
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ကြာသပတေးနေ့က စပါးအသင်းဟာ ဆလိုဗေးနီးယားအမှတ်ပေးချန်ပီယံ Mura အသင်းနဲ့ကစားခဲ့တဲ့ UEFA Europa Conference League အုပ်စုပွဲမှာ (၅-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းအတွက် ဟယ်ရီကိန်းက ဟက်ထရစ်သွင်းယူခဲ့သလို အယ်လီနဲ့လိုဆယ်ဆိုတို့က ဂိုးတွေအသီးသီးသွင်းယူခဲ့ကြပါတယ်။
ဟယ်ရီကိန်းဟာ အခုပွဲမှာ ပွဲပြီးဖို့မိနစ်(၂၀)လောက်အလိုမှ လူစားဝင်ကစားခဲ့ရတာဖြစ်ပေမယ့် မိနစ်ပိုင်းအတွင်းမှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။
ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးဟယ်ရီကိန်းကတော့ တခြားပြိုင်ပွဲရပ်တွေမှာ ဂိုးသွင်းခြေတွေ့နေပြီး အခု Mura အသင်းနဲ့ပွဲမှာ ဒီရာသီပထမဆုံးဟက်ထရက်သွင်းယူခဲ့သလို
ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ UEFA Europa Conference League ပြိုင်ပွဲ(၃)ခုမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ယူရိုပါလိဂ်ပွဲစဉ်အဖြစ် Asteras Tripolis အသင်းနဲ့ဝှိုက်ဟတ်လိန်းမှာကစားခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်းက ဟက်ထရစ်သွင်းယူခဲ့ပြီး အဲဒီနောက် (၃)နှစ်အကြာ၊ အပိုးလ်နီကိုးရှားနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ဒီနှစ်မှပထမဆုံးအကြိမ်ကျင်းပတဲ့ UEFA Europa Conference League မှာ ဟက်ထရစ်သွင်းယူခဲ့တာကြောင့် ဒီပြိုင်ပွဲ(၃)ရပ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့ပြီး
ဂျက်ပ်ဟေးနက်စ်၊ ဂတ်မူလာတို့ပြီးရင် UEFA က ကျင်းပတဲ့မတူညီတဲ့ပြိုင်ပွဲ(၃)ခုမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
Mura အသင်းနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ ဟယ်ရီကိန်းက “တိုက်စစ်မှူးတိုင်းကတော့ အသင်းအတွက် ဂိုးသွင်းပေးချင်ကြတဲ့သူူတွေပါပဲ။
ဒီပွဲမှာ လူစားဝင်ကစားခွင့်ရမယ်လို့ ကျွန်တော်မမျှော်လင့်ထားပေမယ့် အဲဒီအခွင့်အရေးရခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။
ကိုယ်ကန်လိုက်တဲ့ဘောလုံးက ပြိုင်ဘက်ဂိုးပေါက်ထဲဝင်သွားတာကို မြင်ရတဲ့ခံစားချက်က တကယ်ဝမ်းသာစရာပါပဲ။
အခုပုံစံအတိုင်း ဒီတစ်ပတ်မှာလည်း ဆက်လက်ပြသနိုင်မယ်လို့မျှော်လင့်ပါတယ်။
အရန်ကစားသမားအဖြစ်ပါဝင်ကစားခွင့်ရပြီး ဂိုးတွေသွင်းယူနိုင်ခဲ့တာက ကျေနပ်စရာကောင်းတယ်လို့ပြောရမှာပါ”ဆိုပြီးပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် ဗီလာအသင်းနဲ့အိမ်ကွင်းပွဲကစားရမှာဖြစ်ပြီး ဟယ်ရီကိန်း ဒီရာသီပထမဆုံးပရီးမီးယားလိဂ်ဂိုး သွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္နဲ႔ Conference League မွာ ဟက္ထရစ္သြင္းႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္ ဟယ္ရီကိန္းစံခ်ိန္တင္
ၿပီးခဲ့တဲ့ၾကာသပေတးေန႔က စပါးအသင္းဟာ ဆလိုေဗးနီးယားအမွတ္ေပးခ်န္ပီယံ Mura အသင္းနဲ႔ကစားခဲ့တဲ့ UEFA Europa Conference League အုပ္စုပြဲမွာ (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းအတြက္ ဟယ္ရီကိန္းက ဟက္ထရစ္သြင္းယူခဲ့သလို အယ္လီနဲ႔လိုဆယ္ဆိုတို႔က ဂိုးေတြအသီးသီးသြင္းယူခဲ့ၾကပါတယ္။ ဟယ္ရီကိန္းဟာ အခုပြဲမွာ ပြဲၿပီးဖို႔မိနစ္(၂၀)ေလာက္အလိုမွ လူစားဝင္ကစားခဲ့ရတာျဖစ္ေပမယ့္ မိနစ္ပိုင္းအတြင္းမွာပဲ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာပါ။
ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉးဟယ္ရီကိန္းကေတာ့ တျခားၿပိဳင္ပြဲရပ္ေတြမွာ ဂိုးသြင္းေျခေတြ႕ေနၿပီး အခု Mura အသင္းနဲ႔ပြဲမွာ ဒီရာသီပထမဆုံးဟက္ထရက္သြင္းယူခဲ့သလို ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္နဲ႔ UEFA Europa Conference League ၿပိဳင္ပြဲ(၃)ခုမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ၿပီျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းက ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ Asteras Tripolis အသင္းနဲ႔ဝႈိက္ဟတ္လိန္းမွာကစားခဲ့တဲ့ပြဲမွာ ဟယ္ရီကိန္းက ဟက္ထရစ္သြင္းယူခဲ့ၿပီး အဲဒီေနာက္ (၃)ႏွစ္အၾကာ၊ အပိုးလ္နီကိုးရွားနဲ႔ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲမွာ ဟက္ထရစ္သြင္းယူခဲ့တာျဖစ္ပါတယ္။
အခုဆိုရင္ ဒီႏွစ္မွပထမဆုံးအႀကိမ္က်င္းပတဲ့ UEFA Europa Conference League မွာ ဟက္ထရစ္သြင္းယူခဲ့တာေၾကာင့္ ဒီၿပိဳင္ပြဲ(၃)ရပ္မွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္စံခ်ိန္တင္ခဲ့ၿပီး ဂ်က္ပ္ေဟးနက္စ္၊ ဂတ္မူလာတို႔ၿပီးရင္ UEFA က က်င္းပတဲ့မတူညီတဲ့ၿပိဳင္ပြဲ(၃)ခုမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ တတိယေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။
Mura အသင္းနဲ႔ကစားခဲ့တဲ့ပြဲအၿပီးမွာ ဟယ္ရီကိန္းက “တိုက္စစ္မႉးတိုင္းကေတာ့ အသင္းအတြက္ ဂိုးသြင္းေပးခ်င္ၾကတဲ့သူူေတြပါပဲ။ ဒီပြဲမွာ လူစားဝင္ကစားခြင့္ရမယ္လို႔ ကြၽန္ေတာ္မေမွ်ာ္လင့္ထားေပမယ့္ အဲဒီအခြင့္အေရးရခဲ့တဲ့အတြက္ ေက်နပ္မိပါတယ္။ ကိုယ္ကန္လိုက္တဲ့ေဘာလုံးက ၿပိဳင္ဘက္ဂိုးေပါက္ထဲဝင္သြားတာကို ျမင္ရတဲ့ခံစားခ်က္က တကယ္ဝမ္းသာစရာပါပဲ။ အခုပုံစံအတိုင္း ဒီတစ္ပတ္မွာလည္း ဆက္လက္ျပသႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ အရန္ကစားသမားအျဖစ္ပါဝင္ကစားခြင့္ရၿပီး ဂိုးေတြသြင္းယူႏိုင္ခဲ့တာက ေက်နပ္စရာေကာင္းတယ္လို႔ေျပာရမွာပါ”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။ စပါးအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၇)အျဖစ္ ဗီလာအသင္းနဲ႔အိမ္ကြင္းပြဲကစားရမွာျဖစ္ၿပီး ဟယ္ရီကိန္း ဒီရာသီပထမဆုံးပရီးမီးယားလိဂ္ဂိုး သြင္းယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။