M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အေဘရာဟမ်ဟာ ရိုးမားကို ပေါင် ၃၄သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းအား ခံစားချက်အပြည့်နဲ့ နှုတ်ဆက်သွားခဲ့ပြီး သူ့ကို အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးခဲ့တဲ့ အသင်းကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
လမ်းပတ် လက်ထက်မှာ ချယ်လ်ဆီး အသင်းရဲ့ အကယ်ဒမီကနေ စီနီယာအသင်းကြီးကို ရောက်ရှိလာခဲ့တဲ့ အေဘရာဟမ်ဟာ သောမတ်စ်တူချယ်ရောက်လာပြီးကတည်းက အနာဂတ် မသေချာတော့တာကြောင့် ကလေးဘဝကတည်းက မှီခိုလာခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ကျောခိုင်းစွန့်ခွာခဲ့တာပါ။
အေဘရာဟမ်ဟာ အင်စတာဂရမ်ကနေ တစ်ဆင့် ချယ်လ်ဆီးအသင်းမှာ နေခဲ့တဲ့ (၁၇)နှစ်တာ ကာလအတွင်း ထောက်ခံအားပေးခဲ့ကြတဲ့ ချယ်လ်ဆီးပရိသတ်တွေကို
“ကျွန်တော့်အတွက် မိသားစုလို အဓိပ္ပာယ်တွေ အများကြီးရှိတဲ့ ဒီအသင်းကို နှုတ်ဆက်ဖို့ အချိန်ကျလာပါပြီ။
Peckhamက ကလေးတစ်ယောက် အကယ်ဒမီကနေ စတင်ကစားပြီး ချန်ပီယံလိဂ်ဖလား ရတဲ့အထိ ဒီနှစ်တွေ အကုန်လုံးမှာ ကျွန်တော့်ကို အားပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။”
”ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ ချယ်လ်ဆီးအကယ်ဒမီနဲ့ ဒီမှာရှိတဲ့ ဝန်ထမ်းတွေ အကုန်လုံး နောက်ပြီး ကျွန်တော့်ကို အမြဲတမ်း ထောက်ပံ့အားပေးခဲ့တဲ့ ချယ်လ်ဆီးပရိသတ်တွေကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။
ခင်ဗျားတို့ရဲ့ ထောက်ခံမှု မပါဘဲ ဒီနေ့အချိန်မှာ ကျွန်တော်ဆိုတာ ဖြစ်မလာနိုင်ပါဘူး။
သူငယ်ချင်းတို့ရေ ချယ်လ်ဆီးအတွက် နောက်ထပ်ဆုဖလားတွေ အများကြီး ယူလာပေးကြကွာ။
မင်းတို့အားလုံးကို ချစ်ခင်လျက်” ဆိုပြီး နှုတ်ဆက် ကျေးဇူးတင်စကားတွေ ဆိုထားပါတယ်။
၂၀၁၉-၂၀ရာသီအတွင်း အေဘရာဟမ်ဟာ ပြိင်ပွဲစုံ ၄၇ပွဲကစားကာ ၁၈ဂိုး သွင်းပြီး တိုက်စစ်ကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။
ရိုးမားနဲ့ သဘောတူညီချက်ထဲမှာ ချယ်လ်ဆီးက ပေါင် ၆၈သန်း ဝန်းကျင်နဲ့ ပြန်လည်ခေါ်ယူခွင့် ထည့်သွင်းထားပြီး ဒါရိုက်တာ မာရီနာကလည်း အင်္ဂလန်သားကို စတန်းဖို့ဒ်ဘရစ်ခ်ျက အမြဲကြိုဆိုနေမှာဖြစ်တယ်လို့ ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ချယ်လ်ဆီးအသင်းမှာ နေခဲ့တဲ့ (၁၇)နှစ်တာအတွက် အေဘရာဟမ်ရဲ့ နှုတ်ဆက်စကားသံ