ချာလီ မက်နေး စီနီယာအသင်းကို ရောက်လာနိုင်မလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက် ယူ- ၂၃ အသင်းအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်း ယူ -၂၃ အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အဆိုပါ ပွဲစဉ်က လူငယ်တိုက်စစ်မှူး ချာလီ မက်နေး အတွက် အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။

ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမားဟာ ယူ -၁၈ အသင်းနဲ့ အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အတွက် အဆိုပါ ပွဲစဉ်မှာ ယူ – ၂၃ အသင်းအတွက် ပထမဆုံး အကြိမ် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မက်နေးဟာ ယူနိုက်တက်က ( ၃ – ၁ ) ရှုံးနိမ့်နေချိန် ပွဲပြီးဆုံးဖို့ မိနစ် ( ၂၀ ) အလိုမှာ ဂျိုး ဟူဂေးနေရာ လူစားဝင် ကစားခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ယူ – ၁၈ အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းဟောင်း မန်စီးတီးအသင်းကို ( ၄ ) ဂိုး သွင်းယူနိုင်ခဲ့တာ အပါအဝင် ဒီရာသီ စုစုပေါင်း ( ၁၂ ) ဂိုး ရယူပေးထားပါတယ်။ ယူ – ၁၈ အသင်းက ယခုတပတ်အတွင်း ပွဲကစားဖို့ မရှိတဲ့အတွက် မက်နေးကို ယူ – ၂၃ အသင်းနဲ့ ပူးပေါင်းစေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွေ့ ကာလအတွင်း မန်စီးတီးလူငယ်အသင်းကနေ ပေါင် ( ၈ ) သိန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ မက်နေးဟာ တောက်ပလာမယ့် ကြယ်ပွင့် ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး ပရိသတ်တွေအနေနဲ့ စီနီယာ အသင်းကြီးမှာ မြင်တွေ့ခွင့်ရဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ာလီ မက္ေနး စီနီယာအသင္းကို ေရာက္လာႏိုင္မလား?

မန္ခ်က္စတာ ယူႏိုက္တက္ ယူ- ၂၃ အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ အဲဗာတန္အသင္း ယူ -၂၃ အသင္းကို ရႈံးနိမ့္ခဲ့ေပမယ့္ အဆိုပါ ပြဲစဥ္က လူငယ္တိုက္စစ္မႉး ခ်ာလီ မက္ေနး အတြက္ အမွတ္ရစရာ ျဖစ္ခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ ၾကယ္ပြင့္ကစားသမားဟာ ယူ -၁၈ အသင္းနဲ႔ အတူ ေျခစြမ္းျပ ကစားႏိုင္ခဲ့တဲ့ အတြက္ အဆိုပါ ပြဲစဥ္မွာ ယူ – ၂၃ အသင္းအတြက္ ပထမဆုံး အႀကိမ္ ကစားခြင့္ရခဲ့တာ ျဖစ္ပါတယ္။

မက္ေနးဟာ ယူႏိုက္တက္က ( ၃ – ၁ ) ရႈံးနိမ့္ေနခ်ိန္ ပြဲၿပီးဆုံးဖို႔ မိနစ္ ( ၂၀ ) အလိုမွာ ဂ်ိဳး ဟူေဂးေနရာ လူစားဝင္ ကစားခဲ့တာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ယူ – ၁၈ အသင္းအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္မွာ အသင္းေဟာင္း မန္စီးတီးအသင္းကို ( ၄ ) ဂိုး သြင္းယူႏိုင္ခဲ့တာ အပါအဝင္ ဒီရာသီ စုစုေပါင္း ( ၁၂ ) ဂိုး ရယူေပးထားပါတယ္။

ယူ – ၁၈ အသင္းက ယခုတပတ္အတြင္း ပြဲကစားဖို႔ မရွိတဲ့အတြက္ မက္ေနးကို ယူ – ၂၃ အသင္းနဲ႔ ပူးေပါင္းေစခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ြ႕ ကာလအတြင္း မန္စီးတီးလူငယ္အသင္းကေန ေပါင္ ( ၈ ) သိန္းနဲ႔ ယူႏိုက္တက္ကို ေရာက္ရွိလာတဲ့ မက္ေနးဟာ ေတာက္ပလာမယ့္ ၾကယ္ပြင့္ ကစားသမား အျဖစ္ သတ္မွတ္ခံထားရၿပီး ပရိသတ္ေတြအေနနဲ႔ စီနီယာ အသင္းႀကီးမွာ ျမင္ေတြ႕ခြင့္ရဖို႔ ဆႏၵရွိေနၾကတာ ျဖစ္ပါတယ္။