
Photo Credit
Photo Credit
ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဗလန်စီယာအသင်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ကြပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အုပ်စုဒုတိယရစာရင်းထဲ ရောက်သွားခဲ့ပြီး မဲခွဲပွဲမှာ ခက်ခက်ခဲခဲယှဉ်ပြိုင်ရနိုင်တဲ့ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ဂျူဗင်တပ်စ် သို့မဟုတ် လီဗာပူး၊ လိုက်ပ်ဇစ်တိ့ုနဲ့ တွေ့ဆုံနိုင်ပါတယ်။
Photo Credit
ဘာစီလိုနာနဲ့ ဗလန်စီယာတို့ကတော့ အနည်းငယ် သက်သာဖွယ်ရပြီး စပါး၊ နာပိုလီ၊ ဒေါ့မွန်(ဘာစီလိုနာမဖြစ်နိုင်)၊ ချဲလ်ဆီး(ဗလန်စီယာမဖြစ်နိုင်) အသင်းတိ့ုကို ရှောင်ရှားလိုမှာပါ။ အဆိုပါ ၂ သင်းဟာ ဒုတိယမဲအိုးထဲမှာ ဖြစ်ပြီး အုပ်စု C နဲ့ D တို့ကတော့ တိကျတဲ့အဖြေမထွက်ပေါ်သေးပါဘူး။ မဲခွဲပွဲကိုတော့ တနင်္လာနေ့ ၁၂း၀၀ နီယွန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
Photo Credit
ဘာစီလိုနာအသင်းကို ခြိမ်းခြောက်လာနိုင်တဲ့မော်ရင်ညို
ဘာစီလိုနာအသင်းဟာ ဘယ်အသင်းနဲ့မဆို တွေ့ဆုံနိုင်ပေမယ့် နည်းပြမော်ရင်ညိုရဲ့ စပါးအသင်းနဲ့တော့ တွေ့ချင်မှာ မဟုတ်ပါဘူး။ ပေါ်တူဂီသားဟာ ကက်တလန်အသင်းကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ သိနားလည်သူဖြစ်ပြီး စနစ်တကျ ဖြိုခွင်းတဲ့နေရာမှာ ဆရာတစ်ဆူပဲ ဖြစ်ပါတယ်။
Photo Credit
စပါး၊ နာပိုလီ၊ ဒေါ့မွန်တို့လို အန္တာရာယ်ရှိတဲ့အသင်းတွေနဲ့ တွေ့ဆုံနိုင်တဲ့ ဗလန်စီယာ
ဗလန်စီယာအသင်းဟာ တစ်အုပ်စုတည်းကျရောက်ခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ မတွေဆုံရပေမယ့် ၁၆ သင်းအဆင့်မှာတော့ အယ်လ်ကာဆာရဲ့ ဒေါ့မွန်နဲ့ မေ်ာရင်ညိုကိုင်တွယ်နေတဲ့ စပါးတို့လို အသင်းတွေနဲ့ ကျရောက်နိုင်ပါတယ်။
Photo Credit
ရော်နယ်ဒိုနဲ့ ပြန်ဆုံဖွယ်ရှိတဲ့ ရီးရဲလ်မက်ဒရစ်
အုပ်စုဒုတိယနေရာနဲ့ ရီးရဲလ်အသင်းဟာ မဲခွဲပွဲမှာ ခက်ခဲတဲ့အသင်းကြီး ၄သင်းဖြစ်တဲ့ လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ဂျူဗင်တပ်စ်တိ့ုနဲ့ တွေ့ဆုံဖွယ်ရှိတာကြောင့် စိုးရိမ်ဖွယ် အခြေအနေပါ။
Photo Credit
အဆိုပါ အသင်းတွေအားလုံးက ခြေစွမ်းကောင်းမွန်မှုခြင်း သိပ်အကွာကြီး မဟုတ်ပေမယ့် အခြား ၃ သင်းထက်စာရင် ဘိုင်ယန်အသင်းက ရီးရဲလ်တို့အတွက် အသက်သာဆုံး ပြိုင်ဘက် ဖြစ်နိုင်ပါတယ်။
Photo Credit
အရင်ဆုံးအုပ်စုကို ကျော်ဖြတ်ရဦးမယ့် အက်သလက်တီကို
အက်သလက်တီကိုကတော့ ဒီညမှာ လိုကိုမိုတစ်မော်စကိုအသင်းကို အနိုင်ရခဲ့ရင် လေဗာကူဆင်ပွဲရလဒ်ကို စောင့်ကြည့်စရာမလိုဘဲ နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပြီး ၁၆သင်အဆင့်မှာ ရီးရဲလ်လိုတူညီတဲ့ပြိုင်ဘက်တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ဂျူဗင်တပ်စ်နေရာမှာ ပီအက်စ်ဂျီကအစားဝင်မှာဖြစ်ပါတယ်။
Photo Credit
Zawgyi
ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မဲခြဲပြဲမွာ စပိန္ကလပ္အသင္းေတြနဲ႔ ေတြ႕ႏိုင္တဲ့ ၿပိဳင္ဘက္အသင္းမ်ား
ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဗလန္စီယာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားခဲ့ၾကၿပီ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ အုပ္စုဒုတိယရစာရင္းထဲ ေရာက္သြားခဲ့ၿပီး မဲခြဲပြဲမွာ ခက္ခက္ခဲခဲယွဥ္ၿပိဳင္ရႏိုင္တဲ့ ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီး၊ ဂ်ဴဗင္တပ္စ္ သို႔မဟုတ္ လီဗာပူး၊ လိုက္ပ္ဇစ္တိ့ုနဲ႔ ေတြ႕ဆုံႏိုင္ပါတယ္။
ဘာစီလိုနာနဲ႔ ဗလန္စီယာတို႔ကေတာ့ အနည္းငယ္ သက္သာဖြယ္ရၿပီး စပါး၊ နာပိုလီ၊ ေဒါ့မြန္(ဘာစီလိုနာမျဖစ္ႏိုင္)၊ ခ်ဲလ္ဆီး(ဗလန္စီယာမျဖစ္ႏိုင္) အသင္းတိ့ုကို ေရွာင္ရွားလိုမွာပါ။
အဆိုပါ ၂ သင္းဟာ ဒုတိယမဲအိုးထဲမွာ ျဖစ္ၿပီး အုပ္စု C နဲ႔ D တို႔ကေတာ့ တိက်တဲ့အေျဖမထြက္ေပၚေသးပါဘူး။ မဲခြဲပြဲကိုေတာ့ တနလၤာေန႔ ၁၂း၀၀ နီယြန္ၿမိဳ႕မွာ က်င္းပမွာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းကို ၿခိမ္းေျခာက္လာႏိုင္တဲ့ေမာ္ရင္ညိဳ
ဘာစီလိုနာအသင္းဟာ ဘယ္အသင္းနဲ႔မဆို ေတြ႕ဆုံႏိုင္ေပမယ့္ နည္းျပေမာ္ရင္ညိဳရဲ႕ စပါးအသင္းနဲ႔ေတာ့ ေတြ႕ခ်င္မွာ မဟုတ္ပါဘူး။ ေပၚတူဂီသားဟာ ကက္တလန္အသင္းကို ဘယ္လိုဒုကၡေပးရမလဲဆိုတာ သိနားလည္သူျဖစ္ၿပီး စနစ္တက် ၿဖိဳခြင္းတဲ့ေနရာမွာ ဆရာတစ္ဆူပဲ ျဖစ္ပါတယ္။
စပါး၊ နာပိုလီ၊ ေဒါ့မြန္တို႔လို အႏၲာရာယ္ရွိတဲ့အသင္းေတြနဲ႔ ေတြ႕ဆုံႏိုင္တဲ့ ဗလန္စီယာ
ဗလန္စီယာအသင္းဟာ တစ္အုပ္စုတည္းက်ေရာက္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ မေတြဆုံရေပမယ့္ ၁၆ သင္းအဆင့္မွာေတာ့ အယ္လ္ကာဆာရဲ႕ ေဒါ့မြန္နဲ႔ ေမ္ာရင္ညိဳကိုင္တြယ္ေနတဲ့ စပါးတို႔လို အသင္းေတြနဲ႔ က်ေရာက္ႏိုင္ပါတယ္။
ေရာ္နယ္ဒိုနဲ႔ ျပန္ဆုံဖြယ္ရွိတဲ့ ရီးရဲလ္မက္ဒရစ္
အုပ္စုဒုတိယေနရာနဲ႔ ရီးရဲလ္အသင္းဟာ မဲခြဲပြဲမွာ ခက္ခဲတဲ့အသင္းႀကီး ၄သင္းျဖစ္တဲ့ လီဗာပူး၊ ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီး၊ ဂ်ဴဗင္တပ္စ္တိ့ုနဲ႔ ေတြ႕ဆုံဖြယ္ရွိတာေၾကာင့္ စိုးရိမ္ဖြယ္ အေျခအေနပါ။
အဆိုပါ အသင္းေတြအားလုံးက ေျခစြမ္းေကာင္းမြန္မႈျခင္း သိပ္အကြာႀကီး မဟုတ္ေပမယ့္ အျခား ၃ သင္းထက္စာရင္ ဘိုင္ယန္အသင္းက ရီးရဲလ္တို႔အတြက္ အသက္သာဆုံး ၿပိဳင္ဘက္ ျဖစ္ႏိုင္ပါတယ္။
အရင္ဆုံးအုပ္စုကို ေက်ာ္ျဖတ္ရဦးမယ့္ အက္သလက္တီကို
အက္သလက္တီကိုကေတာ့ ဒီညမွာ လိုကိုမိုတစ္ေမာ္စကိုအသင္းကို အႏိုင္ရခဲ့ရင္ ေလဗာကူဆင္ပြဲရလဒ္ကို ေစာင့္ၾကည့္စရာမလိုဘဲ ေနာက္တစ္ဆင့္တက္ႏိုင္မွာျဖစ္ၿပီး ၁၆သင္အဆင့္မွာ ရီးရဲလ္လိုတူညီတဲ့ၿပိဳင္ဘက္တစ္သင္းသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ကာ ဂ်ဴဗင္တပ္စ္ေနရာမွာ ပီအက္စ္ဂ်ီကအစားဝင္မွာျဖစ္ပါတယ္။