ချန်ပီယံလုပွဲပြီးသွားပြီလို့ လူတွေပြောနေကြတာ ကျွန်တော်သိပါတယ်…

Manchester City's coach Pep Guardiola attends a press conference ahead of the Group F Champions League soccer match between Manchester City and FC Shakhtar Donetsk in Kharkiv, Ukraine, Monday, Oct. 22, 2018. (AP Photo/Efrem Lukatsky)
PC ; Getty

ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့် မန်စီးတီးအသင်းမှာ ပျော်ရွှင်နေတယ်လို့ နည်းပြဂွါဒီယိုလာက ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။အဓိကပြိုင်ဘက် လီဗာပူးကို အန်ဖီးလ်မှာအရေးနိမ့်ပြီးတဲ့နောက် စပိန်သားနည်းပြနဲ့ပတ်သက်ပြီး ထင်ကြေးမျိုးစုံပေးနေကြပေမယ့် ကာယကံရှင်ကတော့ “ လူတွေအားလုံးက ကျွန်တော်မပျော်ရွှင်ဘူးလို့ ဘာကြောင့်ထင်နေကြတာလဲဆိုတာကို မသိပါဘူး။ အန်ဖီးလ်မှာရှုံးခဲ့လို့လား၊ဒါမှမဟုတ် ဒီရာသီမှာလိဂ် ၃ပွဲ(ချဲလ်ဆီးနှင့်မကစားမီ) အထိအရေးနိမ့်ထားလို့လား။ ကျွန်တော်မပျော်ရွှင်ဘူးဆိုတာက ထင်ကြေးပေးမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေပါ။ တကယ်တော့ကျွန်တော်က မန်စီးတီးမှာဆက်နေချင်တဲ့သူဖြစ်ပါတယ်” လို့ တုံ့ပြန်လိုက်တာပါ။

PC ; Internet

ဂွါဒီယိုလာရဲ့မန်စီးတီးဟာ ၂၀၁၇-၁၈ ရာသီမှာ စံချိန်တင်ရမှတ် ၁၀၀နဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။လက်ရှိအနေအထားမှာ အဲဒီလိုပြန်လုပ်ပြနိုင်ဖို့ အခက်အခဲတွေရှိနေပေမယ့် စိန်ခေါ်မှုတိုင်းကို သဘောကျတယ်လို့လည်း မန်စီးတီးနဲ့၂၀၂၁ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဂါွဒီယိုလာကဖွင့်ဟသွားပါတယ်။“ ကျွန်တော်တို့အိတ်ကပ်ထဲမှာ ဂျိုကာမရှိပါဘူး။ ကမ္ဘာတစ်လွှားမှာရှိတဲ့လူတွေအားလုံးကတော့ ပရီးမီးယားလိဂ်အတွက်ပြိုင်ဆိုင်မှုပြီးသွားပြီလို့ ပြောနေကြတာကိုသိပါတယ်။ ကျွန်တော်ဟာအဲ့ဒီရလဒ်တွေကြောင့် အသင်းကနေနှုတ်ထွက်သွားနိုင်တယ်လို့ သူတို့ထင်နေကြပါတယ်။

PC ; Getty

ကျွန်တော့်အကြောင်းကိုသူတို့မသိကြပါဘူး။ ကျွန်တော်ကအဲ့ဒီလိုစိန်ခေါ်မှုတွေကို ကြိုက်တာပါ။ လက်ရှိအနေအထားကိုသဘောကျပါတယ်။ တကယ်လို့မန်စီးတီးက လာမယ့်ရာသီအတွက်အလိုရှိတယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း အသင်းမှာရာနှုန်းပြည့်ရှိနေဖို့သေချာပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကာကြယ္ေရးအတြက္ အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရေပမယ့္ မန္စီးတီးအသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ နည္းျပဂြါဒီယိုလာက ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။အဓိကၿပိဳင္ဘက္ လီဗာပူးကို အန္ဖီးလ္မွာအေရးနိမ့္ၿပီးတဲ့ေနာက္ စပိန္သားနည္းျပနဲ႔ပတ္သက္ၿပီး ထင္ေၾကးမ်ိဳးစံုေပးေနၾကေပမယ့္ ကာယကံရွင္ကေတာ့ “ လူေတြအားလံုးက ကၽြန္ေတာ္မေပ်ာ္ရႊင္ဘူးလို႔ ဘာေၾကာင့္ထင္ေနၾကတာလဲဆိုတာကို မသိပါဘူး။ အန္ဖီးလ္မွာရံႈးခဲ့လို႔လား၊ဒါမွမဟုတ္ ဒီရာသီမွာလိဂ္ ၃ပြဲ(ခ်ဲလ္ဆီးႏွင့္မကစားမီ) အထိအေရးနိမ့္ထားလို႔လား။ ကၽြန္ေတာ္မေပ်ာ္ရႊင္ဘူးဆိုတာက ထင္ေၾကးေပးမႈနဲ႔သက္ဆိုင္တဲ့အေၾကာင္းအရာေတြပါ။ တကယ္ေတာ့ကၽြန္ေတာ္က မန္စီးတီးမွာဆက္ေနခ်င္တဲ့သူျဖစ္ပါတယ္” လို႔ တုံ႔ျပန္လိုက္တာပါ။ဂြါဒီယိုလာရဲ႕မန္စီးတီးဟာ ၂၀၁၇-၁၈ ရာသီမွာ စံခ်ိန္တင္ရမွတ္ ၁၀၀နဲ႔ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။လက္ရွိအေနအထားမွာ အဲဒီလိုျပန္လုပ္ျပႏိုင္ဖို႔ အခက္အခဲေတြရွိေနေပမယ့္ စိန္ေခၚမႈတိုင္းကို သေဘာက်တယ္လို႔လည္း မန္စီးတီးနဲ႔၂၀၂၁ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနတဲ့ ဂါြဒီယိုလာကဖြင့္ဟသြားပါတယ္။“ ကၽြန္ေတာ္တို႔အိတ္ကပ္ထဲမွာ ဂ်ိဳကာမရွိပါဘူး။ ကမာၻတစ္လႊားမွာရွိတဲ့လူေတြအားလံုးကေတာ့ ပရီးမီးယားလိဂ္အတြက္ျပိဳင္ဆိုင္မႈျပီးသြားျပီလို႔ ေျပာေနၾကတာကိုသိပါတယ္။ ကၽြန္ေတာ္ဟာအဲ့ဒီရလဒ္ေတြေၾကာင့္ အသင္းကေနႏွဳတ္ထြက္သြားႏိုင္တယ္လို႔ သူတို႔ထင္ေနၾကပါတယ္။ ကၽြန္ေတာ့္အေၾကာင္းကိုသူတို႔မသိၾကပါဘူး။ ကၽြန္ေတာ္ကအဲ့ဒီလိုစိန္ေခၚမႈေတြကို ၾကိဳက္တာပါ။ လက္ရွိအေနအထားကိုသေဘာက်ပါတယ္။ တကယ္လို႔မန္စီးတီးက လာမယ့္ရာသီအတြက္အလိုရွိတယ္ဆိုရင္ ကၽြန္ေတာ့္ဘက္ကလည္း အသင္းမွာရာႏွဳန္းျပည့္ရွိေနဖို႔ေသခ်ာပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။