
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာ ဇင်းနစ်နဲ့အကြိတ်အနယ်ကစားခဲ့ပြီး လူကာကူရဲ့ နောက်ကျခေါင်းတိုက်ဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲက တော်တော်လေးကြည့်ကောင်းခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အသက်ဝင်ခဲ့ပါတယ်။
ခြေစွမ်းပိုင်းအရ ချယ်လ်ဆီးကသာလွန်ခဲ့ပေမယ့် ဇင်းနစ်ရဲ့ လျင်မြန်တဲ့ကစားဟန်က သူတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး လူကာကူသာ မကယ်တင်ရင် အိမ်ကွင်းမှာ သရေနဲ့သာ ချယ်လ်ဆီးတို့ ကျေနပ်ခဲ့ရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ အဲဒီပွဲမှာ ဂိုးသမား ကီပါကို သုံးစွဲမယ်လို့ သတင်းထွက်နေခဲ့ပေမယ့် မန်ဒီကိုသာ ဆက်သုံးသွားခဲ့ပြီး ပုံမှန် ၃-၄-၃ ကစားကွက်ထဲ ကွင်းလယ်လူ ကွန်တေ မပါဝင်နိုင်ချိန်မှာ
ကိုဗာချစ်ကိုပဲ ဂျော်ဂျင်ညိုနဲ့ တွဲထုတ်သွားခဲ့သလို တိုက်စစ်မှာတော့ လူကာကူနောက်က ဇီးယက်ရှ်နဲ့ မေဆန်မောင့်တို့ ပွဲထွက်လာခဲ့ကြပါတယ်။
ဇင်းနစ်ကတော့ အီရန်တိုက်စစ်မှူး အက်ဇ်မုန်၊ ဘရာဇီးလ်ယူ-၂၃ အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ မဲလ်ကွမ်နဲ့ ကလော်ဒင်ညိုတို့နဲ့ ၅-၄-၁ ကစားကွက်နဲ့
စတမ်းဖို့ဒ်ဘရစ်ချ်မှာ တောင့်ခံနိုင်ဖို့ ကြိုးစားလာခဲ့သလို ခံစစ်မှာ ကစားသမား ၇ ယောက် ၈ ယောက်လောက်အထိ ပိတ်ဆို့တဲ့ ဗျူဟာနဲ့ ရင်ဆိုင်လာခဲ့တာပါ။
လူကာကူဟာ ပွဲချိန် ၆၉မိနစ်မှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးအတွက် အမှတ်ပြည့်ရစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သူ့အနေနဲ့ အင်တာကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ပြန်လည်ရောက်လာပြီးနောက် အသင်းအတွက် စုစုပေါင်း ၄ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။
”လူကာကူရဲ့ခေါင်းတိုက်သွင်းဂိုးကတော့ ရှယ်ပဲဗျို့၊ အက်စ်ပီလီကျူတာရဲ့ ထောင့်ဖြတ်ဘောကလည်း လုံးဝအမေးဇင်း။
ဒီအတွက်ကြောင့်ပဲ အသင်းမှာ လူကာကူ ရှိနေရတာပဲဖြစ်ပါတယ်။
လူကာကူက ဒီလိုဂိုးမျိုးတွေ သွင်းရတာကြိုက်တယ်ဗျ”လို့ နည်းပြတူချယ်က ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ခ်ယ္လ္ဆီးအတြက္ ဂိုးသြင္းေပးရတာ ေက်နပ္ေနတဲ့ လူကာကူ
ခ်ယ္လ္ဆီးကေတာ့ အိမ္ကြင္းမွာ ဇင္းနစ္နဲ႔အႀကိတ္အနယ္ကစားခဲ့ၿပီး လူကာကူရဲ႕ ေနာက္က်ေခါင္းတိုက္ဂိုးတစ္ဂိုးတည္းနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ပြဲက ေတာ္ေတာ္ေလးၾကည့္ေကာင္းခဲ့ၿပီး အျပန္အလွန္တိုက္စစ္ဆင္မႈေတြနဲ႔ အသက္ဝင္ခဲ့ပါတယ္။ ေျခစြမ္းပိုင္းအရ ခ်ယ္လ္ဆီးကသာလြန္ခဲ့ေပမယ့္ ဇင္းနစ္ရဲ႕ လ်င္ျမန္တဲ့ကစားဟန္က သူတို႔ကို ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး လူကာကူသာ မကယ္တင္ရင္ အိမ္ကြင္းမွာ သေရနဲ႔သာ ခ်ယ္လ္ဆီးတို႔ ေက်နပ္ခဲ့ရမွာျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အဲဒီပြဲမွာ ဂိုးသမား ကီပါကို သုံးစြဲမယ္လို႔ သတင္းထြက္ေနခဲ့ေပမယ့္ မန္ဒီကိုသာ ဆက္သုံးသြားခဲ့ၿပီး ပုံမွန္ ၃-၄-၃ ကစားကြက္ထဲ ကြင္းလယ္လူ ကြန္ေတ မပါဝင္ႏိုင္ခ်ိန္မွာ ကိုဗာခ်စ္ကိုပဲ ေဂ်ာ္ဂ်င္ညိဳနဲ႔ တြဲထုတ္သြားခဲ့သလို တိုက္စစ္မွာေတာ့ လူကာကူေနာက္က ဇီးယက္ရွ္နဲ႔ ေမဆန္ေမာင့္တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။
ဇင္းနစ္ကေတာ့ အီရန္တိုက္စစ္မႉး အက္ဇ္မုန္၊ ဘရာဇီးလ္ယူ-၂၃ အသင္းရဲ႕ ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ မဲလ္ကြမ္နဲ႔ ကေလာ္ဒင္ညိဳတို႔နဲ႔ ၅-၄-၁ ကစားကြက္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေတာင့္ခံႏိုင္ဖို႔ ႀကိဳးစားလာခဲ့သလို ခံစစ္မွာ ကစားသမား ၇ ေယာက္ ၈ ေယာက္ေလာက္အထိ ပိတ္ဆို႔တဲ့ ဗ်ဴဟာနဲ႔ ရင္ဆိုင္လာခဲ့တာပါ။
လူကာကူဟာ ပြဲခ်ိန္ ၆၉မိနစ္မွာ လက္ရွိခ်န္ပီယံ ခ်ယ္လ္ဆီးအတြက္ အမွတ္ျပည့္ရေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး သူ႔အေနနဲ႔ အင္တာကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅သန္းနဲ႔ ျပန္လည္ေရာက္လာၿပီးေနာက္ အသင္းအတြက္ စုစုေပါင္း ၄ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။
”လူကာကူရဲ႕ေခါင္းတိုက္သြင္းဂိုးကေတာ့ ရွယ္ပဲဗ်ိဳ႕၊ အက္စ္ပီလီက်ဴတာရဲ႕ ေထာင့္ျဖတ္ေဘာကလည္း လုံးဝအေမးဇင္း။ ဒီအတြက္ေၾကာင့္ပဲ အသင္းမွာ လူကာကူ ရွိေနရတာပဲျဖစ္ပါတယ္။ လူကာကူက ဒီလိုဂိုးမ်ိဳးေတြ သြင္းရတာႀကိဳက္တယ္ဗ်”လို႔ နည္းျပတူခ်ယ္က ေျပာပါတယ္။