ချယ်လ်ဆီးနည်းပြဟောင်း ဆာရီရဲ့ စံချိန်ကို အမီလိုက်ဖို့ နီးစပ်နေတဲ့ တူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ကာလတိုအတွင်းမှာ ရလဒ်ကောင်းတွေရယူပေးနေတဲ့ တူချယ်လ်ဟာ အခုဆိုရင် အသင်းနည်းပြဟောင်းဆာရီ တင်ရှိထားတဲ့ ပရီးမီးယားလိဂ်စံချိန်မှတ်တမ်းကောင်းတစ်ခုကို အမီလိုက်နိုင်ဖို့ နီးစပ်နေပါပြီ။

ချယ်လ်ဆီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ လိဒ်စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် တူချယ်လ်ဟာ ချယ်လ်ဆီးနည်းပြဘ၀ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး အခုဆိုရင် ပရီးမီးယားလိဂ်မှာ (၁၀)ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ချယ်လ်ဆီးနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရသူ တူချယ်လ်ဟာ သူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်(၁၀)ပွဲမှာ လီဗာပူးလ်၊ စပါးတို့ကို အဝေးကွင်းနိုင်ပွဲရရှိခဲ့တာအပါအဝင် (၆)ပွဲနိုင်၊ (၄)ပွဲသရေ ရလဒ်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ အဲဒီ(၁၀)ပွဲမှာ (၂)ဂိုးသာပေးခဲ့ရပြီး ဆောက်သမ်တန်နဲ့ (၁)ဂိုးစီသရေကျတဲ့ပွဲ၊ ရှက်ဖီးယူနိုက်တက်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲတွေမှာ ဂိုးပေးခဲ့ရတာပါ။

ဒီလိုရလဒ်ကောင်းတွေ ရယူနေတဲ့ တူချယ်လ်ဟာ အခုဆိုရင် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို စတင်ကိုင်တွယ်ပြီး ရှုံးပွဲမရှိအောင် ပွဲအများဆုံးစွမ်းဆောင်ခဲ့တဲ့ နည်းပြစာရင်းမှာ တတိယနေရာရောက်ရှိနေပါပြီ။

ချယ်လ်ဆီးအသင်းကို ၂၀၁၈-၁၉ တစ်ရာသီသာကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်း ဆာရီဟာ ပရီးမီးယားလိဂ်မှာ အဖွင့်ပွဲ(၁၂)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်စွမ်းဆောင်ခဲ့ပြီး (၈)ပွဲနိုင်၊ (၄)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အခုစာရင်းမှာ ရလဒ်အကောင်းဆုံးနည်းပြအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

သူ့နောက်မှာတော့ နော်တင်ဟမ်ဖော်ရက်စ်နည်းပြဟောင်း ဖရန့်ခ်ကလာ့ခ်က ၁၉၉၅ ခုနှစ်တုန်းက (၈)ပွဲနိုင်၊ (၃)ပွဲသရေနဲ့ (၁၁)ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ပရီးမီးယားလိဂ်(၃)ပွဲမှာ ရှုံးပွဲမရှိခဲ့ဘူးဆိုရင်တော့ တူချယ်လ်ဟာ ဆာရီကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် တန်းဆင်းအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်း၊ ပဲလေ့စ်နဲ့ အဝေးကွင်း၊ ဘရိုက်တန်နဲ့အိမ်ကွင်းပွဲတွေ ကစားရမှာဖြစ်လို့ အမှားအယွင်းမရှိခဲ့ရင် တူချယ်လ်အတွက် ဂုဏ်ယူစရာမှတ်တမ်းရရှိနိုင်မှာပါ။

တူချယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ပြိုင်ပွဲစုံမှာလည်း ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့တုန်းက အက်သလက်တီကိုကို အဝေးကွင်းမှာ(၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပါအဝင် စုစုပေါင်း(၁၂)ပွဲဆက်ရှုံးပွဲမရှိသေးပါဘူး။

ချယ်လ်ဆီးအသင်းအနေနဲ့ အခုတစ်ပတ်မှာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲပြီးရင်တော့ မတ်လ(၂၁)ရက်ကျရင် FA ဖလားကွာတားဖိုင်နယ်ပွဲအဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ ကစားရမှာဖြစ်လို့ တူချယ်လ်အနေနဲ့ ပြိုင်ပွဲစုံရှုံးပွဲမရှိမှတ်တမ်းကိုလည်း ဆက်ထိန်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ယ္လ္ဆီးနည္းျပေဟာင္း ဆာရီရဲ႕ စံခ်ိန္ကို အမီလိုက္ဖို႔ နီးစပ္ေနတဲ့ တူခ်ယ္လ္

ခ်ယ္လ္ဆီးနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး ကာလတိုအတြင္းမွာ ရလဒ္ေကာင္းေတြရယူေပးေနတဲ့ တူခ်ယ္လ္ဟာ အခုဆိုရင္ အသင္းနည္းျပေဟာင္းဆာရီ တင္ရွိထားတဲ့ ပရီးမီးယားလိဂ္စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို အမီလိုက္ႏိုင္ဖို႔ နီးစပ္ေနပါၿပီ။ ခ်ယ္လ္ဆီးအသင္းဟာ မေန႔က ကစားခဲ့တဲ့ လိဒ္စ္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ဂိုးမရွိသေရက်ခဲ့ေပမယ့္ တူခ်ယ္လ္ဟာ ခ်ယ္လ္ဆီးနည္းျပဘ၀ ရႈံးပြဲမရွိမွတ္တမ္းကို ဆက္ထိန္းထားႏိုင္ဆဲျဖစ္ၿပီး အခုဆိုရင္ ပရီးမီးယားလိဂ္မွာ (၁၀)ပြဲဆက္ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက ခ်ယ္လ္ဆီးနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရသူ တူခ်ယ္လ္ဟာ သူကိုင္တြယ္ခဲ့တဲ့ ပရီးမီးယားလိဂ္(၁၀)ပြဲမွာ လီဗာပူးလ္၊ စပါးတို႔ကို အေဝးကြင္းႏိုင္ပြဲရရွိခဲ့တာအပါအဝင္ (၆)ပြဲႏိုင္၊ (၄)ပြဲသေရ ရလဒ္ရယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ခ်ယ္လ္ဆီးအသင္းဟာ အဲဒီ(၁၀)ပြဲမွာ (၂)ဂိုးသာေပးခဲ့ရၿပီး ေဆာက္သမ္တန္နဲ႔ (၁)ဂိုးစီသေရက်တဲ့ပြဲ၊ ရွက္ဖီးယူႏိုက္တက္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲေတြမွာ ဂိုးေပးခဲ့ရတာပါ။ ဒီလိုရလဒ္ေကာင္းေတြ ရယူေနတဲ့ တူခ်ယ္လ္ဟာ အခုဆိုရင္ ပရီးမီးယားလိဂ္အသင္းတစ္သင္းကို စတင္ကိုင္တြယ္ၿပီး ရႈံးပြဲမရွိေအာင္ ပြဲအမ်ားဆုံးစြမ္းေဆာင္ခဲ့တဲ့ နည္းျပစာရင္းမွာ တတိယေနရာေရာက္ရွိေနပါၿပီ။ ခ်ယ္လ္ဆီးအသင္းကို ၂၀၁၈-၁၉ တစ္ရာသီသာကိုင္တြယ္ခဲ့တဲ့ နည္းျပေဟာင္း ဆာရီဟာ ပရီးမီးယားလိဂ္မွာ အဖြင့္ပြဲ(၁၂)ပြဲဆက္တိုက္ ရႈံးပြဲမရွိေအာင္စြမ္းေဆာင္ခဲ့ၿပီး (၈)ပြဲႏိုင္၊ (၄)ပြဲသေရရလဒ္ထြက္ေပၚခဲ့တာေၾကာင့္ အခုစာရင္းမွာ ရလဒ္အေကာင္းဆုံးနည္းျပအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ သူ႔ေနာက္မွာေတာ့ ေနာ္တင္ဟမ္ေဖာ္ရက္စ္နည္းျပေဟာင္း ဖရန႔္ခ္ကလာ့ခ္က ၁၉၉၅ ခုႏွစ္တုန္းက (၈)ပြဲႏိုင္၊ (၃)ပြဲသေရနဲ႔ (၁၁)ပြဲဆက္ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ လာမယ့္ပရီးမီးယားလိဂ္(၃)ပြဲမွာ ရႈံးပြဲမရွိခဲ့ဘူးဆိုရင္ေတာ့ တူခ်ယ္လ္ဟာ ဆာရီကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ စံခ်ိန္ေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအျဖစ္ တန္းဆင္းအႏၲရာယ္နဲ႔ရင္ဆိုင္ေနရတဲ့ ဝက္စ္ဘ႐ြန္းအသင္းကို အိမ္ကြင္း၊ ပဲေလ့စ္နဲ႔ အေဝးကြင္း၊ ဘ႐ိုက္တန္နဲ႔အိမ္ကြင္းပြဲေတြ ကစားရမွာျဖစ္လို႔ အမွားအယြင္းမရွိခဲ့ရင္ တူခ်ယ္လ္အတြက္ ဂုဏ္ယူစရာမွတ္တမ္းရရွိႏိုင္မွာပါ။ တူခ်ယ္လ္ရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ ၿပိဳင္ပြဲစုံမွာလည္း ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့တုန္းက အက္သလက္တီကိုကို အေဝးကြင္းမွာ(၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအပါအဝင္ စုစုေပါင္း(၁၂)ပြဲဆက္ရႈံးပြဲမရွိေသးပါဘူး။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အခုတစ္ပတ္မွာ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဲဒီပြဲၿပီးရင္ေတာ့ မတ္လ(၂၁)ရက္က်ရင္ FA ဖလားကြာတားဖိုင္နယ္ပြဲအျဖစ္ ရွက္ဖီးယူႏိုက္တက္နဲ႔ ကစားရမွာျဖစ္လို႔ တူခ်ယ္လ္အေနနဲ႔ ၿပိဳင္ပြဲစုံရႈံးပြဲမရွိမွတ္တမ္းကိုလည္း ဆက္ထိန္းႏိုင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။