ချယ်လ်ဆီးထက် ယူနိုက်တက်ကို ဗာနာ ပြောင်းရွှေ့ချင်ခဲ့ပေမယ့်ဖြစ်မလာလို့ ယူနိုက်တက်ကံကောင်းခဲ့
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ ဂျာမန်တိုက်စစ်မှူးဗာနာက ပြီးခဲ့တဲ့နှစ်၊နွေရာသီတုန်းက ချယ်လ်ဆီးအသင်းထက် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မလာလို့ မန်ချက်စတာယူနိုက်တက် ကံကောင်းခဲ့တယ်လို့ပြောရမှာပါ။
အခုလောလောဆယ် ချယ်လ်ဆီးအသင်းဆီ ဗာနာပြောင်းရွှေ့ခဲ့ချိန်က ငွေကြေးပိုင်းဆိုင်ရာပြဿနာကြောင့် ဗာနာရဲ့အေးဂျင့်ဟောင်းမိုရက်လိုကာလူနဲ့ လက်ရှိအေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ဖော်စတာတို့ကြားမှာပြဿနာဖြစ်ပွားနေပြီး
တရားရုံးမှာတရားရင်ဆိုင်နေရတဲ့အထိဖြစ်နေတဲ့အပြင် အဲဒီကိစ္စနဲ့ဆက်စပ်ပြီးတော့ ဗာနာဟာ ယူနိုက်တက်အသင်းဆီပြောင်းဖို့ ဆန္ဒပြင်းပြခဲ့တယ်ဆိုတာကို ဂျာမန်နာမည်ကျော် Bild သတင်းစာကဖော်ပြခဲ့တာဖြစ်ပါတယ်။
၂၀၁၉၊ နွေရာသီတုန်းက ဗာနာဟာ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခွင့်ရဖို့က သူ့ရဲ့ဦးစားပေးဖြစ်ပြီး အဆင်မပြေမှသာ ချယ်လ်ဆီးအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံဖို့ အေးဂျင့်(ဟောင်း)ဖြစ်သူလိုကာလူကို အသိပေးခဲ့ပါတယ်။
အဲဒီအချိန်က ဗာနာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ထိပ်သီး(၃)သင်းဖြစ်တဲ့ ယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတို့ကအပြိုင်ဖြစ်နေကြတာပါ။
ယူနိုက်တက်အသင်းဟာ ဗာနာရဲ့အပြောင်းအရွှေ့အတွက် WhatsApp ကနေ လိုကာလူဆီဆက်သွယ်ခဲ့ချိန်မှာ သူက ‘စောင့်ကြည့်ကြသေးတာပေါ့’လို့ မက်ဆေ့ချ်ပြန်ပေးပို့ခဲ့ပါတယ်။
လီဗာပူးလ်အသင်းကလည်း ဗာနာကို ခေါ်ယူဖို့အတွက် လိုကာလူနဲ့လျှို့ဝှက်ဆက်သွယ်ခဲ့ပြီး ခိုင်မာတဲ့ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဗာနာကို (၅)နှစ်စာချုပ်ချုပ်ဆိုပြီး တစ်ပတ်ကိုပေါင်(၂၀၀,၀၀၀)ပေးချေမှာဖြစ်သလို ဆုကြေးအဖြစ်ပေါင်သန်း(၂၀)ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။
ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ လီဗာပူးလ်အသင်းက ဗာနာအစား ဒီယိုဂိုဂျိုတာကိုခေါ်ယူခဲ့ပြီး ယူနိုက်တက်နဲ့အပြောင်းအရွှေ့ကလည်းဖြစ်မလာလို့ နောက်ဆုံးချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့နှစ်၊ဇွန်လမှာ ဗာနာကို ပေါင်(၅၃)သန်း၊ လစာအဖြစ်တစ်ပတ်ပေါင်(၂၇၀,၀၀၀)ပေးပြီးတော့ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဗာနာဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ချိန်ကတည်းက အခုအချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးမပြသနိုင်သေးဘဲ (၅၉)ပွဲမှာ (၁၃)ဂိုးသာသွင်းယူနိုင်ခဲ့သလို
အပိုင်အခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့လို့မကြာခဏလှောင်ပြောင်ခံနေရတာကြောင့် ဗာနာကို မခေါ်ဖြစ်ခဲ့တာက ယူနိုက်တက်နဲ့လီဗာပူးလ်အသင်းတို့အတွက် ကံကောင်းခဲ့တယ်လို့ပဲပြောရမှာပါ . . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi