ချန်ပီယံလုပွဲပြီးသွားပြီလို့ ဂွာဒီယိုလာဝန်ခံ

Photo- Internet
Photo- Internet

မန်စီးတီးအသင်းဟာ မနေ့ညကဝုဗ်ကိုအဝေးကွင်းမှာ ၃-၂ နဲ့ရှုံးနိမ့်ပြီးနောက် နည်းပြဂွာဒီယိုလာက ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံလုပွဲပြီး ဆုံးသွားပြီလို့ ဝန်ခံစကားဆိုလိုက်ပါတယ်။ ဒီအရှုံးကြောင့် မန်စီးတီးဟာ ထိပ်ဆုံးကဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁၄ မှတ်ကွာကာ တတိယနေရာမှာသာရပ်တည်နေပါတယ်။

လက်ရှိမှာ လက်စတာက မန်စီးတီးထက် ၁ မှတ်သာပြီးဒုတိယနေရာမှာရှိနေတာပါ။ လီဗာပူးဟာ တစ်ပွဲကစားဖို့ကျန်နေသေးပေမယ့် ၅၂ မှတ်ရထားပြီး အဲဒီပွဲကိုသာနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးကို ၁၇ မှတ်အထိဖြတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂွာဒီယိုလာက သူတို့နဲ့လီဗာပူးအကြားကွာဟချက်က သိပ်ကိုများသွားပြီလို့လည်း ဝန်ခံခဲ့တာဖြစ်ပါတယ်။

Photo- Internet

ဂွာဒီယိုလာက”လီဗာပူးနဲ့အမှတ်ကွာဟချက်က သိပ်ကိုကြီးမားသွားပါပြီ။ ဒါကြောင့် ချန်ပီယံဘွဲ့ကိုစဉ်းစားရမယ့် လက်တွေ့အချိန်အခါမဟုတ်တော့ပါဘူး။ လက်စတာကို လိုက်မီဖို့ကတော့ ဖြစ်နိုင်သေးတဲ့အရာပါ။ ဒါကိုမှ မစဉ်းစားရင် လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်နဲ့လွဲနိုင်ပါတယ် ” လို့ပြောသွားပါတယ်။

Photo- Internet

မန်စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၅ ပွဲရှုံးထားပြီးဖြစ်လို့ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံးရှုံးထားမှုထက် တစ်ပွဲပိုနေပါတယ်။ ဒါကြောင့်လည်း မန်စီးတီးဟာပရီးမီးယားလိဂ်မှာ ၃ ရာသီဆက်တိုက်ဗိုလ်စွဲဖို့ မျှော်လင့်ချက်အဆုံးသတ်လုနီးပါးဖြစ်ခဲ့ရတာပါ။

Photo- Internet

ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကလည်း သိပ်ကိုဆိုးရွားတဲ့အခြေအနေလို့ဝန်ခံခဲ့ပြီး ရာသီပထမပိုင်းပြီးချိန်မှာ လီဗာပူးနဲ့ ဒီလောက်အမှတ်ကွာဟလိမ့်မယ်လို့ ဘယ်သူကမှထင်ထားမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။ မန်စီးတီးဟာ တနင်္ဂနွေနေ့မှာ ရှက်ဖီးယူနိုက်တက်နဲ့ အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ခ်န္ပီယံလုပြဲၿပီးသြားၿပီလို႔ ဂြာဒီယိုလာ၀န္ခံ

မန္စီးတီးအသင္းဟာ မေန႔ညက၀ုဗ္ကိုအေ၀းကြင္းမွာ ၃-၂ နဲ႔ရႈံးနိမ့္ၿပီးေနာက္ နည္းျပဂြာဒီယိုလာက ဒီရာသီပရီးမီးယားလိဂ္ ခ်န္ပီယံလုပြဲၿပီး ဆုံးသြားၿပီလို႔ ၀န္ခံစကားဆိုလိုက္ပါတယ္။ ဒီအရႈံးေၾကာင့္ မန္စီးတီးဟာ ထိပ္ဆုံးကဦးေဆာင္ေနတဲ႔ လီဗာပူးနဲ႔ ၁၄ မွတ္ကြာကာ တတိယေနရာမွာသာရပ္တည္ေနပါတယ္။

လက္ရွိမွာ လက္စတာက မန္စီးတီးထက္ ၁ မွတ္သာၿပီးဒုတိယေနရာမွာရွိေနတာပါ။ လီဗာပူးဟာ တစ္ပြဲကစားဖို႔က်န္ေနေသးေပမယ္႔ ၅၂ မွတ္ရထားၿပီး အဲဒီပြဲကိုသာႏိုင္ခဲ့မယ္ဆိုရင္ မန္စီးတီးကို ၁၇ မွတ္အထိျဖတ္ထားႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဂြာဒီယိုလာက သူတို႔နဲ႔လီဗာပူးအၾကားကြာဟခ်က္က သိပ္ကိုမ်ားသြားၿပီလို႔လည္း ၀န္ခံခဲ့တာျဖစ္ပါတယ္။

ဂြာဒီယုိလာက”လီဗာပူးနဲ႔အမွတ္ကြာဟခ်က္က သိပ္ကိုႀကီးမားသြားပါၿပီ။ ဒါေၾကာင့္ ခ်န္ပီယံဘြဲ႔ကိုစဥ္းစားရမယ္႔ လက္ေတြ႔အခ်ိန္အခါမဟုတ္ေတာ႔ပါဘူး။ လက္စတာကို လိုက္မီဖို႔ကေတာ႔ ျဖစ္ႏိုင္ေသးတဲ႔အရာပါ။ ဒါကိုမွ မစဥ္းစားရင္ လာမယ္႔ရာသီမွာ ဥေရာပ၀င္ခြင့္နဲ႔လြဲႏိုင္ပါတယ္ ” လို႔ေျပာသြားပါတယ္။

မန္စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၅ ပြဲရႈံးထားၿပီးျဖစ္လို႔ ၿပီးခဲ့တဲ႔ရာသီက တစ္ရာသီလုံးရႈံးထားမႈထက္ တစ္ပြဲပိုေနပါတယ္။ ဒါေၾကာင့္လည္း မန္စီးတီးဟာပရီးမီးယားလိဂ္မွာ ၃ ရာသီဆက္တိုက္ဗိုလ္စြဲဖို႔ ေမွ်ာ္လင့္ခ်က္အဆုံးသတ္လုနီးပါးျဖစ္ခဲ့ရတာပါ။

ကြင္းလယ္လူ ဘာနာဒိုေဆးလ္ဗားကလည္း သိပ္ကိုဆိုးရြားတဲ႔အေျခအေနလို႔၀န္ခံခဲ့ၿပီး ရာသီပထမပိုင္းၿပီးခ်ိန္မွာ လီဗာပူးနဲ႔ ဒီေလာက္အမွတ္ကြာဟလိမ့္မယ္လို႔ ဘယ္သူကမွထင္ထားမွာမဟုတ္ဘူးလို႔ ေျပာသြားပါတယ္။ မန္စီးတီးဟာ တနဂၤေႏြေန႔မွာ ရွက္ဖီးယူႏိုက္တက္နဲ႔ အိမ္ကြင္းကစားရမွာျဖစ္ပါတယ္။