ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ် နောက်နှစ်မှာ ကစားသမားအသစ်ခေါ်ယူတော့မှာလား?

photo internet

ချယ်လ်ဆီးအသင်းအနေနဲ့ အဲဗာတန်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ 3ဂိုး 1ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ခံစစ်ပိုင်းအနေအထားမကောင်းတဲ့ ချယ်လ်ဆီးအသင်းအတွက် ပရိသတ်တွေက ကစားသမားအသစ်ခေါ်ယူစေချင်နေကြပါတယ်။ နောက်နှစ်မှာ ချယ်လ်ဆီးအသင်းအနေနဲ့ ခံစစ်ကစားသမားနှစ်ယောက်လောက်ခေါ်ယူဖို့အခြေအနေရှိမရှိကို နည်းပြလမ်းပတ် ကပြောဆိုလာခဲ့ပါတယ်။

photo internet

ချယ်လ်ဆီးအသင်းအနေနဲ့ Transfer ban ပြစ်ဒဏ်ကနေလွတ်ကင်းခွင့်ရထားတာကြောင့် ကစားသမားအသစ်ခေါ်ယူနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် နည်းပြလမ်းပတ်ကတော့ ကစားသမားအသစ်ခေါ်ယူမယ့်ကိစ္စကို လျင်လျင်မြန်မြန်ဆုံးဖြတ်သွားမှာမဟုတ်ကြောင်းပြောဆို လာခဲ့ပါတယ်။ ကစားသမားခေါ်ယူဖို့လိုအပ်ကောင်းလိုအပ်နိုင်ပေမယ့် သူ့အနေနဲ့အဲဒီကိစ္စကို အလောတကြီးဆုံးဖြတ်မှာမဟုတ်ကြောင်းနဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိကစားသမားတွေနဲ့သာ တိုက်စစ်နဲ့ခံစစ်အပိုင်းအတွက် ဟန်ချက်ထိန်းကစားသွားဖို့အရေးကြီးကြောင်းပြောပါတယ်။

photo internet

“အခုရာသီအစပိုင်းမှာတုန်းက ကျွန်တော်တို့အနေနဲ့ ကစားသမားအသစ်ခေါ်ဖို့မလိုဘူးဆိုတဲ့ စကားသံတွေကြားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အကယ်ဒမီက ကစားသမားကောင်းတွေ ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။ ကျွန်တော်တို့ကစားသမားအင်အားတောင့်တင်းနေတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကစားသမားအသစ်ခေါ်ယူနိုင်တဲ့အခွင့်အရေးကို အသုံးချကောင်းလည်းအသုံးချနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်အသင်းမှာအင်အားတောင့်တင်းဖို့က အရေးကြီးပါတယ်”လို့ နည်းပြလမ်းပတ်ကပြောပါတယ်။

photo internet

“အဲဗာတန်နဲ့ပွဲမှာရှုံးတဲ့ရလဒ်က ကျွန်တော်တို့အတွက်ခံစားချက်ဘာမှမပြောင်းလဲပါဘူး။ နောက်ထပ်ပွဲစဉ်တွေကိုလည်း ဒီလိုပဲအကောင်းဆုံးကစားနေမှာပါ။ ပွဲကောင်းတွေရဲ့ဖိအားဟာလူငယ်တွေအတွက် တကယ်ကောင်းတဲ့ အတွေ့အကြုံတွေပေးစွမ်းနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပွဲကြီးတွေနဲ့တွေ့ရတာကို ကစားသမားဘဝကတည်းက နှစ်သက်ပါတယ်။ လူငယ်ကစားသမားတွေ အနေနဲ့လည်း အဲလိုစိတ်ထားမျိုးရှိသင့် ပါတယ်”လို့နည်းပြလမ်းပတ်ကဆိုပါတယ်။ ချယ်လ်ဆီးအသင်း နည်းပြဖရန့် လမ်းပတ် အတွက်လာမယ့်ဇန်နဝါရီလ အပြောင်းအရွှေ့အသုံးစရိတ်က ပေါင်သန်း ၁၅၀ အထိရှိတယ်ဆိုပြီးတော့လည်းသတင်း တွေထွက်ပေါ်နေပါတယ်။

photo internet

(Zawgyi Version)

ခ်ယ္လ္ဆီးအသင္းနည္းျပလမ္းပတ္ ေနာက္ႏွစ္မွာ ကစားသမားအသစ္ေခၚယူေတာ့မွာလား?

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အဲဗာတန္နဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ 3ဂိုး 1ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ ခံစစ္ပိုင္းအေနအထားမေကာင္းတဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ ပရိသတ္ေတြက ကစားသမားအသစ္ေခၚယူေစခ်င္ေနၾကပါတယ္။ ေနာက္ႏွစ္မွာ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ခံစစ္ကစားသမားႏွစ္ေယာက္ေလာက္ေခၚယူဖို႔အေျခအေနရိွမရိွကို နည္းျပလမ္းပတ္ ကေျပာဆိုလာခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ Transfer ban ျပစ္ဒဏ္ကေနလြတ္ကင္းခြင့္ရထားတာေၾကာင့္ ကစားသမားအသစ္ေခၚယူႏိုင္တဲ့အခြင့္အေရးရိွပါတယ္။ ဒါေပမယ့္ နည္းျပလမ္းပတ္ကေတာ့ ကစားသမားအသစ္ေခၚယူမယ့္ကိစၥကို လ်င္လ်င္ျမန္ျမန္ဆုံးျဖတ္သြားမွာမဟုတ္ေၾကာင္းေျပာဆို လာခဲ့ပါတယ္။ ကစားသမားေခၚယူဖို႔လုိအပ္ေကာင္းလုိအပ္ႏိုင္ေပမယ့္ သူ႔အေနနဲ႔အဲဒီကိစၥကို အေလာတႀကီးဆုံးျဖတ္မွာမဟုတ္ေၾကာင္းနဲ႔ ခ်ယ္လ္ဆီးအသင္းဟာ လက္ရိွကစားသမားေတြနဲ႔သာ တိုက္စစ္နဲ႔ခံစစ္အပုိင္းအတြက္ ဟန္ခ်က္ထိန္းကစားသြားဖို႔အေရးႀကီးေၾကာင္းေျပာပါတယ္။

“အခုရာသီအစပိုင္းမွာတုန္းက ကၽြန္ေတာ္တို႔အေနနဲ႔ ကစားသမားအသစ္ေခၚဖို႔မလုိဘူးဆိုတဲ့ စကားသံေတြၾကားခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အကယ္ဒမီက ကစားသမားေကာင္းေတြ ရိွတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ပါ။ ကၽြန္ေတာ္တို႔ကစားသမားအင္အားေတာင့္တင္းေနတယ္လို႔ ယုံၾကည္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ကစားသမားအသစ္ေခၚယူႏိုင္တဲ့အခြင့္အေရးကို အသုံးခ်ေကာင္းလည္းအသုံးခ်ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္အသင္းမွာအင္အားေတာင့္တင္းဖို႔က အေရးႀကီးပါတယ္”လို႔ နည္းျပလမ္းပတ္ကေျပာပါတယ္။

“အဲဗာတန္နဲ႔ပြဲမွာရႈံးတဲ့ရလဒ္က ကၽြန္ေတာ္တို႔အတြက္ခံစားခ်က္ဘာမွမေျပာင္းလဲပါဘူး။ ေနာက္ထပ္ပြဲစဥ္ေတြကိုလည္း ဒီလုိပဲအေကာင္းဆုံးကစားေနမွာပါ။ ပြဲေကာင္းေတြရဲ႕ဖိအားဟာလူငယ္ေတြအတြက္ တကယ္ေကာင္းတဲ့ အေတြ႕အႀကဳံေတြေပးစြမ္းႏိုင္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ပြဲႀကီးေတြနဲ႔ေတြ႕ရတာကို ကစားသမားဘ၀ကတည္းက ႏွစ္သက္ပါတယ္။ လူငယ္ကစားသမားေတြ အေနနဲ႔လည္း အဲလိုစိတ္ထားမ်ဳိးရိွသင့္ပါတယ္”လို႔နည္းျပလမ္းပတ္ကဆိုပါတယ္။ ခ်ယ္လ္ဆီးအသင္း နည္းျပဖရန႔္ လမ္းပတ္ အတြက္လာမယ့္ဇန္နဝါရီလအေျပာင္းအေ႐ႊ႕အသုံးစရိတ္က ေပါင္သန္း ၁၅၀ အထိရွိတယ္ဆိုၿပီးေတာ့လည္းသတင္းေတြထြက္ေပၚေနပါတယ္။