ချယ်လ်ဆီးအသင်းရဲ့ လက်ရှိတိုက်စစ်ကစားသမားတွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားဟောင်း ပတ်ဒရို

ဒီနေ့မနက်အစောပိုင်းက ဗီရိုနာနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲမှာ လာဇီယိုအသင်းရဲ့

စပိန်ဝါရင့်ကစားသမား ပတ်ဒရိုဟာ လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပြီး

အဲဒီဂိုးကို ပရိသတ်တွေက အွန်လိုင်းပေါ်မှာ ချီးကျူးနေကြပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ တောင်ပံတိုက်စစ်ကစားသမား

ပတ်ဒရိုဟာ ဘောလုံးသမားဘ၀ နေဝင်ချိန်ရောက်လာပြီဖြစ်ပေမယ့်

ခြေစွမ်းမကျသေးဘူးဆိုတာ အခု သွင်းဂိုးနဲ့ သက်သေပြလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းမှာ ၂၀၁၅ ကနေ ၂၀၂၀ အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်၊

FA ဖလား၊ ယူရိုပါလိဂ်ဖလားတွေ ရယူခဲ့သူ ပတ်ဒရိုဟာ ၂၀၂၀ မှာ

ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့သလို ၂၀၂၁ မှာ လာဇီယိုကို ရောက်ရှိခဲ့တာ

ဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် ပတ်ဒရိုရဲ့ စွမ်းဆောင်ရည်က

ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်ပြီး ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ လာဇီယိုအသင်းအတွက်

(၁၉)ပွဲကစား၊ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားတာကြောင့်

ဒါဟာ သူ့အသင်းဟောင်း ချယ်လ်ဆီးရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့

ဇီယက်ချ်၊ ပူလီဆစ်၊ အူဘာမီယန်းတို့ထက် စွမ်းဆောင်ရည် ပိုကောင်းနေပါတယ်။

ဒီနေ့မနက်ပိုင်းက ဗီရိုနာနဲ့ (၁-၁)ဂိုးစီသရေကျတဲ့ပွဲမှာ ပတ်ဒရိုက

ပယ်နယ်တီဧရိယာထဲကနေ ဘယ်ခြေနဲ့ဝေ့ဝိုက်ကန်သွင်းပြီး

အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီဂိုးကို ပရိသတ်တွေက ‘မယုံနိုင်လောက်တဲ့

အဆုံးသတ်မှု’၊ ‘ပတ်ဒရိုမှာ အရည်အချင်း အများကြီးကျန်သေးတယ်’၊

‘လုံး၀ မယုံကြည်နိုင်အောင်ဖြစ်ရတဲ့ ဂိုးပါပဲ။ တကယ်ကို လှပလွန်းပါတယ်’၊

‘အရမ်းချစ်တယ် .. ပတ်ဒရိုရေ’ဆိုပြီး Twitter မှာ ချီးကျူးရေးသားခဲ့ပါတယ်။

ပတ်ဒရိုဟာ ဘောလုံးသမားဘဝတစ်လျှောက်မှာ ဘာစီလိုနာနဲ့အတူ

လာလီဂါ(၅)ကြိမ်၊ ချန်ပီယံလိဂ်(၃)ကြိမ်အပါအဝင် ဆုဖလားပေါင်း

အခု(၂၀)အထိ ရယူခဲ့သလို လက်ရွေးစင်ကစားသမားဘဝမှာလည်း

စပိန်အသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၂ ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

zawgyi

ခ်ယ္လ္ဆီးအသင္းရဲ႕ လက္ရွိတိုက္စစ္ကစားသမားေတြထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ျပသခဲ့တဲ့ ကစားသမားေဟာင္း ပတ္ဒ႐ို

ဒီေန႔မနက္အေစာပိုင္းက ဗီ႐ိုနာနဲ႔ကစားခဲ့တဲ့ စီးရီးေအပြဲမွာ လာဇီယိုအသင္းရဲ႕

စပိန္ဝါရင့္ကစားသမား ပတ္ဒ႐ိုဟာ လွပတဲ့ကန္ခ်က္နဲ႔ ဂိုးသြင္းယူခဲ့ၿပီး

အဲဒီဂိုးကို ပရိသတ္ေတြက အြန္လိုင္းေပၚမွာ ခ်ီးက်ဴးေနၾကပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေတာင္ပံတိုက္စစ္ကစားသမား

ပတ္ဒ႐ိုဟာ ေဘာလုံးသမားဘ၀ ေနဝင္ခ်ိန္ေရာက္လာၿပီျဖစ္ေပမယ့္

ေျခစြမ္းမက်ေသးဘူးဆိုတာ အခု သြင္းဂိုးနဲ႔ သက္ေသျပလိုက္ပါတယ္။

ခ်ယ္လ္ဆီးအသင္းမွာ ၂၀၁၅ ကေန ၂၀၂၀ အထိကစားခဲ့ၿပီး ပရီးမီးယားလိဂ္၊

FA ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြ ရယူခဲ့သူ ပတ္ဒ႐ိုဟာ ၂၀၂၀ မွာ

႐ိုးမားအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သလို ၂၀၂၁ မွာ လာဇီယိုကို ေရာက္ရွိခဲ့တာ

ျဖစ္ပါတယ္။ အသက္အ႐ြယ္ရလာၿပီျဖစ္ေပမယ့္ ပတ္ဒ႐ိုရဲ႕ စြမ္းေဆာင္ရည္က

ထိပ္တန္းအဆင့္မွာရွိေနဆဲျဖစ္ၿပီး ဒီရာသီ စီးရီးေအၿပိဳင္ပြဲမွာ လာဇီယိုအသင္းအတြက္

(၁၉)ပြဲကစား၊ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၄)ႀကိမ္ျပဳလုပ္ထားတာေၾကာင့္

ဒါဟာ သူ႔အသင္းေဟာင္း ခ်ယ္လ္ဆီးရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္တဲ့

ဇီယက္ခ်္၊ ပူလီဆစ္၊ အူဘာမီယန္းတို႔ထက္ စြမ္းေဆာင္ရည္ ပိုေကာင္းေနပါတယ္။

ဒီေန႔မနက္ပိုင္းက ဗီ႐ိုနာနဲ႔ (၁-၁)ဂိုးစီသေရက်တဲ့ပြဲမွာ ပတ္ဒ႐ိုက

ပယ္နယ္တီဧရိယာထဲကေန ဘယ္ေျခနဲ႔ေဝ့ဝိုက္ကန္သြင္းၿပီး

အဖြင့္ဂိုးသြင္းယူခဲ့ပါတယ္။ အဲဒီဂိုးကို ပရိသတ္ေတြက ‘မယုံႏိုင္ေလာက္တဲ့

အဆုံးသတ္မႈ’၊ ‘ပတ္ဒ႐ိုမွာ အရည္အခ်င္း အမ်ားႀကီးက်န္ေသးတယ္’၊

‘လုံး၀ မယုံၾကည္ႏိုင္ေအာင္ျဖစ္ရတဲ့ ဂိုးပါပဲ။ တကယ္ကို လွပလြန္းပါတယ္’၊

‘အရမ္းခ်စ္တယ္ .. ပတ္ဒ႐ိုေရ’ဆိုၿပီး Twitter မွာ ခ်ီးက်ဴးေရးသားခဲ့ပါတယ္။

ပတ္ဒ႐ိုဟာ ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာ ဘာစီလိုနာနဲ႔အတူ

လာလီဂါ(၅)ႀကိမ္၊ ခ်န္ပီယံလိဂ္(၃)ႀကိမ္အပါအဝင္ ဆုဖလားေပါင္း

အခု(၂၀)အထိ ရယူခဲ့သလို လက္ေ႐ြးစင္ကစားသမားဘဝမွာလည္း

စပိန္အသင္းနဲ႔ ၂၀၁၀ ကမာၻ႔ဖလား၊ ယူ႐ို-၂၀၁၂ ခ်န္ပီယံဆုေတြ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။