ချယ်လ်ဆီးနဲ့ ဒုတိယအကျော့ပွဲမှာ ရာမို့စ် ပါဝင်နိုင်မယ်လို့ ဇီဒန်း အတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးယဲလ်အသင်းခေါင်းဆောင်နောက်ခံလူ ရာမို့စ်ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ နည်းပြဇီဒန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

ရာမို့စ်ဟာ နိုင်ငံတကာပြိုင်ပွဲရက်သတ္တပတ်တုန်းက စပိန်အသင်းအတွက်ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး (၁)လလောက်အနားယူနေရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ရာမို့စ်အနေနဲ့ ရီးယဲလ်အသင်း ချန်ပီယံလိဂ်မျှော်လင့်ချက်အတွက် အရေးပါတဲ့ ချယ်လ်ဆီးနဲ့ပွဲအမီ ကြံ့ခိုင်မှုပြန်လည်ဝလာပြီဖြစ်လို့ ဇီဒန်းအတွက်တော့ သတင်းကောင်းလို့ပြောရမှာပါ။

ဒါပေမဲ့ ဇီဒန်းဟာ ဒီနေ့မှာကစားမယ့် အိုဆာဆူနာနဲ့လာလီဂါပွဲမှာတော့ ရာမို့စ်ကို စွန့်စားအသုံးပြုမှာမဟုတ်ဘဲ အနားပေးသွားမှာဖြစ်ပါတယ်။

အိုဆာဆူနာနဲ့ပွဲမတိုင်ခင် ဇီဒန်းက “ရာမို့စ်ဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး မကြာခင် ဘောလုံးပြန်ကစားနိုင်တော့မှာပါ။

လူစာရင်းထုတ်ရင် ဘယ်သူတွေ ပါဝင်မလဲဆိုတာ မသိသေးပေမယ့် ရာမို့စ်ကတော့ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေပြီး ဘောလုံးပြန်ကစားဖို့အသင့်ဖြစ်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ ရာမို့စ်ဟာ ရီးယဲလ်အသင်းရဲ့ခံစစ်မှာ အဓိက ကစားသမားအဖြစ်ပါဝင်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့လတွေတုန်းက ခြေသလုံးဒဏ်ရာ၊ ကိုဗစ်ရောဂါကူးစက်ခံရတာတွေကြောင့် အသင်းရဲ့ပွဲတချို့ကို လွဲချော်ခဲ့ရပါတယ်။

ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိသရေကျခဲ့ပြီး ချယ်လ်ဆီးနဲ့ပထမအကျော့အိမ်ကွင်းပွဲမှာလည်း (၁)ဂိုးစီသရေကျခဲ့တာကြောင့် ဒုတိယအကျော့ပွဲကျရင် မဖြစ်မနေ ဂိုးသွင်းနိုင်ဖို့လိုအပ်နေပါပြီ။

ရာမို့စ်အနေနဲ့ ခံစစ်သာမက လိုအပ်လာရင် Set Piece တွေကနေ ဂိုးတက်သွင်းယူလေ့ရှိတာကြောင့် အသင်းရဲ့ ခံစစ်၊ တိုက်စစ်အတွက် အားကိုးလို့ရတဲ့ကစားသမားတစ်ဦးပါပဲ။

ရာမို့စ်ရဲ့ ကစားသမားဘဝတစ်လျှောက် နိုင်ငံနဲ့ကလပ်အသင်းအတွက် ဂိုးပေါင်း(၁၀၀)ကျော်သွင်းယူထားပြီး အထင်ရှားဆုံးကတော့ ၂၀၁၃-၁၄၊ ၂၀၁၅-၁၆ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အက်သလက်တီကိုအသင်းနဲ့ဆုံတွေ့ခဲ့တဲ့ပွဲတွေမှာ အရေးပါတဲ့ဂိုးတွေ သွင်းယူခဲ့တာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ယ္လ္ဆီးနဲ႔ဒုတိယအေက်ာ့ပြဲမွာ ရာမို႔စ္ ပါဝင္ႏိုင္မယ္လို႔ ဇီဒန္း အတည္ျပဳ

ရီးယဲလ္အသင္းေခါင္းေဆာင္ေနာက္ခံလူ ရာမို႔စ္ဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈျပည့္ဝေနၿပီျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲမွာ ပါဝင္ကစားႏိုင္မယ္လို႔ နည္းျပဇီဒန္းက အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ရာမို႔စ္ဟာ ႏိုင္ငံတကာၿပိဳင္ပြဲရက္သတၱပတ္တုန္းက စပိန္အသင္းအတြက္ပါဝင္ကစားရင္း ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး (၁)လေလာက္အနားယူေနရတာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ ရာမို႔စ္အေနနဲ႔ ရီးယဲလ္အသင္း ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္အတြက္ အေရးပါတဲ့ ခ်ယ္လ္ဆီးနဲ႔ပြဲအမီ ႀကံ့ခိုင္မႈျပန္လည္ဝလာၿပီျဖစ္လို႔ ဇီဒန္းအတြက္ေတာ့ သတင္းေကာင္းလို႔ေျပာရမွာပါ။ ဒါေပမဲ့ ဇီဒန္းဟာ ဒီေန႔မွာကစားမယ့္ အိုဆာဆူနာနဲ႔လာလီဂါပြဲမွာေတာ့ ရာမို႔စ္ကို စြန႔္စားအသုံးျပဳမွာမဟုတ္ဘဲ အနားေပးသြားမွာျဖစ္ပါတယ္။

အိုဆာဆူနာနဲ႔ပြဲမတိုင္ခင္ ဇီဒန္းက “ရာမို႔စ္ဟာ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္ၿပီး မၾကာခင္ ေဘာလုံးျပန္ကစားႏိုင္ေတာ့မွာပါ။ လူစာရင္းထုတ္ရင္ ဘယ္သူေတြ ပါဝင္မလဲဆိုတာ မသိေသးေပမယ့္ ရာမို႔စ္ကေတာ့ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိေနၿပီး ေဘာလုံးျပန္ကစားဖို႔အသင့္ျဖစ္ေနပါၿပီ” လို႔ေျပာၾကားခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရာမို႔စ္ဟာ ရီးယဲလ္အသင္းရဲ႕ခံစစ္မွာ အဓိက ကစားသမားအျဖစ္ပါဝင္ေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့လေတြတုန္းက ေျခသလုံးဒဏ္ရာ၊ ကိုဗစ္ေရာဂါကူးစက္ခံရတာေတြေၾကာင့္ အသင္းရဲ႕ပြဲတခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ရပါတယ္။

ရီးယဲလ္အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး(၅)ပြဲမွာ (၄)ပြဲအထိသေရက်ခဲ့ၿပီး ခ်ယ္လ္ဆီးနဲ႔ပထမအေက်ာ့အိမ္ကြင္းပြဲမွာလည္း (၁)ဂိုးစီသေရက်ခဲ့တာေၾကာင့္ ဒုတိယအေက်ာ့ပြဲက်ရင္ မျဖစ္မေန ဂိုးသြင္းႏိုင္ဖို႔လိုအပ္ေနပါၿပီ။

ရာမို႔စ္အေနနဲ႔ ခံစစ္သာမက လိုအပ္လာရင္ Set Piece ေတြကေန ဂိုးတက္သြင္းယူေလ့ရွိတာေၾကာင့္ အသင္းရဲ႕ ခံစစ္၊ တိုက္စစ္အတြက္ အားကိုးလို႔ရတဲ့ကစားသမားတစ္ဦးပါပဲ။

ရာမို႔စ္ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ ဂိုးေပါင္း(၁၀၀)ေက်ာ္သြင္းယူထားၿပီး အထင္ရွားဆုံးကေတာ့ ၂၀၁၃-၁၄၊ ၂၀၁၅-၁၆ ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ အက္သလက္တီကိုအသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့ပြဲေတြမွာ အေရးပါတဲ့ဂိုးေတြ သြင္းယူခဲ့တာပဲျဖစ္ပါတယ္။