ချယ်လ်ဆီးနဲ့ အမှတ်ပေးဖလား မသက်ဆိုင်တော့ကြောင်း တူချယ်ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်သူ ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ်တူချယ်ဟာ လမ်းပတ်အစား အမြဲတမ်းမန်နေဂျာအဖြစ် ခန့်အပ်ခံရပြီး ၂၄ နာရီအတွင်းမှာပဲ ချယ်ဆီးမန်နေဂျာဘဝ ပထမဆုံးပွဲကို စတမ်းဖိုဒ့်ဘရစ်မှာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ကတိုက်ကရိုက်တာဝန်ယူခဲ့ရတာကြောင့် တူချယ်ဟာ ပွဲမတိုင်ခင် အသင်းသစ်နဲ့အတူ လေ့ကျင့်ရေး တစ်ကြိမ်သာ လုပ်ခဲ့ရပြီး လက်တွေ့ဆင်းဖို့ အချိန်မလုံလောက်ခဲ့ပါဘူး။

အခုတော့ နည်းပြသစ်တူချယ်က ချယ်လ်ဆီး အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို မရနိုင်တော့ကြောင်း ရာသီကုန်ရင် ထိပ်သီး လေးသင်းထဲမှာ ပါဝင်ဖို့ကလည်း မသေချာနိုင်ကြောင်း ဝုလ်ဗ် အသင်း နဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

“အမှတ်ပေးဖလားကအဝေးကြီးပါ။ ကျွန်တော်တို့ လက်တွေ့ဆန်ဖို့ လိုပါတယ်။ ချယ်လ်ဆီးလို အသင်းအတွက် စာချုပ်ချုပ်လိုက်တဲ့အခါ ဆုဖလားတွေ စိန်ခေါ်ဖို့ မျှော်လင့်ထားကြတာပါပဲ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ရနိုင်သမျှ ဖလားအားလုံးအတွက်ပေါ့။ ဒါပေမယ့် လက်တွေ့ကျကျစဉ်းစားသုံးသပ်ဖို့တော့ လိုပါတယ်။”

“ကျွန်တော်တို့ နေရာ နဲ့ အဆင့်လေး နေရာအကြားမှာ အသင်းတွေ အများကြီး နဲ့ ရမှတ် ကွာဟမှုတွေ အများကြီး ရှိနေပါတယ်။ အကောင်းဆုံး အရာကတော့ ကျွန်တော်တို့ အနေနဲ့ အာရုံမထွေပြားဘဲ လက်ရှိ အနေအထားအတွက်ပဲအာရုံစူးစိုက်ရပါမယ်။ အဝေးကြီးကို မျှော်မကြည့်ဖို့ပါပဲ။”

“နေ့စဉ်အခြေခံအရာလေးတွေမှာ အသေးစိတ်က အစ ဂရုတစိုက်လုပ်ဆောင်ရပါမယ်။ ဒါမှသာ ပွဲတွေမှာ အနိုင်ရပြီး ရမှတ်တွေက နောက်ကလိုက်လာမှာပါ။ ကျွန်တော်တို့ အကောင်းဆုံးပြန်လည်စတင်ပြီး ဘယ်အသင်းကမှ ရင်ဆိုင်မကစားရဲတဲ့ အသင်းမျိုး ဖြစ်အောင် ကျွန်တော်တို့ တည်ဆောက်သွားရပါမယ်။ အဲဒီလို မြန်မြန် လုပ်ဆောင်ဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ။”

“အခုပွဲမှာ အနိုင်မရတဲ့အတွက် စိတ်ပျက်မိပါတယ်။ အသင်းသားတွေရဲ့ အားထုတ်မှုအတွက် အနိုင်ရဖို့ ထိုက်တန်ခဲ့တာပါ။ ဒါပေမယ့်ကျွန်တော် အဝတ်လဲခန်းထဲမှာ စကားပြောခဲ့ပြီးတော့အဲ ဒီရလဒ်အတွက် စိတ်ပျက်တာမျိုး ဖြစ်ဖို့ မလိုအပ်ဘူးလို့ ကစားသမားတိုင်းကို ပြောခဲ့ပါတယ်။” ဆိုပြီး နည်းပြသစ် တူချယ်ကပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ယ္လ္ဆီးနဲ႔ အမွတ္ေပးဖလား မသက္ဆိုင္ေတာ့ေၾကာင္း တူခ်ယ္ဝန္ခံ

ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပသစ္ျဖစ္သူ ပီအက္စ္ဂ်ီ နည္းျပေဟာင္း ေသာမတ္စ္တူခ်ယ္ဟာ လမ္းပတ္အစား အၿမဲတမ္းမန္ေနဂ်ာအျဖစ္ ခန႔္အပ္ခံရၿပီး ၂၄ နာရီအတြင္းမွာပဲ ခ်ယ္ဆီးမန္ေနဂ်ာဘဝ ပထမဆုံးပြဲကို စတမ္းဖိုဒ့္ဘရစ္မွာ ကစားခဲ့ရတာ ျဖစ္ပါတယ္။ ကတိုက္က႐ိုက္တာဝန္ယူခဲ့ရတာေၾကာင့္ တူခ်ယ္ဟာ ပြဲမတိုင္ခင္ အသင္းသစ္နဲ႔အတူ ေလ့က်င့္ေရး တစ္ႀကိမ္သာ လုပ္ခဲ့ရၿပီး လက္ေတြ႕ဆင္းဖို႔ အခ်ိန္မလုံေလာက္ခဲ့ပါဘူး။ အခုေတာ့ နည္းျပသစ္တူခ်ယ္က ခ်ယ္လ္ဆီး အသင္းအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို မရႏိုင္ေတာ့ေၾကာင္း ရာသီကုန္ရင္ ထိပ္သီး ေလးသင္းထဲမွာ ပါဝင္ဖို႔ကလည္း မေသခ်ာႏိုင္ေၾကာင္း ဝုလ္ဗ္ အသင္း နဲ႔ သေရရလဒ္ ထြက္ေပၚခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ဝန္ခံေျပာၾကားခဲ့ပါတယ္။

“အမွတ္ေပးဖလားကအေဝးႀကီးပါ။ ကြၽန္ေတာ္တို႔ လက္ေတြ႕ဆန္ဖို႔ လိုပါတယ္။ ခ်ယ္လ္ဆီးလို အသင္းအတြက္ စာခ်ဳပ္ခ်ဳပ္လိုက္တဲ့အခါ ဆုဖလားေတြ စိန္ေခၚဖို႔ ေမွ်ာ္လင့္ထားၾကတာပါပဲ။ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ ရႏိုင္သမွ် ဖလားအားလုံးအတြက္ေပါ့။ ဒါေပမယ့္ လက္ေတြ႕က်က်စဥ္းစားသုံးသပ္ဖို႔ေတာ့ လိုပါတယ္။” “ကြၽန္ေတာ္တို႔ ေနရာ နဲ႔ အဆင့္ေလး ေနရာအၾကားမွာ အသင္းေတြ အမ်ားႀကီး နဲ႔ ရမွတ္ ကြာဟမႈေတြ အမ်ားႀကီး ရွိေနပါတယ္။ အေကာင္းဆုံး အရာကေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔ အာ႐ုံမေထြျပားဘဲ လက္ရွိ အေနအထားအတြက္ပဲအာ႐ုံစူးစိုက္ရပါမယ္။ အေဝးႀကီးကို ေမွ်ာ္မၾကည့္ဖို႔ပါပဲ။”

“ေန႔စဥ္အေျခခံအရာေလးေတြမွာ အေသးစိတ္က အစ ဂ႐ုတစိုက္လုပ္ေဆာင္ရပါမယ္။ ဒါမွသာ ပြဲေတြမွာ အႏိုင္ရၿပီး ရမွတ္ေတြက ေနာက္ကလိုက္လာမွာပါ။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျပန္လည္စတင္ၿပီး ဘယ္အသင္းကမွ ရင္ဆိုင္မကစားရဲတဲ့ အသင္းမ်ိဳး ျဖစ္ေအာင္ ကြၽန္ေတာ္တို႔ တည္ေဆာက္သြားရပါမယ္။ အဲဒီလို ျမန္ျမန္ လုပ္ေဆာင္ဖို႔က ကြၽန္ေတာ့္ရဲ႕ တာဝန္ပါပဲ။” “အခုပြဲမွာ အႏိုင္မရတဲ့အတြက္ စိတ္ပ်က္မိပါတယ္။ အသင္းသားေတြရဲ႕ အားထုတ္မႈအတြက္ အႏိုင္ရဖို႔ ထိုက္တန္ခဲ့တာပါ။ ဒါေပမယ့္ကြၽန္ေတာ္ အဝတ္လဲခန္းထဲမွာ စကားေျပာခဲ့ၿပီးေတာ့အဲ ဒီရလဒ္အတြက္ စိတ္ပ်က္တာမ်ိဳး ျဖစ္ဖို႔ မလိုအပ္ဘူးလို႔ ကစားသမားတိုင္းကို ေျပာခဲ့ပါတယ္။” ဆိုၿပီး နည္းျပသစ္ တူခ်ယ္က​​ေျပာဆိုပါတယ္။