
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်နေရတဲ့ သူတို့ကစားသမားဟောင်းဟာဇက်ကို ပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။
အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းမှာ (၇)ရာသီကြာကစားသမားဘဝဖြတ်သန်းခဲ့ပြီးနောက်
၂၀၁၉ ခုနှစ်မှာ ရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့ပေမယ့် ပုံမှန်ခြေစွမ်းမပြနိုင်တဲ့အပြင် ဒဏ်ရာတွေကြောင့် မကြာခဏအနားယူခဲ့ရတဲ့အတွက် နှစ်ရာသီပေါင်းမှ စုစုပေါင်း(၄၃)ပွဲသာကစားခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်(၂)ကြိမ်၊ ယူရိုပါလိဂ်(၂)ကြိမ်၊ FA ဖလား၊ လိဂ်ဖလားတစ်ကြိမ်စီရယူနိုင်ခဲ့တဲ့ ဟာဇက်ကို ချယ်လ်ဆီးပရိသတ်တွေက အခုအချိန်အထိ အသင်းရဲ့သူရဲကောင်းတစ်ဦးအဖြစ်သတ်မှတ်ထားဆဲဖြစ်သလို
ချယ်လ်ဆီးအသင်းကလည်း ပရိသတ်အချစ်တော်ကစားသမားဖြစ်ခဲ့တဲ့ ဟာဇက်ကို ပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် အသင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဇီယက်ချ်၊ ပူလီဆစ်၊ ဟာဗတ်စ်တို့ရှိနေတာကြောင့် ဟာဇက်က သူတို့ရဲ့ဦးစားပေးပစ်မှတ်တော့မဟုတ်ပါဘူး။
အခုလောလောဆယ် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ရှာဖွေနေပြီး ဒေ့ါမွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။
တကယ်လို့ ချယ်လ်ဆီးအသင်းဟာ ဟာဇက်ကို ပြန်လည်ကြိုးပမ်းမယ်ဆိုရင် ရီးယဲလ်အသင်းက သူတို့ကစားသမားအတွက် ပေါင်သန်း(၅၀)လောက်ရရင် လက်ခံသွားဖို့ရှိနေပါပြီ။
ရီးယဲလ်အသင်းဟာ ဟာဇက်ကို ခေါ်ယူခဲ့တုန်းက ပေါင်(၈၈)သန်းအထိအသုံးပြုခဲ့ရပေမယ့် လတ်တလောမှာ ဟာဇက်က ဒဏ်ရာတွေနဲ့သာရုန်းကန်နေရလို့ သူ့ရဲ့စျေးကွက်ပေါက်ကြေးက အရင်လောက်တန်ဖိုးမရှိတော့တာပါ။
ဟာဇက်ဟာ ရီးယဲလ်ကစားသမားဘဝတစ်လျှောက် ခြေချင်းဝတ်ဒဏ်ရာတွေကြောင့် ပုံမှန်ကစားခွင့်မရခဲ့ဘဲ လာလီဂါပွဲပေါင်း(၃၀)ကစား၊ (၄)ဂိုးသာသွင်းယူနိုင်ပြီး ရီးယဲလ်အသင်းကလည်း သူတို့ရဲ့လစာငွေပမာဏကို လျှော့ချဖို့အတွက် ဟာဇက်ကို ရောင်းချဖို့စီစဉ်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ပြဿနာရှိတာက ဟာဇက်ဟာ ရီးယဲလ်အသင်းမှာ တစ်ပတ်ကို ပေါင်(၄၀၀,၀၀၀)အထိရရှိနေပြီး ဒါက ချယ်လ်ဆီးအသင်း လက်ရှိကစားသမားတွေရဲ့လစာထက် ပိုများတဲ့ပမာဏဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ဒီပမာဏအထိပေးဖို့ဆန္ဒရှိလားဆိုတာ မသေချာပါဘူး။
ရီးယဲလ်အသင်းနဲ့ ဟာဇက်တို့ရဲ့ လက်ရှိစာချုပ်သက်တမ်းက (၃)နှစ်ကျန်ရှိနေပြီး တကယ်လို့ အသင်းမှာ ဟာဇက် ဆက်နေမယ်ဆိုရင်တော့ လစာငွေလျှော့ယူရမယ့်အခြေအနေရှိနေပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyiခ်ယ္လ္ဆီးအသင္းက ျပန္ေခၚခ်င္ေနတဲ့ ဟာဇက္ကို ေပါင္(၅၁)သန္းရရင္ ရီးယဲလ္ေရာင္းခ်ဖို႔ရွိေန
ခ်ယ္လ္ဆီးအသင္းဟာ ရီးယဲလ္အသင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔သာ႐ုန္းကန္ေနရတဲ့ သူတို႔ကစားသမားေဟာင္းဟာဇက္ကို ျပန္လည္ေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနပါတယ္။ အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟာဇက္ဟာ ခ်ယ္လ္ဆီးအသင္းမွာ (၇)ရာသီၾကာကစားသမားဘဝျဖတ္သန္းခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းမျပႏိုင္တဲ့အျပင္ ဒဏ္ရာေတြေၾကာင့္ မၾကာခဏအနားယူခဲ့ရတဲ့အတြက္ ႏွစ္ရာသီေပါင္းမွ စုစုေပါင္း(၄၃)ပြဲသာကစားခဲ့ရပါတယ္။
ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၂)ႀကိမ္၊ ယူ႐ိုပါလိဂ္(၂)ႀကိမ္၊ FA ဖလား၊ လိဂ္ဖလားတစ္ႀကိမ္စီရယူႏိုင္ခဲ့တဲ့ ဟာဇက္ကို ခ်ယ္လ္ဆီးပရိသတ္ေတြက အခုအခ်ိန္အထိ အသင္းရဲ႕သူရဲေကာင္းတစ္ဦးအျဖစ္သတ္မွတ္ထားဆဲျဖစ္သလို ခ်ယ္လ္ဆီးအသင္းကလည္း ပရိသတ္အခ်စ္ေတာ္ကစားသမားျဖစ္ခဲ့တဲ့ ဟာဇက္ကို ျပန္လည္ေခၚယူဖို႔စိတ္ဝင္စားေနေပမယ့္ အသင္းမွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဇီယက္ခ်္၊ ပူလီဆစ္၊ ဟာဗတ္စ္တို႔ရွိေနတာေၾကာင့္ ဟာဇက္က သူတို႔ရဲ႕ဦးစားေပးပစ္မွတ္ေတာ့မဟုတ္ပါဘူး။
အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းဟာ တိုက္စစ္မႉးတစ္ဦးေခၚယူဖို႔ရွာေဖြေနၿပီး ေဒ့ါမြန္တိုက္စစ္မႉးဟာလန္းကို ေခၚယူဖို႔ႀကိဳးစားေနတာျဖစ္ပါတယ္။တကယ္လို႔ ခ်ယ္လ္ဆီးအသင္းဟာ ဟာဇက္ကို ျပန္လည္ႀကိဳးပမ္းမယ္ဆိုရင္ ရီးယဲလ္အသင္းက သူတို႔ကစားသမားအတြက္ ေပါင္သန္း(၅၀)ေလာက္ရရင္ လက္ခံသြားဖို႔ရွိေနပါၿပီ။ ရီးယဲလ္အသင္းဟာ ဟာဇက္ကို ေခၚယူခဲ့တုန္းက ေပါင္(၈၈)သန္းအထိအသုံးျပဳခဲ့ရေပမယ့္ လတ္တေလာမွာ ဟာဇက္က ဒဏ္ရာေတြနဲ႔သာ႐ုန္းကန္ေနရလို႔ သူ႔ရဲ႕ေစ်းကြက္ေပါက္ေၾကးက အရင္ေလာက္တန္ဖိုးမရွိေတာ့တာပါ။
ဟာဇက္ဟာ ရီးယဲလ္ကစားသမားဘဝတစ္ေလွ်ာက္ ေျခခ်င္းဝတ္ဒဏ္ရာေတြေၾကာင့္ ပုံမွန္ကစားခြင့္မရခဲ့ဘဲ လာလီဂါပြဲေပါင္း(၃၀)ကစား၊ (၄)ဂိုးသာသြင္းယူႏိုင္ၿပီး ရီးယဲလ္အသင္းကလည္း သူတို႔ရဲ႕လစာေငြပမာဏကို ေလွ်ာ့ခ်ဖို႔အတြက္ ဟာဇက္ကို ေရာင္းခ်ဖို႔စီစဥ္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ျပႆနာရွိတာက ဟာဇက္ဟာ ရီးယဲလ္အသင္းမွာ တစ္ပတ္ကို ေပါင္(၄၀၀,၀၀၀)အထိရရွိေနၿပီး ဒါက ခ်ယ္လ္ဆီးအသင္း လက္ရွိကစားသမားေတြရဲ႕လစာထက္ ပိုမ်ားတဲ့ပမာဏျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဒီပမာဏအထိေပးဖို႔ဆႏၵရွိလားဆိုတာ မေသခ်ာပါဘူး။ ရီးယဲလ္အသင္းနဲ႔ ဟာဇက္တို႔ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက (၃)ႏွစ္က်န္ရွိေနၿပီး တကယ္လို႔ အသင္းမွာ ဟာဇက္ ဆက္ေနမယ္ဆိုရင္ေတာ့ လစာေငြေလွ်ာ့ယူရမယ့္အေျခအေနရွိေနပါၿပီ။