ချန်ပီယံလိဂ် ဆီမီးပွဲစဉ်တွေ ဖျက်သိမ်းပြီး နောက်ရာသီမှာ ရီးရဲလ်နဲ့ ဂျူဗင်တပ်ကို ဥရောပပြိုင်ပွဲပိတ်ခံရနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပစူပါလိဂ်ပြိုင်ပွဲကို ကြံစည်ခဲ့ကြတဲ့ အသင်းတွေအပေါ် UEFA နဲ့ သက်ဆိုင်ရာအမှတ်ပေးလိဂ်အဖွဲ့ချုပ်တွေက ဘာမှအရေးမယူဘူးလားဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ လူမေးအများဆုံးမေးခွန်းပါပဲ။ လက်ရှိ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ရောက်နေတဲ့ ၄သင်းထဲမှာ ရီးရဲလ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ဟာ စူပါလိဂ်ခွဲထွက်မယ့်အကြံမှာ ပါဝင်ခဲ့တဲ့အသင်းတွေဖြစ်ပြီး ပီအက်စ်၈ျီတစ်သင်းတည်းသာ လွတ်နေခဲ့တာပါ။

ခွဲထွက်ရေးကြံစည်ခဲ့တဲ့ ၃သင်းကို ပြိုင်ပွဲကနေသာ ထုတ်ပယ်လိုက်ရင် ပီအက်စ်ဂျီဟာ နေရင်းထိုင်ရင်း ချန်ပီယံဖြစ်မယ့်ကိန်းပါပဲ။ စပိန်မီဒီယာတစ်ခုဖြစ်တဲ့ Deportes Cuatroရဲ့ ဖော်ပြချက်အရ ချန်ပီယံလိဂ်မှာ ၁၃ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးဖြစ်တဲ့ ရီးရဲလ်နဲ့ ချဲလ်ဆီးပွဲစဉ်ကို UEFA ကဖျက်သိမ်းပစ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် UEFA ဥက္ကဌ ဆီဖာရင်ကတော့ အရေးယူအပစ်ပေးတာမျိုး လုပ်သင့်ပေမယ့် အခြားအကြောင်းအရာတွေကိုလည်း ထည့်စားနေရပြီး ဒီလိုလုပ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုထားပါတယ်။

ဆီဖာရင်က ” အရေးကြီးဆုံးအချက်က လက်ရှိဘောလုံးရာသီက စတင်နေပြီဖြစ်သလို ကျွန်တော်တို့အနေနဲ့ ရုပ်သံထုတ်လွှင့်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း စာချုပ်တွေရှိနေပါတယ်။ အရေးယူလိုက်ရင်ပြီး ဆီးမီးဖိုင်နယ်ကို ဖျက်သိမ်းလိုက်ရင် ထိခိုက်မှုတစ်ချို့ရှိလာနိုင်ပါတယ်။ ဒါကြောင့် နောက်တပတ်ထဲ ကစားမယ့်ပွဲစဉ်တွေကို ဖျက်သိမ်းဖို့က ဖြစ်နိုင်ခြေ နည်းပါတယ်။ ရှိလာနိုင်တာကတော့ နောက်ရာသီမှာ ဖြစ်လာာနိုင်ပါတယ်” လို့ ဆလိုဗေးနီးယား ရေဒီယိုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အလားတူ စူပါလိဂ်ဥက္ကဌလုပ်နေတဲ့ ပီရက်ဇ်နဲ့ ပတ်သတ်ပြီးလည်း ဆီဖာရင်က ဝေဖန်သွားခဲ့ပြီး ပီရက်ဇ်ဟာ သူ့အတွေးအမြင်အတိုင်း သူပြောတာကို လက်ညှိုးထောင်ခေါင်းညိမ့် ထောက်ခံတဲ့ သူတွေကိုပဲ အလိုရှိတာလို့ ပြောကြားခဲံ့ပါတယ်။

ထို့အြပ်င် ဂျူဗင်တပ်အသင်းရဲ့ ဥက္ကဌ အယ်နယ်လီမှာလည်း ပီးရက်ဇ်နဲ့အတူ စူပါလိဂ်ကိစ္စမှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် UEFA အနေနဲ့ လာမယ့် ဘောလုံးရာသီတွေမှာ ဥရောပပြီုင်ပွဲ ကစားခွင့် ပိတ်ပငိသွားနိုင်တဲ့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ ဆီမီးပြဲစဥ္ေတြ ဖ်က္သိမ္းၿပီး ေနာက္ရာသီမွာ ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္ကို ဥေရာပၿပိဳင္ပြဲပိတ္ခံရႏိုင္

ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကို ႀကံစည္ခဲ့ၾကတဲ့ အသင္းေတြအေပၚ UEFA နဲ႔ သက္ဆိုင္ရာအမွတ္ေပးလိဂ္အဖြဲ႕ခ်ဳပ္ေတြက ဘာမွအေရးမယူဘူးလားဆိုတဲ့ ေမးခြန္းဟာ လတ္တေလာမွာ လူေမးအမ်ားဆုံးေမးခြန္းပါပဲ။ လက္ရွိ ခ်န္ပီယံလိဂ္ ဆီးမီးဖိုင္နယ္ေရာက္ေနတဲ့ ၄သင္းထဲမွာ ရီးရဲလ္၊ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ဟာ စူပါလိဂ္ခြဲထြက္မယ့္အႀကံမွာ ပါဝင္ခဲ့တဲ့အသင္းေတြျဖစ္ၿပီး ပီအက္စ္၈်ီတစ္သင္းတည္းသာ လြတ္ေနခဲ့တာပါ။

ခြဲထြက္ေရးႀကံစည္ခဲ့တဲ့ ၃သင္းကို ၿပိဳင္ပြဲကေနသာ ထုတ္ပယ္လိုက္ရင္ ပီအက္စ္ဂ်ီဟာ ေနရင္းထိုင္ရင္း ခ်န္ပီယံျဖစ္မယ့္ကိန္းပါပဲ။ စပိန္မီဒီယာတစ္ခုျဖစ္တဲ့ Deportes Cuatroရဲ႕ ေဖာ္ျပခ်က္အရ ခ်န္ပီယံလိဂ္မွာ ၁၃ႀကိမ္ဗိုလ္စြဲထားၿပီး အေအာင္ျမင္ဆုံးျဖစ္တဲ့ ရီးရဲလ္နဲ႔ ခ်ဲလ္ဆီးပြဲစဥ္ကို UEFA ကဖ်က္သိမ္းပစ္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ UEFA ဥကၠဌ ဆီဖာရင္ကေတာ့ အေရးယူအပစ္ေပးတာမ်ိဳး လုပ္သင့္ေပမယ့္ အျခားအေၾကာင္းအရာေတြကိုလည္း ထည့္စားေနရၿပီး ဒီလိုလုပ္ဖို႔ ျဖစ္ႏိုင္ေျခနည္းတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုထားပါတယ္။

ဆီဖာရင္က ” အေရးႀကီးဆုံးအခ်က္က လက္ရွိေဘာလုံးရာသီက စတင္ေနၿပီျဖစ္သလို ကြၽန္ေတာ္တို႔အေနနဲ႔ ႐ုပ္သံထုတ္လႊင့္တဲ့ အဖြဲ႕အစည္းေတြနဲ႔လည္း စာခ်ဳပ္ေတြရွိေနပါတယ္။ အေရးယူလိုက္ရင္ၿပီး ဆီးမီးဖိုင္နယ္ကို ဖ်က္သိမ္းလိုက္ရင္ ထိခိုက္မႈတစ္ခ်ိဳ႕ရွိလာႏိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္တပတ္ထဲ ကစားမယ့္ပြဲစဥ္ေတြကို ဖ်က္သိမ္းဖို႔က ျဖစ္ႏိုင္ေျခ နည္းပါတယ္။ ရွိလာႏိုင္တာကေတာ့ ေနာက္ရာသီမွာ ျဖစ္လာာႏိုင္ပါတယ္” လို႔ ဆလိုေဗးနီးယား ေရဒီယိုနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

အလားတူ စူပါလိဂ္ဥကၠဌလုပ္ေနတဲ့ ပီရက္ဇ္နဲ႔ ပတ္သတ္ၿပီးလည္း ဆီဖာရင္က ေဝဖန္သြားခဲ့ၿပီး ပီရက္ဇ္ဟာ သူ႔အေတြးအျမင္အတိုင္း သူေျပာတာကို လက္ညႇိဳးေထာင္ေခါင္းညိမ့္ ေထာက္ခံတဲ့ သူေတြကိုပဲ အလိုရွိတာလို႔ ေျပာၾကားခဲံ့ပါတယ္။ ထို႔ျအပ္င္ ဂ်ဴဗင္တပ္အသင္းရဲ႕ ဥကၠဌ အယ္နယ္လီမွာလည္း ပီးရက္ဇ္နဲ႔အတူ စူပါလိဂ္ကိစၥမွာ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့အတြက္ UEFA အေနနဲ႔ လာမယ့္ ေဘာလုံးရာသီေတြမွာ ဥေရာပၿပီဳင္ပြဲ ကစားခြင့္ ပိတ္ပငိသြားႏိုင္တဲ့ ထင္ေၾကးေပး ေျပာဆိုမႈေတြလည္း ထြက္ေပၚေနပါတယ္။