ချန်ပီယံအိပ်မက် အဆုံးမသတ်ရဖို့ ယူနိုက်တက်အတွက် နောက်ဆုံးတိုက်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ မျှော်လင့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုည မြန်မာစံတော်ချိန် (၁၂:၀၀)နာရီမှာ သူတို့ရဲ့ မဟာပြိုင်ဘက် အာဆင်နယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရတော့မှာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ တောက်လျှောက် ရလဒ်တွေကောင်းလာပြီးမှ ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ကွင်းမှာ ဇယားအောက်ဆုံးက ရှက်ဖီးယူနိုက်တက်ကို မထင်မှတ်ဘဲ ရှုံးခဲ့လို့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရသလို ချန်ပီယံဆုမျှော်လင့်ချက်ပါ မရေမရာတဲ့အနေအထားဖြစ်သွားတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ (၁၃)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ ရှက်ဖီးနဲ့ကျမှ ရှုံးပွဲပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

ရှက်ဖီးအသင်းဟာ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် (၁)ပွဲသာနိုင်ထားပြီး အဆင့်(၂၀)နဲ့ တန်းဆင်းရဖို့ နီးစပ်နေတဲ့အသင်းဖြစ်ပြီး ယူနိုက်တက်ကို ၁၉၇၃၊ ဒီဇင်ဘာလနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းရလဒ်တွေက တကယ့်ကို စိတ်ပျက်စရာကောင်းနေပြီး တကယ်လို့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရင်တော့ အိမ်ကွင်းရလဒ်တွေက အဓိက အဆုံးအဖြတ်ပေးသွားတယ်လို့ပဲပြောရမယ်။

ဒီရာသီ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်(၁၀)ပွဲကစားခဲ့ပြီး (၂)ပွဲသာနိုင်ခဲ့သလို (၅)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့တာကြောင့် အိမ်ကွင်းစွမ်းဆောင်ရည်အလိုက် အဆင့်သတ်မှတ်ချက်မှာ (၁၃)သာရရှိခဲ့ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းက မန်စီးတီးနဲ့ (၁)မှတ်သာကွာတယ်ဆိုပေမယ့် မန်စီးတီးက လက်ကျန်တစ်ပွဲကစားဖို့ ကျန်နေပါသေးတယ်။

ဒီနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း မန်စီးတီးက အိမ်ကွင်းမှာ ရှက်ဖီးနဲ့ ကစားရမှာဖြစ်လို့ (၃)မှတ်သေချာသလောက်ရှိနေချိန်မှာ ယူနိုက်တက်ကတော့ အာဆင်နယ်ကို အဝေးကွင်းမှာ သွားကစားရမှာဖြစ်တာကြောင့် အမှတ်လျော့နိုင်တဲ့အနေအထားပါပဲ။

ပထမအကျော့တုန်းက အာဆင်နယ်ခြေစွမ်း အကောင်းကြီးမဟုတ်တာတောင် ယူနိုက်တက်အသင်းဟာ အူဘာမီယန်းရဲ့ ပယ်နယ်တီဂိုးကြောင့် ရှုံးခဲ့လို့ အခုနောက်ပိုင်း ခြေပြန်မှန်နေတဲ့ အာဆင်နယ်ကို အဝေးကွင်းမှာ အသာရပါ့မလားဆိုတာ သံသယဖြစ်စရာပါပဲ။ အာဆင်နယ်အသင်းကလည်း အဲဗာတန်ကို ရှုံးပြီးကတည်းက ပရီးမီးယားလိဂ်(၆)ပွဲဆက်ရှုံးပွဲမရှိတော့ဘဲ ရလဒ်တွေ ဆက်တိုက် ပြန်ကောင်းနေတယ်။

နောက်တစ်ချက်က အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ မဟာပြိုင်ဘက်ကြီး ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်ကို အနှောင့်အယှက်ပေးဖို့ ဆန္ဒပြင်းပြနေပါလိမ့်မယ်။ စိုးရိမ်စရာကောင်းတာကလည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အီမရိတ်စ်မှာ ပရီးမီးယားလိဂ်နိုင်ပွဲမရသေးဘဲ နောက်ဆုံး(၂)ရာသီဆက် (၂-ဝ)ဂိုးဆိုတဲ့ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ အခု အာဆင်နယ်နဲ့ပွဲမှာသာ ရှုံးပွဲထပ်တွေ့မယ်ဆိုရင်တော့ သူတို့ရဲ့ ချန်ပီယံမျှော်လင့်ချက် ခပ်ပါးပါးက လုံးဝကို အဆုံးသတ်သွားမယ့်အနေအထားပါပဲ။ ဒါကြောင့် ယူနိုက်တက်အသင်း (၈)နှစ်ကြာမှာ ပြန်မက်ခွင့်ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အိပ်မက်ကို ဆက်မက်နိုင်ဖို့ အာဆင်နယ်ကို ကျော်ဖြတ်နိုင်မလား၊ အာဆင်နယ်ကပဲ အခါးသီးဆုံးပြိုင်ဘက်တစ်သင်းဖြစ်တဲ့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပြနိုင်မလားဆိုတာကတော့ . . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံအိပ္မက္ အဆုံးမသတ္ရဖို႔ ယူႏိုက္တက္အတြက္ ေနာက္ဆုံးတိုက္ပြဲ

ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူဖို႔ ေမွ်ာ္လင့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုည ျမန္မာစံေတာ္ခ်ိန္ (၁၂:၀၀)နာရီမွာ သူတို႔ရဲ႕ မဟာၿပိဳင္ဘက္ အာဆင္နယ္ကို အေဝးကြင္းမွာ ရင္ဆိုင္ရေတာ့မွာပါ။ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ ေတာက္ေလွ်ာက္ ရလဒ္ေတြေကာင္းလာၿပီးမွ ၿပီးခဲ့တဲ့ရက္ပိုင္းက အိမ္ကြင္းမွာ ဇယားေအာက္ဆုံးက ရွက္ဖီးယူႏိုက္တက္ကို မထင္မွတ္ဘဲ ရႈံးခဲ့လို႔ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရသလို ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္ပါ မေရမရာတဲ့အေနအထားျဖစ္သြားတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလတုန္းက အာဆင္နယ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ (၁၃)ပြဲဆက္ရႈံးပြဲမရွိခဲ့ဘဲ ရွက္ဖီးနဲ႔က်မွ ရႈံးပြဲျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။ ရွက္ဖီးအသင္းဟာ ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ (၁)ပြဲသာႏိုင္ထားၿပီး အဆင့္(၂၀)နဲ႔ တန္းဆင္းရဖို႔ နီးစပ္ေနတဲ့အသင္းျဖစ္ၿပီး ယူႏိုက္တက္ကို ၁၉၇၃၊ ဒီဇင္ဘာလေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဆုံးအႀကိမ္ အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီ ယူႏိုက္တက္အသင္းရဲ႕ အိမ္ကြင္းရလဒ္ေတြက တကယ့္ကို စိတ္ပ်က္စရာေကာင္းေနၿပီး တကယ္လို႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရင္ေတာ့ အိမ္ကြင္းရလဒ္ေတြက အဓိက အဆုံးအျဖတ္ေပးသြားတယ္လို႔ပဲေျပာရမယ္။ ဒီရာသီ အိုးလ္ထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္(၁၀)ပြဲကစားခဲ့ၿပီး (၂)ပြဲသာႏိုင္ခဲ့သလို (၅)ပြဲသေရ၊ (၃)ပြဲရႈံးခဲ့တာေၾကာင့္ အိမ္ကြင္းစြမ္းေဆာင္ရည္အလိုက္ အဆင့္သတ္မွတ္ခ်က္မွာ (၁၃)သာရရွိခဲ့ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းက မန္စီးတီးနဲ႔ (၁)မွတ္သာကြာတယ္ဆိုေပမယ့္ မန္စီးတီးက လက္က်န္တစ္ပြဲကစားဖို႔ က်န္ေနပါေသးတယ္။ ဒီေန႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာလည္း မန္စီးတီးက အိမ္ကြင္းမွာ ရွက္ဖီးနဲ႔ ကစားရမွာျဖစ္လို႔ (၃)မွတ္ေသခ်ာသေလာက္ရွိေနခ်ိန္မွာ ယူႏိုက္တက္ကေတာ့ အာဆင္နယ္ကို အေဝးကြင္းမွာ သြားကစားရမွာျဖစ္တာေၾကာင့္ အမွတ္ေလ်ာ့ႏိုင္တဲ့အေနအထားပါပဲ။

ပထမအေက်ာ့တုန္းက အာဆင္နယ္ေျခစြမ္း အေကာင္းႀကီးမဟုတ္တာေတာင္ ယူႏိုက္တက္အသင္းဟာ အူဘာမီယန္းရဲ႕ ပယ္နယ္တီဂိုးေၾကာင့္ ရႈံးခဲ့လို႔ အခုေနာက္ပိုင္း ေျချပန္မွန္ေနတဲ့ အာဆင္နယ္ကို အေဝးကြင္းမွာ အသာရပါ့မလားဆိုတာ သံသယျဖစ္စရာပါပဲ။ အာဆင္နယ္အသင္းကလည္း အဲဗာတန္ကို ရႈံးၿပီးကတည္းက ပရီးမီးယားလိဂ္(၆)ပြဲဆက္ရႈံးပြဲမရွိေတာ့ဘဲ ရလဒ္ေတြ ဆက္တိုက္ ျပန္ေကာင္းေနတယ္။ ေနာက္တစ္ခ်က္က အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ မဟာၿပိဳင္ဘက္ႀကီး ပရီးမီးယားလိဂ္ခ်န္ပီယံ ေမွ်ာ္လင့္ခ်က္ကို အေႏွာင့္အယွက္ေပးဖို႔ ဆႏၵျပင္းျပေနပါလိမ့္မယ္။ စိုးရိမ္စရာေကာင္းတာကလည္း ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ အီမရိတ္စ္မွာ ပရီးမီးယားလိဂ္ႏိုင္ပြဲမရေသးဘဲ ေနာက္ဆုံး(၂)ရာသီဆက္ (၂-ဝ)ဂိုးဆိုတဲ့ရလဒ္ေတြနဲ႔ ရႈံးနိမ့္ခဲ့တာပါ။ ယူႏိုက္တက္အသင္းအေနနဲ႔ အခု အာဆင္နယ္နဲ႔ပြဲမွာသာ ရႈံးပြဲထပ္ေတြ႕မယ္ဆိုရင္ေတာ့ သူတို႔ရဲ႕ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ ခပ္ပါးပါးက လုံးဝကို အဆုံးသတ္သြားမယ့္အေနအထားပါပဲ။ ဒါေၾကာင့္ ယူႏိုက္တက္အသင္း (၈)ႏွစ္ၾကာမွာ ျပန္မက္ခြင့္ရတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံ အိပ္မက္ကို ဆက္မက္ႏိုင္ဖို႔ အာဆင္နယ္ကို ေက်ာ္ျဖတ္ႏိုင္မလား၊ အာဆင္နယ္ကပဲ အခါးသီးဆုံးၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ ယူႏိုက္တက္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးျပႏိုင္မလားဆိုတာကေတာ့ . . . .