‘mိုလာ’သောက်ခဲ့တဲ့ ချာကာ ကွာတားဖိုင်နယ်ရောက်ခဲ့ပေမယ့် ‘ရေ’သောက်ခဲ့တဲ့ စီရော်နယ်လ်ဒို ရှုံးထွက်ကနေထွက်ခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်အသင်းနဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာဟာ ပယ်နယ်တီအဆုံးအဖြတ်မကန်ခင် အချိုရည်တွေသောက်ပြခဲ့တာကြောင့် စီရော်နယ်လ်ဒိုကို တမင်တကာများအရွဲ့တိုက်ခဲ့တာလားလို့တောင် ထင်ရပါတယ်။

သိပ်မကြာသေးခင်က ပေါ်တူဂီအသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်လ်ဒိုက စားပွဲခုံပေါ်မှာတင်ထားတဲ့ mိုလာဗူးတွေကို ဖယ်ပြီး ‘ရေပဲသောက်’လို့ပြောခဲ့တဲ့လုပ်ရပ်ကြောင့် mိုလာကုမ္ပဏီဟာ ပေါင်(၂.၈၄)ဘီလီယံလောက် ထိခိုက်နစ်နာခဲ့ရတယ်။

ဒါပေမဲ့ အခု ချာကာကတော့ ခပ်တည်တည်ပဲ mိုလာတွေကို အားရပါးရသောက်နေတာက မသိရင် အပျော်တမ်းလိဂ်က ကစားသမားတစ်ယောက်နဲ့တောင် သွားတူနေပါတယ်။

ချာကာဟာ ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး Man Of The Match ဆုတောင်ရခဲ့တာကြောင့် mိုလာတွေ လှိမ့်သောက်လို့များ အခုလိုခြေစွမ်းပြခဲ့တာလားလို့တောင် စဉ်းစားစရာဖြစ်ခဲ့ရတယ်။

mိုလာသောက်ခဲ့တဲ့ ချာကာရဲ့ဆွစ်ဇာလန်အသင်းဟာ အခုဆို အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်ခဲ့ပြီး ရေသောက်ပါလို့ တိုက်တွန်းခဲ့တဲ့ စီရော်နယ်လ်ဒိုကတော့ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

ချာကာရဲ့လုပ်ရပ်က Twitter ပေါ်မှာ ပရိသတ်တွေအတွက် ပွဲဆူသွားစေပြီး ပရိသတ်တစ်ဦးက “မိနစ်(၁၂၀)အထိကစားခဲ့ရတာတောင် ချာကာရဲ့ပုံစံက မောနေတဲ့ပုံမပေါက်ဘဲ mိုလာတောင်သောက်လိုက်ပါသေးတယ်။

တွေ့လား ..စီရော်နယ်လ်ဒိုရေ ..တကယ့်ဘောလုံးသမားကောင်းတွေဆို mိုလာ ကြိုက်တယ်ကွ”လို့ နောက်ပြောင်ခဲ့သလို နောက်တစ်ဦးကလည်း “တကယ်လို့ စီရော်နယ်လ်ဒိုသာ mိုလာသောက်ခဲ့ရင် သူ့အသင်းက ယူရိုပြိုင်ပွဲမှာ ဆက်ရှိချင်ဆက်ရှိနေဦးမယ်”လို့ ရေးသားခဲ့ပြန်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်အောင် Fast Food တွေကို စားသောက်လေ့မရှိပေမယ့် mိုလာနဲ့

KFC ကြော်ငြာတွေကို ရိုက်ကူးခဲ့ဖူးတဲ့အတွက် သတင်းစာရှင်းလင်းပွဲမှာ mိုလာဗူးတွေကို ဖယ်ခဲ့တာက သက်သက်အပိုလုပ်တာလို့

ပရိသတ်တချို့က ယူဆနေတာကြောင့် အခုအချိန်မှာ အခွင့်အရေးရတုန်း စီရော်နယ်လ်ဒိုကို ဝိုင်းပြီး Troll နေကြတာလို့ ယူဆရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

‘mိုလာ’ေသာက္ခဲ့တဲ့ ခ်ာကာ ကြာတားဖိုင္နယ္ေရာက္ခဲ့ေပမယ့္ ‘ေရ’ေသာက္ခဲ့တဲ့ စီေရာ္နယ္လ္ဒို ရႈံးထြက္ကေနထြက္ခဲ့ရ

ျပင္သစ္အသင္းနဲ႔ကစားခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ဆြစ္ဇာလန္ကြင္းလယ္လူ ခ်ာကာဟာ ပယ္နယ္တီအဆုံးအျဖတ္မကန္ခင္ mိုလာအခ်ိဳရည္ေတြေသာက္ျပခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုကို တမင္တကာမ်ားအ႐ြဲ႕တိုက္ခဲ့တာလားလို႔ေတာင္ ထင္ရပါတယ္။ သိပ္မၾကာေသးခင္က ေပၚတူဂီအသင္းရဲ႕သတင္းစာရွင္းလင္းပြဲမွာ စီေရာ္နယ္လ္ဒိုက စားပြဲခုံေပၚမွာတင္ထားတဲ့ mိုလာဗူးေတြကို ဖယ္ၿပီး ‘ေရပဲေသာက္’လို႔ေျပာခဲ့တဲ့လုပ္ရပ္ေၾကာင့္ ကိုကာmိုလာကုမၸဏီဟာ ေပါင္(၂.၈၄)ဘီလီယံေလာက္ ထိခိုက္နစ္နာခဲ့ရတယ္။

ဒါေပမဲ့ အခု ခ်ာကာကေတာ့ ခပ္တည္တည္ပဲ mိုလာေတြကို အားရပါးရေသာက္ေနတာက မသိရင္ အေပ်ာ္တမ္းလိဂ္က ကစားသမားတစ္ေယာက္နဲ႔ေတာင္ သြားတူေနပါတယ္။ ခ်ာကာဟာ ျပင္သစ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး Man Of The Match ဆုေတာင္ရခဲ့တာေၾကာင့္ mိုလာ ေတြ လွိမ့္ေသာက္လို႔မ်ား အခုလိုေျခစြမ္းျပခဲ့တာလားလို႔ေတာင္ စဥ္းစားစရာျဖစ္ခဲ့ရတယ္။

mိုလာ ေသာက္ခဲ့တဲ့ ခ်ာကာရဲ႕ဆြစ္ဇာလန္အသင္းဟာ အခုဆို အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ိုၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္တက္ခဲ့ၿပီး ေရေသာက္ပါလို႔ တိုက္တြန္းခဲ့တဲ့ စီေရာ္နယ္လ္ဒိုကေတာ့ ရႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရပါၿပီ။ ခ်ာကာရဲ႕လုပ္ရပ္က Twitter ေပၚမွာ ပရိသတ္ေတြအတြက္ ပြဲဆူသြားေစၿပီး ပရိသတ္တစ္ဦးက “မိနစ္(၁၂၀)အထိကစားခဲ့ရတာေတာင္ ခ်ာကာရဲ႕ပုံစံက ေမာေနတဲ့ပုံမေပါက္ဘဲ mိုလာ ေတာင္ေသာက္လိုက္ပါေသးတယ္။

ေတြ႕လား ..စီေရာ္နယ္လ္ဒိုေရ ..တကယ့္ေဘာလုံးသမားေကာင္းေတြဆို mိုလာ ႀကိဳက္တယ္ကြ”လို႔ ေနာက္ေျပာင္ခဲ့သလို ေနာက္တစ္ဦးကလည္း “တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ mိုလာ ေသာက္ခဲ့ရင္ သူ႔အသင္းက ယူ႐ိုၿပိဳင္ပြဲမွာ ဆက္ရွိခ်င္ဆက္ရွိေနဦးမယ္”လို႔ ေရးသားခဲ့ျပန္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ခႏၶာကိုယ္က်န္းမာႀကံ့ခိုင္ေအာင္ Fast Food ေတြကို စားေသာက္ေလ့မရွိေပမယ့္ ကိုကာ mိုလာနဲ႔ KFC ေၾကာ္ျငာေတြကို ႐ိုက္ကူးခဲ့ဖူးတဲ့အတြက္ သတင္းစာရွင္းလင္းပြဲမွာ mိုလာ ဗူးေတြကို ဖယ္ခဲ့တာက သက္သက္အပိုလုပ္တာလို႔ ပရိသတ္တခ်ိဳ႕က ယူဆေနတာေၾကာင့္ အခုအခ်ိန္မွာ အခြင့္အေရးရတုန္း စီေရာ္နယ္လ္ဒိုကို ဝိုင္းၿပီး Troll ေနၾကတာလို႔ ယူဆရမွာပါပဲ။