
1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…
ရိုးမားအသင်းမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ တိုက်စစ်မှူးအေဘရာဟမ်ဟာ အခုဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ တစ်ကျော့ပြန်ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။
အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူအေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချယ်လ်ဆီးအသင်းကနေ နည်းပြဟောင်းမော်ရင်ဟိုကိုင်တွယ်နေတဲ့ ရိုးမားအသင်းဆီပေါင်(၃၄)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ရိုးမားအသင်းမှာ ပုံစံကောင်းပြသနေတာကြောင့် ချယ်လ်ဆီးပရိသတ်တွေကတော့ အေဘရာဟမ်ကို လွမ်းနေလောက်ပါပြီ။
အခုဆိုရင် အေဘရာဟမ်ဟာ ရိုးမားအသင်းအတွက် (၉)ပွဲသာကစားပြီးချိန်မှာပဲ (၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ထားတာကြောင့် သူပါဝင်ပတ်သက်ခဲ့တဲ့ဂိုးအရေအတွက်က (၆)ဂိုးအထိရှိနေပြီး
ဒါတောင် ဂိုးကန်သွင်းချက်(၆)ကြိမ်ဟာ ကံဆိုးစွာနဲ့တိုင်ထိလွဲချော်ခဲ့တဲ့အတွက် အေဘရာဟမ်ရဲ့သွင်းဂိုးက အခုထက်ပိုမများခဲ့တာဖြစ်ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေပြသနေတဲ့ အေဘရာဟမ်ကို အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က အန်ဒိုရာ၊ ဟန်ဂေရီတို့နဲ့ကစားမယ့် ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် လက်ရွေးစင်အသင်းမှာရွေးချယ်ခဲ့ပြီး အေဘရာဟမ်ဟာ (၁၀)လအကြာမှာ နိုင်ငံအသင်းအတွက်ပထမဆုံးအကြိမ်ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အေဘရာဟမ် ပထမဆုံးရွေးချယ်ခံခဲ့ရတာက ၂၀၁၇ ခုနှစ်မှာဖြစ်ပြီး ဂျာမနီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့သလို
သူ့ရဲ့ပထမဆုံးနိုင်ငံတကာသွင်းဂိုးကိုတော့ လက်ရွေးစင်အသင်းအတွက်ပွဲထွက်ကစားအပြီး(၂)နှစ်အကြာ မွန်တီနီဂရိုးကို (၇-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့ပါတယ်။
ချယ်လ်ဆီးနည်းပြဟောင်းလမ်းပတ်လက်ထက်မှာ ပုံမှန်ကစားခွင့်ရခဲ့သလို ဂိုးတွေလည်းသွင်းယူခဲ့တဲ့ အေဘရာဟမ်ဟာ ဇန်နဝါရီလမှာ လမ်းပတ်အစားတူချယ်လ်ကို
နည်းပြသစ်ခန့်အပ်လိုက်ချိန်မှာတော့ တူချယ်လ်က သူ့ကို ဦးစားပေးအဖြစ်အသုံးမပြုခဲ့တာကြောင့် နွေရာသီအပြောင်းအရွှေ့မှာ ရိုးမားအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ပုံမှန်ကစားခွင့်မရတာတောင် အေဘရာဟမ်က ပြိုင်ပွဲစုံ(၃၂)ပွဲမှာ (၁၂)ဂိုးသွင်းယူခဲ့ပါသေးတယ်။
ချယ်လ်ဆီးအသင်းမှာတုန်းက အပစ်ပယ်ခံဘဝရောက်ခဲ့ပေမယ့် ရိုးမားအသင်းမှာတော့ နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံပြနိုင်ခဲ့လို့ အင်္ဂလန်အသင်းမှာတစ်ကျော့ပြန်ရွေးချယ်ခံခဲ့ရတဲ့အထိ
အောင်မြင်ခဲ့တဲ့ အေဘရာဟမ်ဟာ သူ့ဘဝတက်လမ်းအတွက် ချယ်လ်ဆီးနဲ့လမ်းခွဲခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။
1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…
zawgyi
ခ်ယ္လ္ဆီးအသင္းရဲ႕အပစ္ပယ္ခံဘဝကေန အဂၤလန္အသင္းမွာျပန္ေ႐ြးခ်ယ္ခံရတဲ့အထိေျပာင္းလဲႏိုင္ခဲ့တဲ့ ေအဘရာဟမ္
႐ိုးမားအသင္းမွာ ေျခစြမ္းေကာင္းေတြျပသေနတဲ့ တိုက္စစ္မႉးေအဘရာဟမ္ဟာ အခုဆိုရင္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြကစားမယ့္ အဂၤလန္အသင္းလူစာရင္းမွာ တစ္ေက်ာ့ျပန္ေ႐ြးခ်ယ္ခံခဲ့ရၿပီျဖစ္ပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူေအဘရာဟမ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ခ်ယ္လ္ဆီးအသင္းကေန နည္းျပေဟာင္းေမာ္ရင္ဟိုကိုင္တြယ္ေနတဲ့ ႐ိုးမားအသင္းဆီေပါင္(၃၄)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ႐ိုးမားအသင္းမွာ ပုံစံေကာင္းျပသေနတာေၾကာင့္ ခ်ယ္လ္ဆီးပရိသတ္ေတြကေတာ့ ေအဘရာဟမ္ကို လြမ္းေနေလာက္ပါၿပီ။
အခုဆိုရင္ ေအဘရာဟမ္ဟာ ႐ိုးမားအသင္းအတြက္ (၉)ပြဲသာကစားၿပီးခ်ိန္မွာပဲ (၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ထားတာေၾကာင့္ သူပါဝင္ပတ္သက္ခဲ့တဲ့ဂိုးအေရအတြက္က (၆)ဂိုးအထိရွိေနၿပီး ဒါေတာင္ ဂိုးကန္သြင္းခ်က္(၆)ႀကိမ္ဟာ ကံဆိုးစြာနဲ႔တိုင္ထိလြဲေခ်ာ္ခဲ့တဲ့အတြက္ ေအဘရာဟမ္ရဲ႕သြင္းဂိုးက အခုထက္ပိုမမ်ားခဲ့တာျဖစ္ပါတယ္။ ဒီလိုေျခစြမ္းေကာင္းေတြျပသေနတဲ့ ေအဘရာဟမ္ကို အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က အန္ဒိုရာ၊ ဟန္ေဂရီတို႔နဲ႔ကစားမယ့္ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ လက္ေ႐ြးစင္အသင္းမွာေ႐ြးခ်ယ္ခဲ့ၿပီး ေအဘရာဟမ္ဟာ (၁၀)လအၾကာမွာ ႏိုင္ငံအသင္းအတြက္ပထမဆုံးအႀကိမ္ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရတာပါ။
အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ေအဘရာဟမ္ ပထမဆုံးေ႐ြးခ်ယ္ခံခဲ့ရတာက ၂၀၁၇ ခုႏွစ္မွာျဖစ္ၿပီး ဂ်ာမနီနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ ပြဲဦးထြက္ပါဝင္ကစားခြင့္ရခဲ့သလို သူ႔ရဲ႕ပထမဆုံးႏိုင္ငံတကာသြင္းဂိုးကိုေတာ့ လက္ေ႐ြးစင္အသင္းအတြက္ပြဲထြက္ကစားအၿပီး(၂)ႏွစ္အၾကာ မြန္တီနီဂ႐ိုးကို (၇-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူခဲ့ပါတယ္။
ခ်ယ္လ္ဆီးနည္းျပေဟာင္းလမ္းပတ္လက္ထက္မွာ ပုံမွန္ကစားခြင့္ရခဲ့သလို ဂိုးေတြလည္းသြင္းယူခဲ့တဲ့ ေအဘရာဟမ္ဟာ ဇန္နဝါရီလမွာ လမ္းပတ္အစားတူခ်ယ္လ္ကို နည္းျပသစ္ခန႔္အပ္လိုက္ခ်ိန္မွာေတာ့ တူခ်ယ္လ္က သူ႔ကို ဦးစားေပးအျဖစ္အသုံးမျပဳခဲ့တာေၾကာင့္ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ႐ိုးမားအသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္းအတြက္ ပုံမွန္ကစားခြင့္မရတာေတာင္ ေအဘရာဟမ္က ၿပိဳင္ပြဲစုံ(၃၂)ပြဲမွာ (၁၂)ဂိုးသြင္းယူခဲ့ပါေသးတယ္။ ခ်ယ္လ္ဆီးအသင္းမွာတုန္းက အပစ္ပယ္ခံဘဝေရာက္ခဲ့ေပမယ့္ ႐ိုးမားအသင္းမွာေတာ့ နည္းျပေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာ အေကာင္းဆုံးပုံစံျပႏိုင္ခဲ့လို႔ အဂၤလန္အသင္းမွာတစ္ေက်ာ့ျပန္ေ႐ြးခ်ယ္ခံခဲ့ရတဲ့အထိ ေအာင္ျမင္ခဲ့တဲ့ ေအဘရာဟမ္ဟာ သူ႔ဘဝတက္လမ္းအတြက္ ခ်ယ္လ္ဆီးနဲ႔လမ္းခြဲခဲ့တာက မွန္ကန္တဲ့ဆုံးျဖတ္ခ်က္လို႔ပဲသတ္မွတ္ရမွာျဖစ္ပါတယ္။