ချယ်လ်ဆီး ကံကောင်းလို့ နိုင်တာပါဆိုပြီး ပြောတဲ့ ဘရန့်ဖို့ဒ်နည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ စနေနေ့ညနောက်ကျပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကအနိုင်ရခဲ့တာပါ။

ပထမပိုင်းမှာချယ်လ်ဆီးအသင်းဟာ ကွင်းတစ်ဝက်နီးပါးဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေ မကြာခဏဆိုသလိုရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ကွင်းလယ်ပိုင်းကိုအဓိက အသာစီးရယူပြီး ဝါနာ၊ ချီဝဲလ်တို့ရဲ့လျင်မြန်မှုတွေနဲ့ မကြာခဏထိုးဖောက်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှ ဂိုးရခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ချယ်လ်ဆီးအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့တယ်ဆိုပေမယ့် ပထမပိုင်းကလောက် တိုက်စစ်ဆင်တာမျိုးမမြင်တွေ့ရဘဲ အနည်းငယ်ပျင်းစရာဖြစ်သွားပါတယ်။

ဘရန့်ဖို့ဒ်အသင်းဘက်ကတောင် အန္တရာယ်များတဲ့ခြိမ်းခြောက်မှုမျိုး ပိုမိုပြုလုပ်လာခဲ့ပြီး ချယ်လ်ဆီးဂိုးသမားမန်ဒီနဲ့ နောက်တန်းကစားပုံကောင်းမွန်မှုတွေကြောင့် သက်သာခဲ့တာပါ။

ဘရန့်ဖို့ဒ် အသင်း မန်နေဂျာ သောမတ်စ် ဖရန့်ကတော့တစ်ဂိုး၊ဂိုးမရှိ ပွဲ ရလဒ်အပေါ် မကျေမနပ် ဖြစ်နေပြီး သူ့အသင်းသားတွေ ခြေစွမ်းက ဒီလိုပွဲ ၁၀ ခါ ကစားရင် ၉ခါ နိုင်တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

” ချယ်လ်ဆီးကို ကျွန်တော်တို့က လွှမ်းမိုး ကစားနိုင်ခဲ့တယ် ဆိုတာ ယုံတောင် မယုံချင်စရာပဲ မဟုတ်လား။

အထူးသဖြင့် နောက်ဆုံး မိနစ် ၃၀ မှာလေ။ ချယ်လ်ဆီးက တော်တော် ကံကောင်းလို့ပါ။ ပွဲကလည်း ရူးချင်စရာပဲ။

လွန်ခဲ့တဲ့ ၄ လ တုန်းက သူတို့ ချန်ပီယံလိဂ် ဗိုလ်စွဲထားတာလေ၊ အဲဒီတုန်းက ကျွန်တော်တို့ play-offs ကစားပြီး တန်းတက်လာချိန်ပါ။

ဒီနေ့ပွဲမှာဆို သူတို့ ပထမပိုင်းမှာ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ဘဲ ဘောလုံး ပိုင်ဆိုင်မှုပဲ အသာစီး ယူထားနိုင်တယ်။

အဲဒီနောက် ကျွန်တော်တို့ အပြောင်းအလဲတွေ လုပ်ပြီး အခွင့်ကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်။

ကျွန်တော်တို့ ဂိုးပေါက် ကန်ချက် ၅ ကြိမ်စီ တူတူပဲ။ ဒါက အထင်ကြီးစရာပဲ။

ဒီပွဲကို ကျွန်တော်တို့ ၁ဝ ခါ ကစားရင်၊ ၉ ခါက နိုင်ကို နိုင်တယ်။ ” လို့ သောမတ်စ် ဖရန့်က ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ယ္လ္ဆီး ကံေကာင္းလို႔ ႏိုင္တာပါဆိုၿပီး ေျပာတဲ့ ဘရန႔္ဖို႔ဒ္နည္းျပ

ပရီးမီးယားလိဂ္ပြဲစဥ္(၈)ရဲ႕ စေနေန႔ညေနာက္က်ပြဲစဥ္အျဖစ္ကစားခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းကအႏိုင္ရခဲ့တာပါ။ပထမပိုင္းမွာခ်ယ္လ္ဆီးအသင္းဟာ ကြင္းတစ္ဝက္နီးပါးဖိအားေပးကစားႏိုင္ခဲ့ၿပီး ဂိုးကန္သြင္းခြင့္ေတြ မၾကာခဏဆိုသလိုရခဲ့ပါတယ္။ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ကြင္းလယ္ပိုင္းကိုအဓိက အသာစီးရယူၿပီး ဝါနာ၊ ခ်ီဝဲလ္တို႔ရဲ႕လ်င္ျမန္မႈေတြနဲ႔ မၾကာခဏထိုးေဖာက္ခဲ့ေပမယ့္ ပထမပိုင္းၿပီးခါနီးမွ ဂိုးရခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ခ်ယ္လ္ဆီးအသင္းကပဲ ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ကစားႏိုင္ခဲ့တယ္ဆိုေပမယ့္ ပထမပိုင္းကေလာက္ တိုက္စစ္ဆင္တာမ်ိဳးမျမင္ေတြ႕ရဘဲ အနည္းငယ္ပ်င္းစရာျဖစ္သြားပါတယ္။ဘရန႔္ဖို႔ဒ္အသင္းဘက္ကေတာင္ အႏၲရာယ္မ်ားတဲ့ၿခိမ္းေျခာက္မႈမ်ိဳး ပိုမိုျပဳလုပ္လာခဲ့ၿပီး ခ်ယ္လ္ဆီးဂိုးသမားမန္ဒီနဲ႔ ေနာက္တန္းကစားပုံေကာင္းမြန္မႈေတြေၾကာင့္ သက္သာခဲ့တာပါ။

ဘရန႔္ဖို႔ဒ္ အသင္း မန္ေနဂ်ာ ေသာမတ္စ္ ဖရန႔္ကေတာ့တစ္ဂိုး၊ဂိုးမရွိ ပြဲ ရလဒ္အေပၚ မေက်မနပ္ ျဖစ္ေနၿပီး သူ႔အသင္းသားေတြ ေျခစြမ္းက ဒီလိုပြဲ ၁၀ ခါ ကစားရင္ ၉ခါ ႏိုင္တယ္လို႔ ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

” ခ်ယ္လ္ဆီးကို ကြၽန္​ေတာ္တို႔က လႊမ္းမိုး ကစားႏိုင္ခဲ့တယ္ ဆိုတာ ယုံေတာင္ မယုံခ်င္စရာပဲ မဟုတ္လား။အထူးသျဖင့္ ေနာက္ဆုံး မိနစ္ ၃၀ မွာေလ။ ခ်ယ္လ္ဆီးက ေတာ္ေတာ္ ကံေကာင္းလို႔ပါ။ ပြဲကလည္း ႐ူးခ်င္စရာပဲ။လြန္ခဲ့တဲ့ ၄ လ တုန္းက သူတို႔ ခ်န္ပီယံလိဂ္ ဗိုလ္စြဲထားတာေလ၊ အဲဒီတုန္းက ကြၽန္​ေတာ္တို႔ play-offs ကစားၿပီး တန္းတက္လာခ်ိန္ပါ။ ဒီေန႔ပြဲမွာဆို သူတို႔ ပထမပိုင္းမွာ ဘာအခြင့္အေရးမွ မဖန္တီးႏိုင္ဘဲ ေဘာလုံး ပိုင္ဆိုင္မႈပဲ အသာစီး ယူထားႏိုင္တယ္။ အဲဒီေနာက္ ကြၽန္​ေတာ္တို႔ အေျပာင္းအလဲေတြ လုပ္ၿပီး အခြင့္ေကာင္းေတြ ဖန္တီးႏိုင္ခဲ့တယ္။ကြၽန္​ေတာ္တို႔ ဂိုးေပါက္ ကန္ခ်က္ ၅ ႀကိမ္စီ တူတူပဲ။ ဒါက အထင္ႀကီးစရာပဲ။ ဒီပြဲကို ကြၽန္​ေတာ္တို႔ ၁ဝ ခါ ကစားရင္၊ ၉ ခါက ႏိုင္ကို ႏိုင္တယ္။ ” လို႔ ေသာမတ္စ္ ဖရန႔္က ေျပာဆိုခဲ့ပါတယ္။