ချန်ပီယံလိဂ် ပွဲစဉ်မှာ ပြန်ကစားနိုင်မယ့် ဒီဘရိုင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းအတွက်ခြေစွမ်းပြကစားနေတဲ့ကွင်းလယ်လူဒီဘရိုင်းရဲ့ဒဏ်ရာဟာမျှော်လင့်သလောက်မစိုးရိမ်ရတဲ့အတွက်လာမယ့်သီတင်းပတ်မှာကစားမယ့်ပီအက်ဂျီအသင်းနဲ့ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲစဉ်ကိုပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့နည်းပြဂွါဒီယိုလာကပြောပါတယ်။

ကွင်းလယ်ကစားသမားဟာ ခြေချင်းဝတ်ဒဏ်ရာကို ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တာဖြစ်ပြီး မနေ့ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက “ဒီဘရိုင်းရဲ့ ဒဏ်ရာက အစောပိုင်းကလောက် သိပ်ပြီး ဆိုးဆိုးရွားရွားကြီး မဟုတ်တော့ပါဘူး။ကျွန်တော့် အနေနဲ့လက်ရှိအချိန်မှာဒီဘရိုင်းနဲ့မတွေ့ဆုံရသေးဘဲလေ့ကျင့်ခန်းအစီအစဉ်မှာပြန်တွေ့မှသာဒဏ်ရာအခြေအနေကိုအသေးစိတ်ပြောနိုင်မှာပါ။”

“ဒါပေမယ့်ဒီဘရိုင်းဟာလာမယ့်သီတင်းပတ်မှာကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကိုပြန်ပါဝင်နိုင်ဖွယ်ရှိပါတယ်။“လို့ပြောပါတယ်။ဖိုဒန်နဲ့ပတ်သက်လို့လည်း နည်းပြ ဂွါဒီယိုလာက အခုလိုပြောထားပါတယ်။

“ဖိုဒန်က တိုးတက်လာပါပြီ။ ကျွန်တော်တို့ပွဲတွေမှာ သူ့ရဲ့ လွှမ်းမိုးမှုတွေက ကြီးမားပါတယ်။ သူက တကယ်ကောင်းတဲ့ ကစားသမား ဖြစ်လာပါပြီ။

အခုအချိန် အသင်းရဲ့ အရေးပါဆုံး ကစားသမား ဖြစ်လာပါတယ်။”လို့ ပြောပါတယ်။ဖိုဒန်ဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ၂၅ပွဲ ကစားရာမှာ ၇ဂိုးသွင်းကာ ၅ဂိုး ဖန်တီးခဲ့ပါတယ်။

အခုဆို မန်စီးတီးဟာ အက်စတွန်ဗီလာနဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲကိုအနိုင်ရပြီးနောက်အမှတ်ပေးဇယားမှာ ပြိုင်ဘက်ယူနိုက်တက်အသင်းကို၁၁မှတ်ဖြတ်ကာချန်ပီယံဖြစ်ဖို့အလားလာကောင်းနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ျပန္ကစားႏိုင္မယ့္ ဒီဘရိုင္း

မန္စီးတီးအသင္းအတြက္ေျခစြမ္းျပကစားေနတဲ့ကြင္းလယ္လူဒီဘရိုင္းရဲ့ဒဏ္ရာဟာေမၽွာ္လင့္သေလာက္မစိုးရိမ္ရတဲ့အတြက္လာမယ့္သီတင္းပတ္မွာကစားမယ့္ပီအက္ဂ်ီအသင္းနဲ႔ခ်န္ပီယံလိဂ္အႀကိဳဗိုလ္လုပြဲစဥ္ကိုျပန္လည္ပါဝင္နိုင္ဖြယ္ရွိတယ္လို့နည္းျပဂြါဒီယိုလာကေျပာပါတယ္။

ကြင္းလယ္ကစားသမားဟာ ေျခခ်င္းဝတ္ဒဏ္ရာကို ၿပီးခဲ့တဲ့ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲစဥ္မွာ ရရွိခဲ့တာျဖစ္ၿပီး မေန႔ညက ကစားခဲ့တဲ့ အက္စတြန္ဗီလာအသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပါဝင္ကစားနိုင္ျခင္း မရွိခဲ့ပါဘူး။

မန္စီးတီးနည္းျပ ဂြါဒီယိုလာက “ဒီဘရိုင္းရဲ့ ဒဏ္ရာက အေစာပိုင္းကေလာက္ သိပ္ၿပီး ဆိုးဆိုးရြားရြားႀကီး မဟုတ္ေတာ့ပါဘူး။ကၽြန္ေတာ့္ အေနနဲ႔လက္ရွိအခ်ိန္မွာဒီဘရိုင္းနဲ႔မေတြ႕ဆုံရေသးဘဲေလ့က်င့္ခန္းအစီအစဥ္မွာျပန္ေတြ႕မွသာဒဏ္ရာအေျခအေနကိုအေသးစိတ္ေျပာနိုင္မွာပါ။”

“ဒါေပမယ့္ဒီဘရိုင္းဟာလာမယ့္သီတင္းပတ္မွာကစားမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ကိုျပန္ပါဝင္နိုင္ဖြယ္ရွိပါတယ္။“လို့ေျပာပါတယ္။ဖိုဒန္နဲ႔ပတ္သက္လုိ႔လည္း နည္းျပ ဂြါဒီယိုလာက အခုလိုေျပာထားပါတယ္။

“ဖိုဒန္က တိုးတက္လာပါၿပီ။ ကြၽန္ေတာ္တို႔ပြဲေတြမွာ သူ႔ရဲ႕ လႊမ္းမိုးမႈေတြက ႀကီးမားပါတယ္။ သူက တကယ္ေကာင္းတဲ့ ကစားသမား ျဖစ္လာပါၿပီ။ အခုအခ်ိန္ အသင္းရဲ႕ အေရးပါဆုံး ကစားသမား ျဖစ္လာပါတယ္။”လို႔ ေျပာပါတယ္။ဖိုဒန္ဟာ ယခုႏွစ္ရာသီ ပရီးမီးယားလိဂ္ ၂၅ပြဲ ကစားရာမွာ ၇ဂိုးသြင္းကာ ၅ဂိုး ဖန္တီးခဲ့ပါတယ္။

အခုဆုိ မန္စီးတီးဟာ အက္စတြန္ဗီလာနဲ႔ပရီးမီးယားလိဂ္ၿပိဳင္ပြဲကိုအနိုင္ရၿပီးေနာက္အမွတ္ေပးဇယားမွာ ၿပိဳင္ဘက္ယူနိုက္တက္အသင္းကို၁၁မွတ္ျဖတ္ကာခ်န္ပီယံျဖစ္ဖို့အလားလာေကာင္းေနပါၿပီ။