
Photo Credit
အတ္တလန္တာအသင်းနည်းပြ ဂက်စ်ပါရီနီက ဗလန်စီယာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲက ကိုရိုနာဗိုင်းရပ်စ်ခံစားနေရသူတွေကို ရည်စူးကြောင်း ပြောကြားလိုက်ပါတယ်။ အတ္တလန္တာဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်ထားပြီး ဗလန်စီယာကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ဒု-အကျော့ပွဲမှာ အီလီဆစ်က တစ်ဦးတည်း ၄ဂိုးစလုံးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
ဆလိုဗေးနီးယားလက်ရွေးစင် အီလီဆစ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်းမှာ ဟက်ထရစ်ရယူနိုင်တဲ့ အသက်ကြီးဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ တစ်ပွဲတည်း ၄ဂိုးသွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမားလည်းဖြစ်လာပါတယ်။
Photo Credit
အဲဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းအတွင်း ပရိသတ်တစ်ဦးမှမရှိခဲ့ဘဲ အီတလီနိုင်ငံက အဆိုးရွားဆုံးထိခိုက်ခံစားနေရပါတယ်။ အထူးသဖြင့် အတ္တလန္တာအသင်း အခြေစိုက်ရာ ဘာဂါမိုမြို့ရှိတဲ့ အီတလီမြောက်ပိုင်း လမ်ဘာဒီဒေသမှာ အဆိုးရွားဆုံးခံစားနေရပါတယ်။

Photo Credit
အဲဒီမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ဒေသတစ်ခုလုံးကို ပိတ်ဆို့ထားပြီး လူထုတွေ့ဆုံမှုတွေ ပိတ်ပင်ထားသလို အလုပ်ကိစ္စနဲ့ အရေးပေါ်ကိစ္စတွေကလွဲလို့ ကျန်တဲ့လှုပ်ရှားမှုတွေအားလုံး ပိတ်ပင်တားမြစ်ထားပါတယ်။ အတ္တလန္တာအသင်းအပါအဝင် စီးရီးအေကလပ်တွေက အနည်းဆုံး ဧပြီလအစောပိုင်းအထိ ပြည်တွင်းပွဲတွေ ကစားရမှာမဟုတ်သလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွေလည်း ကျင်းပဖို့ မသေမချာဖြစ်နေပါတယ်။
Photo Credit
မက်စ်တဲလားကွင်းအတွင်း ပွဲသိမ်းခရာမှုတ်ပြီးနောက် အတ္တလန္တာအသင်းသားတွေဟာ ”ဒီအောင်ပွဲက ဘာဂါမိုအတွက်ပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့”လို့ စာရေးသားထားတဲ့ အင်္ကျီကို ကင်မရာရှေ့ ပြပြီး အားပေးခဲ့ကြပါတယ်။ ဂက်စ်ပါရီနီက ကပ်ရောဂါဆိုးကြီးကြောင့် စိတ်ထိခိုက်ခံစားနေရသူတွေအတွက် ဒီအောင်ပွဲက ခဏပဲဖြစ်ဖြစ် ပျော်ရွှင်မှုပေးနိုင်ဖို့ မျှော်လင့်မိကြောင်း ဆိုပါတယ်။
Photo Credit
”ကပ်ရောဂါဆိုးကြီး အပြင်းထန်ဆုံးခံစားနေရတဲ့ဒေသကို ကိုယ်စားပြုပြီး ဒီလိုအောင်ပွဲရယူနိုင်ခဲ့လို့ ကျွန်တော်တို့ အရမ်းပျော်ရွှင်မိပါတယ်။ အိမ်မှာ ကျန်ခဲ့တဲ့သူတွေအများကြီးရှိမှန်းသိပါတယ်။ ပြီးတော့ စုပေါင်းအောင်ပွဲခံခွင့်မရတာလည်း သိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပြီး ဇွန်လမှာ အောင်ပွဲခံဖို့ အချိန်ရောက်လာမှာပါ။ အဲဒီအချိန်ရောက်ရင် အားလုံးအတွက် အောင်ပွဲခံသွားမှာပါ။ ဒီရောဂါကပ်ဆိုးကြီးကို ကျော်လွှားနိုင်ခဲ့တဲ့အတွက်ရောပေါ့”လို့ ဂက်စ်ပါရီနီက ပြောပါတယ်။
Photo Credit
Zawgyi
ခ်န္ပီယံလိဂ္ေအာင္ပြဲက ကို႐ိုနာဗိုင္းရပ္စ္ခံစားေနရသူေတြအတြက္ျဖစ္ေၾကာင္း အတၱလႏၱာအသင္းနည္းျပ ေျပာ
အတၱလႏၱာအသင္းနည္းျပ ဂက္စ္ပါရီနီက ဗလန္စီယာကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲက ကို႐ိုနာဗုိင္းရပ္စ္ခံစားေနရသူေတြကို ရည္စူးေၾကာင္း ေျပာၾကားလုိက္ပါတယ္။ အတၱလႏၱာဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံး၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ၿပိဳင္ပြဲမွာ ကြာတားဖုိင္နယ္အထိ တက္ေရာက္ထားၿပီး ဗလန္စီယာကို ၃-၄ နဲ႔အႏိုင္ရခဲ့တဲ့ ဒု-အေက်ာ့ပြဲမွာ အီလီဆစ္က တစ္ဦးတည္း ၄ဂိုးစလုံးသြင္းယူႏုိင္ခဲ့ပါတယ္။
ဆလုိေဗးနီးယားလက္ေရြးစင္ အီလီဆစ္ဟာ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အေ၀းကြင္းမွာ ဟက္ထရစ္ရယူႏုိင္တဲ့ အသက္ႀကီးဆုံးကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ရံႈးထြက္အဆင့္မွာ တစ္ပဲြတည္း ၄ဂိုးသြင္းယူႏုိင္တဲ့ စတုတၳေျမာက္ကစားသမားလည္းျဖစ္လာပါတယ္။
အဲဒီပြဲမွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ အႀကိတ္အနယ္ရွိခဲ့ေပမယ့္ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ကြင္းအတြင္း ပရိသတ္တစ္ဦးမွမရွိခဲ့ဘဲ အီတလီႏိုင္ငံက အဆုိးရြားဆုံးထိခိုက္ခံစားေနရပါတယ္။ အထူးသျဖင့္ အတၱလႏၱာအသင္း အေျခစိုက္ရာ ဘာဂါမုိၿမိဳ႕ရွိတဲ့ အီတလီေျမာက္ပိုင္း လမ္ဘာဒီေဒသမွာ အဆုိးရြားဆုံးခံစားေနရပါတယ္။
အဲဒီမွာ ၿပီးခဲ့တ့ဲရက္သတၱပတ္ကတည္းက ေဒသတစ္ခုလုံးကို ပိတ္ဆုိ႔ထားၿပီး လူထုေတြ႕ဆုံမႈေတြ ပိတ္ပင္ထားသလို အလုပ္ကိစၥနဲ႔ အေရးေပၚကိစၥေတြကလြဲလို႔ က်န္တဲ့လႈပ္ရွားမႈေတြအားလုံး ပိတ္ပင္တားျမစ္ထားပါတယ္။ အတၱလႏၱာအသင္းအပါအ၀င္ စီးရီးေအကလပ္ေတြက အနည္းဆုံး ဧၿပီလအေစာပိုင္းအထိ ျပည္တြင္းပဲြေတြ ကစားရမွာမဟုတ္သလုိ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲေတြလည္း က်ငး္ပဖို႔ မေသမခ်ာျဖစ္ေနပါတယ္။
မက္စ္တဲလားကြင္းအတြင္း ပြဲသိမ္းခရာမႈတ္ၿပီးေနာက္ အတၱလႏၱာအသင္းသားေတြဟာ ”ဒီေအာင္ပဲြက ဘာဂါမိုအတြက္ပါ။ ဘယ္ေတာ့မွ အ႐ံႈးမေပးပါနဲ႔”လုိ႔ စာေရးသားထားတဲ့ အက်ႌကို ကင္မရာေရွ႕ ျပၿပီး အားေပးခဲ့ၾကပါတယ္။ ဂက္စ္ပါရီနီက ကပ္ေရာဂါဆုိးႀကီးေၾကာင့္ စိတ္ထိခိုက္ခံစားေနရသူေတြအတြက္ ဒီေအာင္ပြဲက ခဏပဲျဖစ္ျဖစ္ ေပ်ာ္ရႊင္မႈေပးႏိုင္ဖို႔ ေမွ်ာ္လင့္မိေၾကာင္း ဆုိပါတယ္။
”ကပ္ေရာဂါဆုိးႀကီး အျပင္းထန္ဆုံးခံစားေနရတဲ့ေဒသကို ကိုယ္စားျပဳၿပီး ဒီလုိေအာင္ပြဲရယူႏုိင္ခဲ့လုိ႔ ကၽြန္ေတာ္တုိ႔ အရမ္းေပ်ာ္ရႊင္မိပါတယ္။ အိမ္မွာ က်န္ခဲ့တဲ့သူေတြအမ်ားႀကီးရွိမွန္းသိပါတယ္။ ၿပီးေတာ့ စုေပါင္းေအာင္ပြဲခံခြင့္မရတာလည္း သိပါတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအၿပီး ဇြန္လမွာ ေအာင္ပြဲခံဖုိ႔ အခ်ိန္ေရာက္လာမွာပါ။ အဲဒီအခ်ိန္ေရာက္ရင္ အားလုံးအတြက္ ေအာင္ပြဲခံသြားမွာပါ။ ဒီေရာဂါကပ္ဆုိးႀကီးကို ေက်ာ္လႊားႏိုင္ခဲ့တဲ့အတြက္ေရာေပါ့”လုိ႔ ဂက္စ္ပါရီနီက ေျပာပါတယ္။