိနေတယ်လို့ ထင်တယ်။

သူတို့နဲ့တွေ့ရင် ဂိုးသွင်းဖို့ အရမ်းမခက်ခဲသလိုပဲ။

သူတို့ ခေါ်တာ နောက်တစ်မျိုးရှိသေးတယ်ဗျ။

The Little Pea (ပဲလုံးလေး)တဲ့။” ဆိုပြီး ပြောဆိုထားပါတယ်။

သူဟာ ယူနိုက်တက်အတွက် (၁၅၇) ပွဲကစားခဲ့ကာ (၅၉)ဂိုးသွင်းယူပေးခဲ့ပြီး လူးဝစ်ဗန်ဂါးလ် ရဲ့ လက်ထက်မှာတော့ အသင်းနဲ့လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ီခ်ာရီတို​ေျပာျပတဲ့ Chelsea Killer အ​ေၾကာင္း

၂၀၁၀ မွာ အသင္းကို နည္းပါးတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာၿပီးေနာက္ ေက်ာနံပါတ္ (၁၄)ကိုဝတ္ဆင္ကစားခဲ့တဲ့ ခ်ီခ်ာရီတို ဆိုတာ ယူႏိုက္တက္ ပရိသတ္ေတြ အတြက္ အမွတ္ရစရာေကာင္းတဲ့ ကစားသမားတစ္ေယာက္ပါပဲ။ ခ်ီခ်ာရီတို​ေျပာတဲ့ အမွတ္တရ စကားအပိုင္းအစ​ေတြကို တင္ဆက္​ေပးလိုက္ပါတယ္။

“ကြၽန္ေတာ္ ယူႏိုက္တက္ကို စေရာက္ေတာ့ ေရာက္ေရာက္ခ်င္း ကာရင္တန္ေလ့က်င့္ေရးကြင္းကို သြားတယ္။ သူမ်ားေတြ ေလ့က်င့္ေနတာကို ၾကည့္တာေပါ့။ ဝိန္း႐ြန္နီ၊ ႐ြိဳင္ယန္ဂစ္ အမ်ားႀကီးေပါ့။ သူတို႔ကို ျမင္ေနရတယ္။ ေနာက္ေန႔ သူတို႔နဲ႔အတူ ေလ့က်င့္ရေတာ့တာပဲ။”

“Chelsea Killer အ​ေၾကာင္းက​ေတာ့ ကြၽန္ေတာ့္မ်က္ႏွာကို ေဘာလုံးလာမွန္ၿပီး ဂိုးဝင္သြားတာကိုေလ။ မွတ္မိၾကလား။ ယူႏိုက္တက္မွာ ကစားခဲ့တဲ့အေတာအတြင္း အဲဒီဂိုးကေတာ့ အမွတ္တရပဲ။ ဆာအဲလက္စ္က ကြၽန္ေတာ့္ကို ခ်ယ္လ္ဆီးခံစစ္အေၾကာင္း ေသခ်ာေျပာျပတယ္။ ဘယ္ပြဲမွ မသုံးရင္ေတာင္ ခ်ယ္လ္ဆီးနဲ႔ေတာ့ ကြၽန္ေတာ့္ကိုသုံးတယ္။ စေခၚကတည္းက သူေျပာတယ္ေလ။

မင္းကို ငါလိုအပ္တိုင္း အသုံးျပဳမယ္။ ပြဲထြက္ခြင့္ အာမ မခံႏိုင္ဘူးလို႔ေပါ့။ ဒီလိုကလပ္မ်ိဳးမွာ ကစားရဖို႔အတြက္ ဘယ္ကစားသမားက ျငင္းပယ္မွာလဲ။ သူေျပာတဲ့အတိုင္းပဲ။ ပြဲေတာ္ေတာ္မ်ားမ်ားမွာ လူစားဝင္ခဲ့ရတယ္။ ခ်ယ္လ္ဆီးအသင္းနဲ႔ ကြၽန္ေတာ္က ကံစပ္တယ္လို႔ ေျပာရမယ္။ လူစားဝင္ဝင္၊ အစကတည္းက ဝင္ဝင္ အဲဒီအသင္းကို ဂိုးသြင္းဖို႔ ကြၽန္ေတာ့္မွာ ကံေကာင္းျခင္းေတြရွိေနတယ္လို႔ ထင္တယ္။ သူတို႔နဲ႔ေတြ႕ရင္ ဂိုးသြင္းဖို႔ အရမ္းမခက္ခဲသလိုပဲ။ သူတို႔ ေခၚတာ ေနာက္တစ္မ်ိဳးရွိေသးတယ္ဗ်။ The Little Pea (ပဲလုံးေလး)တဲ့။” ဆိုၿပီး ​ေျပာဆိုထားပါတယ္။ သူဟာ ယူႏိုက္တက္အတြက္ (၁၅၇) ပြဲကစားခဲ့ကာ (၅၉)ဂိုးသြင္းယူေပးခဲ့ၿပီး လူးဝစ္ဗန္ဂါးလ္ ရဲ႕ လက္ထက္မွာေတာ့ အသင္းနဲ႔လမ္းခြဲခဲ့ရတာ ျဖစ္ပါတယ္။