
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နည်းပြလမ်းပတ်ကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ နာရီပိုင်းအကြာမှာပဲ တူဟယ်လ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါပြီ။ ချယ်လ်ဆီးအသင်းဟာ တူဟယ်လ်ကို (၁၈)လသက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကာလပြည့်သွားရင် နောက်ထပ်သက်တမ်းတိုးဖို့ သဘောတူညီထားတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။
အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တူဟယ်လ်ဟာ ပရော်ဖက်ရှင်နယ် နည်းပြဘဝကို ဂျာမန်ကလပ်အော့စ်ဘတ်အသင်းနဲ့အတူ စတင်ခဲ့ပြီး အဲဒီနောက် မိန့်ဇ်၊ ဒေ့ါမွန်၊ PSG စတဲ့ အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့သူပါ။
နည်းပြဘဝအောင်မြင်မှုအဖြစ် ဒေ့ါမွန်အသင်းနဲ့ ၂၀၁၆-၁၇ ဂျာမန်ဖလား၊ PSG အသင်းအတွက် အမှတ်ပေးဖလား(၂)ကြိမ်အပါအဝင် ဆုဖလား(၆)ခုအထိ ရယူပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီက PSG အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။
တူဟယ်လ်ဟာ ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံရပြီး မကြာခင်မှာပဲ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ စတင်ကြီးကြပ်နေပြီဖြစ်သလို အခု ည မြန်မာစံတော်ချိန်(၁၂:၃၀)အချိန်မှာ ဝုလ်ဗ်နဲ့ကစားမယ့်ပွဲကို ကိုင်တွယ်သွားဖို့ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းကို ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ် စတင်ဝယ်ယူခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစလို့ အသင်းမှာ နည်းပြအပြောင်းအလဲတွေ မကြာခဏဖြစ်ခဲ့ပြီး အခု တူဟယ်လ်ဟာ ကာလတိုမဟုတ်ဘဲ နှစ်ရှည်စာချုပ်နဲ့ ခန့်အပ်ခံရတဲ့ (၁၁)ဦးမြောက်နည်းပြဖြစ်ခဲ့ပါတယ်။
ထူးခြားတာက ချယ်လ်ဆီးအသင်းဟာ ရာသီဝက်ကာလမှာ နည်းပြအပြောင်းအလဲလုပ်တိုင်း အစားထိုးခံရတဲ့ နည်းပြအများစုက အသင်းအတွက် ဆုဖလားတစ်ခုမှ တစ်ခုရယူနိုင်ခဲ့ကြတာပါပဲ။
၂၀၀၈-၀၉ ရာသီဝက်ကာလအတွင်း နည်းပြစကိုလာရီကို ထုတ်ပယ်ပြီး နယ်သာလန် နာမည်ကျော်နည်းပြကြီး ဟစ်ဒင့်က ကာလတိုဝင်ရောက်ကိုင်တွယ်ခဲ့ချိန်တုန်းက ရာသီကုန်မှာ ချယ်လ်ဆီးအသင်းအတွက် FA ဖလားဆွတ်ခူးပေးခဲ့ပါတယ်။ ကာလတိုအတွင်းမှာ ကြီးမားတဲ့အောင်မြင်မှုရယူပေးခဲ့သူကတော့ နည်းပြဟောင်း ဒီမက်တီယိုပါ။ ၂၀၁၁-၁၂ ရာသီမှာ ရလဒ်ဆိုးတွေကြောင့် ၂၀၁၂၊ မတ်လမှာပဲ နည်းပြဘိုအက်ရှ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ဒီမက်တီယိုက ယာယီနည်းပြအဖြစ် ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။
အဲဒီရာသီမှာ ဒီမက်တီယိုဟာ ဘယ်သူမှ မထင်မှတ်လောက်အောင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့သလို FA ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နောက်ရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီ နိုဝင်ဘာလမှာတော့ ဒီမက်တီယိုလည်း ရလဒ်ဆိုးတွေကြောင့် သူ့ရာထူးကို စွန့်လွှတ်ခဲ့ရပြီး ဘင်နီတက်ဇ်က ရာသီဝက်ကာလမှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့သလို ရာသီကုန်မှာ ယူရိုပါလိဂ်ဖလား ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြန်ပါတယ်။
ရာသီဝက်ကာလအတွင်း ချယ်လ်ဆီးနည်းပြအဖြစ် ကိုင်တွယ်ခွင့်ရခဲ့ပြီး ဆုဖလားမရယူပေးခဲ့ပေမယ့် အသိအမှတ်ပြုရလောက်အောင် စွမ်းဆောင်ပြခဲ့တာက အေဗရမ်ဂရန့်နဲ့ ဟစ်ဒင့်တို့ပါပဲ။ ၂၀၀၇-၀၈ ရာသီ စက်တင်ဘာလတုန်းက မော်ရင်ဟို နည်းပြအဖြစ်ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက် အေဗရမ်ဂရန့်နဲ့ လက်ကျန်ရာသီကို ဖြတ်သန်းခဲ့ပြီး သူက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လုနီးပါး စွမ်းဆောင်ခဲ့သလို၊ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့တယ်။
ဟစ်ဒင့်ကလည်း ၂၀၁၅-၁၆ ရာသီ ဒီဇင်ဘာလမှာ နည်းပြရာထူးကနေ မော်ရင်ဟို ဒုတိယအကြိမ် အထုတ်ခံခဲ့ရချိန် အဆင့်(၁၆)အထိရောက်နေတဲ့ ချယ်လ်ဆီးအသင်းကို အဆင့်(၁၀)ရောက်အောင် ကူညီပေးခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ ၂၀၂၀-၂၁ ရာသီဝက်ကာလမှာ နည်းပြအပြောင်းအလဲလုပ်ပြီး လမ်းပတ်နေရာကို တူဟယ်လ်နဲ့ အစားထိုးလိုက်ပါပြီ။
အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်၊ FA ဖလားပြိုင်ပွဲပြေးလမ်းတွေပေါ် ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ကတော့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် အားနည်းနေတယ်လို့ပြောရမှာပါ။ အဲဒါကြောင့် တူဟယ်လ်အနေနဲ့ ဒီမက်တီယို၊ ဟစ်ဒင့်၊ ဘင်နီတက်ဇ်တို့လိုမျိုး ရာသီဝက်ကာလအတွင်း နည်းပြအဖြစ်ခန့်အပ်ခံရပြီး အသင်းအတွက် ဆုဖလားအောင်မြင်မှုရယူပေးနိုင်တဲ့သူဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ခ်ယ္လ္ဆီးနည္းျပေဟာင္းတခ်ိဳ႕ ရယူခဲ့တဲ့ မွတ္တမ္းေကာင္းကို တူဟယ္လ္ ပိုင္ဆိုင္ႏိုင္မလား
နည္းျပလမ္းပတ္ကို ရာထူးက ထုတ္ပယ္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ နာရီပိုင္းအၾကာမွာပဲ တူဟယ္လ္ကို အသင္းရဲ႕ နည္းျပသစ္အျဖစ္ ခန႔္အပ္လိုက္ပါၿပီ။ ခ်ယ္လ္ဆီးအသင္းဟာ တူဟယ္လ္ကို (၁၈)လသက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုခဲ့ၿပီး စာခ်ဳပ္ကာလျပည့္သြားရင္ ေနာက္ထပ္သက္တမ္းတိုးဖို႔ သေဘာတူညီထားတဲ့အခ်က္လည္း ပါဝင္ခဲ့ပါတယ္။ အသက္(၄၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တူဟယ္လ္ဟာ ပေရာ္ဖက္ရွင္နယ္ နည္းျပဘဝကို ဂ်ာမန္ကလပ္ေအာ့စ္ဘတ္အသင္းနဲ႔အတူ စတင္ခဲ့ၿပီး အဲဒီေနာက္ မိန႔္ဇ္၊ ေဒ့ါမြန္၊ PSG စတဲ့ အသင္းေတြကိုလည္း ကိုင္တြယ္ခဲ့သူပါ။ နည္းျပဘဝေအာင္ျမင္မႈအျဖစ္ ေဒ့ါမြန္အသင္းနဲ႔ ၂၀၁၆-၁၇ ဂ်ာမန္ဖလား၊ PSG အသင္းအတြက္ အမွတ္ေပးဖလား(၂)ႀကိမ္အပါအဝင္ ဆုဖလား(၆)ခုအထိ ရယူေပးခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက PSG အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ရွိေအာင္ ပို႔ေဆာင္ေပးခဲ့သူျဖစ္ပါတယ္။
တူဟယ္လ္ဟာ ခ်ယ္လ္ဆီးနည္းျပအျဖစ္ ခန႔္အပ္ခံရၿပီး မၾကာခင္မွာပဲ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ စတင္ႀကီးၾကပ္ေနၿပီျဖစ္သလို အခု ည ျမန္မာစံေတာ္ခ်ိန္(၁၂:၃၀)အခ်ိန္မွာ ဝုလ္ဗ္နဲ႔ကစားမယ့္ပြဲကို ကိုင္တြယ္သြားဖို႔ရွိေနပါတယ္။ ခ်ယ္လ္ဆီးအသင္းကို ႐ုရွားသန္းႂကြယ္သူေဌး ေအဘရာမိုဗစ္ခ်္ စတင္ဝယ္ယူခဲ့တဲ့ ၂၀၀၃ ခုႏွစ္ကစလို႔ အသင္းမွာ နည္းျပအေျပာင္းအလဲေတြ မၾကာခဏျဖစ္ခဲ့ၿပီး အခု တူဟယ္လ္ဟာ ကာလတိုမဟုတ္ဘဲ ႏွစ္ရွည္စာခ်ဳပ္နဲ႔ ခန႔္အပ္ခံရတဲ့ (၁၁)ဦးေျမာက္နည္းျပျဖစ္ခဲ့ပါတယ္။ ထူးျခားတာက ခ်ယ္လ္ဆီးအသင္းဟာ ရာသီဝက္ကာလမွာ နည္းျပအေျပာင္းအလဲလုပ္တိုင္း အစားထိုးခံရတဲ့ နည္းျပအမ်ားစုက အသင္းအတြက္ ဆုဖလားတစ္ခုမွ တစ္ခုရယူႏိုင္ခဲ့ၾကတာပါပဲ။
၂၀၀၈-၀၉ ရာသီဝက္ကာလအတြင္း နည္းျပစကိုလာရီကို ထုတ္ပယ္ၿပီး နယ္သာလန္ နာမည္ေက်ာ္နည္းျပႀကီး ဟစ္ဒင့္က ကာလတိုဝင္ေရာက္ကိုင္တြယ္ခဲ့ခ်ိန္တုန္းက ရာသီကုန္မွာ ခ်ယ္လ္ဆီးအသင္းအတြက္ FA ဖလားဆြတ္ခူးေပးခဲ့ပါတယ္။ ကာလတိုအတြင္းမွာ ႀကီးမားတဲ့ေအာင္ျမင္မႈရယူေပးခဲ့သူကေတာ့ နည္းျပေဟာင္း ဒီမက္တီယိုပါ။ ၂၀၁၁-၁၂ ရာသီမွာ ရလဒ္ဆိုးေတြေၾကာင့္ ၂၀၁၂၊ မတ္လမွာပဲ နည္းျပဘိုအက္ရွ္ကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး ဒီမက္တီယိုက ယာယီနည္းျပအျဖစ္ ကိုင္တြယ္ခြင့္ရခဲ့ပါတယ္။ အဲဒီရာသီမွာ ဒီမက္တီယိုဟာ ဘယ္သူမွ မထင္မွတ္ေလာက္ေအာင္ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို ရယူခဲ့သလို FA ဖလားခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ေနာက္ရာသီျဖစ္တဲ့ ၂၀၁၂-၁၃ ရာသီ ႏိုဝင္ဘာလမွာေတာ့ ဒီမက္တီယိုလည္း ရလဒ္ဆိုးေတြေၾကာင့္ သူ႔ရာထူးကို စြန႔္လႊတ္ခဲ့ရၿပီး ဘင္နီတက္ဇ္က ရာသီဝက္ကာလမွာ နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့သလို ရာသီကုန္မွာ ယူ႐ိုပါလိဂ္ဖလား ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျပန္ပါတယ္။
ရာသီဝက္ကာလအတြင္း ခ်ယ္လ္ဆီးနည္းျပအျဖစ္ ကိုင္တြယ္ခြင့္ရခဲ့ၿပီး ဆုဖလားမရယူေပးခဲ့ေပမယ့္ အသိအမွတ္ျပဳရေလာက္ေအာင္ စြမ္းေဆာင္ျပခဲ့တာက ေအဗရမ္ဂရန႔္နဲ႔ ဟစ္ဒင့္တို႔ပါပဲ။ ၂၀၀၇-၀၈ ရာသီ စက္တင္ဘာလတုန္းက ေမာ္ရင္ဟို နည္းျပအျဖစ္ထုတ္ပယ္ခံခဲ့ရၿပီးတဲ့ေနာက္ ေအဗရမ္ဂရန႔္နဲ႔ လက္က်န္ရာသီကို ျဖတ္သန္းခဲ့ၿပီး သူက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လုနီးပါး စြမ္းေဆာင္ခဲ့သလို၊ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးႏိုင္ခဲ့တယ္။ ဟစ္ဒင့္ကလည္း ၂၀၁၅-၁၆ ရာသီ ဒီဇင္ဘာလမွာ နည္းျပရာထူးကေန ေမာ္ရင္ဟို ဒုတိယအႀကိမ္ အထုတ္ခံခဲ့ရခ်ိန္ အဆင့္(၁၆)အထိေရာက္ေနတဲ့ ခ်ယ္လ္ဆီးအသင္းကို အဆင့္(၁၀)ေရာက္ေအာင္ ကူညီေပးခဲ့ရတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၂၀-၂၁ ရာသီဝက္ကာလမွာ နည္းျပအေျပာင္းအလဲလုပ္ၿပီး လမ္းပတ္ေနရာကို တူဟယ္လ္နဲ႔ အစားထိုးလိုက္ပါၿပီ။ အခုအခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္၊ FA ဖလားၿပိဳင္ပြဲေျပးလမ္းေတြေပၚ ရွိေနဆဲျဖစ္ၿပီး ပရီးမီးယားလိဂ္ကေတာ့ ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္ အားနည္းေနတယ္လို႔ေျပာရမွာပါ။ အဲဒါေၾကာင့္ တူဟယ္လ္အေနနဲ႔ ဒီမက္တီယို၊ ဟစ္ဒင့္၊ ဘင္နီတက္ဇ္တို႔လိုမ်ိဳး ရာသီဝက္ကာလအတြင္း နည္းျပအျဖစ္ခန႔္အပ္ခံရၿပီး အသင္းအတြက္ ဆုဖလားေအာင္ျမင္မႈရယူေပးႏိုင္တဲ့သူျဖစ္လာမလားဆိုတာ စိတ္ဝင္စားစရာပါပဲ။