ချန်ပီယံလိ၈်မရလို့ ထွက်ချင်တဲ့ နေမာကို ငွေထုပ်နဲ့ပေါက်ပြီး ဆက်ထိန်းလိုက်တဲ့ ပီအက်စ်ဂျီ

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိ၈်ကနေ ထွက်ခွာခဲ့ရတဲ့အတွက် ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်မှုး ၂ဦးဖြစ်တဲ့ နေမာနဲ့ အ်ဘက်ပီတို့ ၂ယောက်ဟာ

အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပေမယ့် တိုက်စစ်မှူးနေမာက ၄နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဖို့အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။

L’Equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ နေမာဟာ ၂၀၂၆ ခုနှစ်အထိ ပီအက်စ်ဂျီ်မှာ ဆက်ရှိနေတော့မှာဖြစ်ပြီး သူ့အသက် ၃၄ နှစ်အရွယ်ထိ ကစားပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပေါင် ၁၉၈ သန်းနဲ့ နေမာက ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ ၂၀၁၉ ခုနှစ်တုန်းက ပြင်သစ်မြေကနေထွက်ခွာချင်တယ်လို့ ပြောဆိုခဲ့ပေမယ့်

အသင်းမှာ ဆက်လက်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကာ ဒီရာသီမှာတော့ ဆီမီးဖိုင်နယ်အဆင့်ထိကို တက်လှမ်းနိုင်ခဲ့ပါတယ်။

စာချုပ်သစ်အရ နေမာဟာ တစ်နှစ်လုပ်ခ ပေါင် ၂၆သန်းအထိ ရရှိမယ်လို့ သိရပြီး နည်းပြပိုချက်တီနိုအတွက်တော့ အသင်းရဲ့ အဓိကကစားသမားကို ထိန်းသိမ်းထားနိုင်တော့မှာဖြစ်ပါတယ်။ တကယ်လို့ လာမယ့်နှစ်တွေမှာ ပီအက်စ်ဂျီအနေနဲ့

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် နေမာအတွက် အပိုဆုကြေးငွေအများအပြား ပေးချေသွားဖို့လည်း အသင်းဘက်က စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားခဲ့ကြောင်းလည်း သိရပါတယ်။

ပီအက်စ်ဂျီအနေနဲ့ နေမာကို သဘောတူညီမှုရရှိခဲ့ပြီဖြစ်လို့ အမ်ဘတ်ပီကို စာချုပ်သစ် ထပ်ချုပ်နိုင်ဖို့ကိုသာ အဓိကထားကြိုးစားရတော့မှာဖြစ်ပါတယ်။ အမ်ဘတ်ပီကတော့ နောက်ရာသီအကုန်မှာ စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပြီး

ပိုချက်တီနိုက သူ့ကို ဒီရာသီအကုန်မှာ စာချုပ်သစ်ချုပ်ဆိုချင်တယ်လို့ ဖွင့်ဟထားပြီး ပီအက်စ်ဂျီအသင်းဘက်ကလည်း ကြိုးပမ်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အမ်ဘက်ပီရဲ့ စာချုပ်သစ်အခြေအနေကို ရီးရဲလ်အသင်းက စောင့်ကြည့်နေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

လက်ရှိအချိန်မှာ ပီအက်စ်ဂျီဟာ ပြင်သစ်အမှတ်ပေးဖလားပြိုင်ပွဲမှာ လိုင်လီအောက် ၁ပွဲလျော့ ၄မှတ်အကွာနဲ့ ရပ်တည်နေပြီး လက်ကျန် ၃ပွဲသာ ကျန်တော့တဲ့အတွက်

ဆုဖလားရရှိဖို့က မသေမချာဖြစ်နေပြီး ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာခဲ့ရလို့ ဒီရာသီမှာ အဓိကဆုဖလားအဖြစ် ပြည်တွင်းအမှတ်ဖလားတစ်လုံးသာ မျှော်လင့်နိုင်တော့မှာဖြစ်ပါတယ်။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိ၈္မရလို႔ ထြက္ခ်င္တဲ့ ေနမာကို ေငြထုပ္နဲ႔ေပါက္ၿပီး ဆက္ထိန္းလိုက္တဲ့ ပီအက္စ္ဂ်ီ

ခ်န္ပီယံလိ၈္ကေန ထြက္ခြာခဲ့ရတဲ့အတြက္ ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိကတိုက္စစ္မႈး ၂ဦးျဖစ္တဲ့ ေနမာနဲ႔ အ္ဘက္ပီတို႔ ၂ေယာက္ဟာ အသင္းေျပာင္းေတာ့မယ္ဆိုတဲ့ သတင္းေတြ ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာေပမယ့္ တိုက္စစ္မႉးေနမာက ၄ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔အတြက္ သေဘာတူညီမႈရရွိသြားခဲ့ၿပီလို႔ သိရပါတယ္။ L’Equipe သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေနမာဟာ ၂၀၂၆ ခုႏွစ္အထိ ပီအက္စ္ဂ်ီ္မွာ ဆက္ရွိေနေတာ့မွာျဖစ္ၿပီး သူ႔အသက္ ၃၄ ႏွစ္အ႐ြယ္ထိ ကစားေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ေပါင္ ၁၉၈ သန္းနဲ႔ ေနမာက ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေနမာဟာ ၂၀၁၉ ခုႏွစ္တုန္းက ျပင္သစ္ေျမကေနထြက္ခြာခ်င္တယ္လို႔ ေျပာဆိုခဲ့ေပမယ့္ အသင္းမွာ ဆက္လက္ရွိေနခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ပီအက္စ္ဂ်ီနဲ႔အတူ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့ကာ ဒီရာသီမွာေတာ့ ဆီမီးဖိုင္နယ္အဆင့္ထိကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

စာခ်ဳပ္သစ္အရ ေနမာဟာ တစ္ႏွစ္လုပ္ခ ေပါင္ ၂၆သန္းအထိ ရရွိမယ္လို႔ သိရၿပီး နည္းျပပိုခ်က္တီႏိုအတြက္ေတာ့ အသင္းရဲ႕ အဓိကကစားသမားကို ထိန္းသိမ္းထားႏိုင္ေတာ့မွာျဖစ္ပါတယ္။ တကယ္လို႔ လာမယ့္ႏွစ္ေတြမွာ ပီအက္စ္ဂ်ီအေနနဲ႔ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ ေနမာအတြက္ အပိုဆုေၾကးေငြအမ်ားအျပား ေပးေခ်သြားဖို႔လည္း အသင္းဘက္က စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆိုထားခဲ့ေၾကာင္းလည္း သိရပါတယ္။

ပီအက္စ္ဂ်ီအေနနဲ႔ ေနမာကို သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္လို႔ အမ္ဘတ္ပီကို စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ႏိုင္ဖို႔ကိုသာ အဓိကထားႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။ အမ္ဘတ္ပီကေတာ့ ေနာက္ရာသီအကုန္မွာ စာခ်ဳပ္သက္တမ္းျပည့္ေတာ့မွာျဖစ္ၿပီး ပိုခ်က္တီႏိုက သူ႔ကို ဒီရာသီအကုန္မွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္တယ္လို႔ ဖြင့္ဟထားၿပီး ပီအက္စ္ဂ်ီအသင္းဘက္ကလည္း ႀကိဳးပမ္းမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ အမ္ဘက္ပီရဲ႕ စာခ်ဳပ္သစ္အေျခအေနကို ရီးရဲလ္အသင္းက ေစာင့္ၾကည့္ေနၿပီး ေခၚယူဖို႔ စိတ္ဝင္စားေနတာပါ။

လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီဟာ ျပင္သစ္အမွတ္ေပးဖလားၿပိဳင္ပြဲမွာ လိုင္လီေအာက္ ၁ပြဲေလ်ာ့ ၄မွတ္အကြာနဲ႔ ရပ္တည္ေနၿပီး လက္က်န္ ၃ပြဲသာ က်န္ေတာ့တဲ့အတြက္ ဆုဖလားရရွိဖို႔က မေသမခ်ာျဖစ္ေနၿပီး ခ်န္ပီယံလိဂ္ကေနလည္း ထြက္ခြာခဲ့ရလို႔ ဒီရာသီမွာ အဓိကဆုဖလားအျဖစ္ ျပည္တြင္းအမွတ္ဖလားတစ္လုံးသာ ေမွ်ာ္လင့္ႏိုင္ေတာ့မွာျဖစ္ပါတယ္။