သရေထက်ပိုပြီး မျှော်လင့်လို့မရနိုင်တဲ့ ယူနိုက်တက်-ဗီလာပွဲစဉ်နဲ့ ချန်ပီယံလိဂ် မှော်ဝင်ညခန့်မှန်းချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁-၂၂ ချန်ပီယံလိဂ်အုပ်စုပွဲတွေဟာအခုဆိုရင် ပွဲစဥ် ၅ ကိုရောက်ရှိလာခဲ့လို့ ဘယ်အသင်းတွေနောက်တစ်ဆင့်တက်မလဲဆိုတာကိုလည်း သိရဖို့အရမ်းနီးစပ်လာခဲ့ပါပြီ။

ဒီကနေ့ညမှာအုပ်စု E၊ F၊ G နဲ့ H တို့ကပွဲတွေကစားကြမှာဖြစ်ပြီး ဘယ်အသင်းတွေနောက်တစ်ဆင့်ကိုတက်လှမ်မလဲဆိုတာရုပ်လုံးပေါ်ဖို့ရှိနေတဲ့ညလည်းဖြစ်ပါတယ်။

ဒီတော့တစ်ပွဲချင်းသုံးသပ်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ဒိုင်နမိုကိဗ် – ဘိုင်ယန်မြူးနစ်(ည ၁၂း၁၅ နာရီ)

ဘိုင်ယန်ဟာအုပ်စုထိပ်ဆုံးမှာရပ်တည်နေသလို အုပ်စုဗိုလ်စွဲဖို့လည်းသေချာနေပါပြီ။

ဒိုင်နမိုကိဗ်ကတော့ခပ်ပါးပါးလေးရှိနေတဲ့ ယူရိုပါလိဂ်ဝင်ပြိုင်ခွင့်အတွက်ဘဲ ရည်ရွယ်ကစားရတော့မှာပါ။

အဲဒီယူကရိန်းအသင်းဟာကစားပုံမဆိုးပေမယ့် ဂိုးပုံမှန်သွင်းနိုင်တဲ့သူမရှိတာက သူတို့အတွက်ပြဿနာဖြစ်ပါတယ်။

ဘိုင်ယန်ကတော့ဒီပွဲမှာသူဘယ်လိုကစားမလဲဆိုတာကိုဘဲစောင့်ကြည့်ရမှာပါ။

ဒါပေမယ့်နည်းပြ နာဂယ်စမန်ကတော့ မာန်တက်နေတာမျိုးကိုလိုချင်မှာမဟုတ်ဘဲ အုပ်စုဗိုလ်စွဲဖို့သေချာသည်ထက်သေချာအောင်လို့ ပြင်ဆင်မှာဖြစ်ပါတယ်။

ဘိုင်ယန်ဂိုးပြတ်မပြတ်ဘဲစောင့်ကြည့်ရမယ့်ပွဲပါ။

ဗီလာရီးရဲလ် – မန်ယူ(ည ၁၂း၁၅ နာရီ)

အုပ်စု F အတွင်းမှာ ၇ မှတ်စီတူညီနေတဲ့ ၂ သင်းတွေ့တာပါ။

နှစ်သင်းစလုံးအတွက်ဒီပွဲကအရေးပါနေပြီး မန်ယူအနေနဲ့နောက်ဆုံးပွဲကို အိမ်ကွင်းမှာ ယန်းဘွိုင်းနဲ့သာကစားရမှာဖြစ်လို့ ဒီညစပိန်မြေမှာ တစ်မှတ်ရတာနဲ့ နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းသွားမှာပါ။

ဗီလာရီးရဲလ်ကတော့ နောက်ဆုံးပွဲမှာ အတ္တလန္တာကိုအဝေးကွင်းသွားကစားရမှာဖြစ်လို့ ဒီပွဲကိုနိုင်ဖို့အရေးကြီးနေပါတယ်။

အခုညမှာစောင့်ကြည့်ရမှာက မန်ယူပါဘဲ။

ရလဒ်တွေဆိုးလို့နည်းပြဆိုးလ်ရှား အထုတ်ခံရပြီးနောက် ယာယီနည်းပြ ကာရစ်နဲ့ပွဲထွက်လာမှာဖြစ်လို့ သူတို့ဘယ်လောက်လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲခြေကတော့အတော်လေးညံဖျင်းခဲ့ပြီး ကစားကွက်လည်း မယ်မယ်ရရမရှိပါဘူး။

ဒါပေမယ့်သရေကျရင်ကျေနပ်စရာဖြစ်သလို ကာရစ်ကလည်းသူ့ပွဲဦးထွက်မှာ အမှားခံချင်မှာမဟုတ်လို့ သရေကျဖို့ဦးတည်နေတဲ့ပွဲလို့ဘဲ ဆိုရပါမယ်။

ဘာစီလိုနာ – ဘင်ဖီကာ(ည ၂း၃၀ နာရီ)

ဘာစီလိုနာအနေနဲ့နောက်တစ်ဆင့်တက်ချင်ရင် ဒီပွဲကိုအနိုင်ကစားဖို့လိုပါတယ်။

ဘင်ဖီကာဟာ ပထမအကျော့တုန်းက ဘာစီလိုနာကို၃ ဂိုးပြတ်နဲ့နိုင်ခဲ့ပေမယ့် အဲဒီတုန်းကဘာစီလိုနာက တပ်ပျက်နေချိန်ဖြစ်ပြီးအခုဆိုရင်နည်းပြသစ် ဇာဗီ လက်ထဲမှာတဖြည်းဖြည်းတည်ငြိမ်လာပါတယ်။

ဒီပွဲဟာနှစ်သင်းစလုံးအတွက်အရေးပါပြီး ဘာစီလိုနာအနေနဲ့နောက်တစ်ဆင့်တက်ချင်ရင် အိမ်ကွင်းမှာအနိုင်ရအောင်ယူနိုင်ဖို့လိုပြီးသရေကျလို့တောင်မရပါဘူး။

နောက်ဆုံးပွဲမှာ ဘိုင်ယန်ကိုအဝေးကွင်းသွားရင်ဆိုင်ရမယ့် အခက်အခဲရှိနေတဲ့အတွက် ဒီပွဲကသူတို့အတွက်အသက်ပါဘဲ။

အဝေးကွင်းမှာဂိုးပြတ်ရှုံးထားပေမယ့် အခုအချိန်မှာဘာစီလိုနာဟာပိုမိုတည်ငြိမ်လာနေလို့ အိမ်ရှင်ဘဲအနိုင်ရသွားမယ့်ပွဲလို့ ထင်မိပါတယ်။

ယန်းဘွိုင်း – အတ္တလန္တာ(ည ၂း၃၀ နာရီ)

အတ္တလန္တာ ရဲ့ခြေစွမ်းကောင်းမွန်လို့ မန်ယူ၊ ဗီလာရီးရဲလ်တို့နဲ့အပြိုင် နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ရှိနေပါတယ်။

အိမ်ကွင်းမှာတုန်းက ၁-၀ နဲ့သာနိုင်ခဲ့ပေမယ့် အတ္တလန္တာတို့ခြေစွမ်းတော်တော်လေးသာခဲ့ပါတယ်။

တစ်ဖက်မှာ ဗီလာရီးရဲလ်နဲ့ မန်ယူတို့တွေ့လို့အခွင့်အရေးယူနိုင်ဖို့လည်းအတ္တလန္တာကြိုးစားပါလိမ့်မယ်။

ဒီလိုအချိန် ယန်းဘွိုင်းမှာလည်းအဓိကကျသူအချို့ဒဏ်ရာပြဿနာတွေရှိနေတဲ့အတွက် ဧည့်သည်အနိုင်သေချာတဲ့ပွဲမျိုးပါဘဲ။

ဆီဗီလာ – ဝုဖ်ဘတ်(ည ၂း၃၀ နာရီ)

ဆီဗီလာဟာ ယူရိုပါလိဂ်အသင်းသာဖြစ်တယ်ဆိုတာ ဒီအုပ်စုမှာ ၃ မှတ်သာရပြီးအောက်ဆုံးမှာရပ်တည်နေတာက သက်သေပါဘဲ။

ဒါပေမယ့်အုပ်စု G မှာအသင်းတွေခြေစွမ်းအရမ်းမကွာတာကြောင့်ခံသာနေပြီး နောက်တစ်ဆင့်အတွက်မျှော်လင့်ချက်ရှိနေပါသေးတယ်။

ဒါပေမယ့်ဆီဗီလာမှာ ခြေစွမ်းပြနေတဲ့မော်ရိုကိုတိုက်စစ်မှူး အန်နက်ဆရီ တစ်ယောက်မပါနိုင်တာဟာ ဝုဖ်ဘတ်နဲ့ပွဲအတွက်နစ်နာစေမှာဖြစ်ပါတယ်။

ဝုဖ်ဘတ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်က အာမေးနီးယားနဲ့ပွဲမှာ ၂ ဂိုးအရှုံးကနေသရေကျအောင် ကစားနိုင်ခဲ့ပြီး သူတို့ရဲ့တိုက်ခိုက်ရေးစိတ်ဓါတ်ကိုပြသထားနိုင်ပါတယ်။

လက်ရှိမှာဆီဗီလာဟာ ပုံစံကောင်းတစ်ရပ်မှာရှိမနေတာကြောင့် ဧည့်သည်ဝုဖ်ဘတ်ကိုဘဲမျှော်လင့်ကြည့်ချင်ပါတယ်။

လိုင်လီ – ဆဲလ်ဘတ်(ည ၂း၃၀ နာရီ)

လိုင်လီအသင်းရဲ့ကွင်းလယ်နဲ့ ခံစစ်ပိုင်းအားနည်းနေပေမယ့် လက်ရှိမှာဆဲလ်ဘတ်ကလည်းခြေစွမ်းပုံမှန်မရှိတာကြောင့် ဒီပွဲကသိပ်ပြီးစိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ပါဘူး။

ဒါပေမယ့် သရေကျရင်တောင် နောက်တစ်ဆင့်အတွက်အခြေအနေကောင်းသွားမှာဖြစ်လို့ အဝေးကွင်းမှာဆဲလ်ဘတ်တို့ရဲ့အားထုတ်မှုကိုမြင်ရပါလိမ့်မယ်။

လိုင်လီဟာလည်း နောက်တစ်ဆင့်အတွက်မျှော်လင့်ချက်ရှိနေသေးလို့ အနိုင်ရဖို့အားထုတ်မှာဖြစ်ပေမယ့် အဓိကကျသူအချို့မပါနိုင်တာကြောင့် ဆဲလ်ဘတ်အခွင့်အရေးရသွားနိုင်ပါတယ်။

ချဲလ်ဆီး – ဂျူဗင်တပ်(ည ၂း၃၀ နာရီ)

ဂျူဗင်တပ်ခြေစွမ်းပြန်မှန်လာသလို့ ချဲလ်ဆီးကလည်းခြေစွမ်းပြနေတာကြောင့် ဒီပွဲကစိတ်ဝင်စားစရာပါဘဲ။

ဒါပေမယ့်သူတို့ပါဝင်တဲ့အုပ်စု မှာဂျူဗင်တပ်ကနောက်တစ်ဆင့်တက်ပြီးဖြစ်သလို ချဲလ်ဆီးကလည်းတက်ဖို့သေချာသလောက်ရှိနေပြီ။

ဒါပေမယ့်ပထမအကျော့အဝေးကွင်းမှာ ချဲလ်ဆီးဟာ ၁-၀ နဲ့ရှုံးထားလို့ ဒါကိုပြန်ပြီးတုံ့ပြန်ရမယ့်တာဝန်ရှိနေပါတယ်။

နှစ်သင်းစလုံးခံစစ်ကောင်းကြပြီး ဂျူဗင်တပ်ကအသင်းကြီးတွေနဲ့တွေ့ရင်လုပ်တတ်ကိုင်တတ်ပြီးဂိုးများများစားစားပေးရတယ်ဆိုတာလည်း သိပ်မရှိပါဘူး။

ဒါကြောင့်နှစ်သင်းစလုံးခြေစွမ်းကောင်းကြတယ်ဆိုပေမယ့် ဂိုးအောက်ကိုဦးတည်နေတဲ့ပွဲမျိုးပါဘဲ။

မယ်လ်မို – ဇင်းနစ်(ည ၂း၃၀ နာရီ)

ဆွီဒင်ကလပ်မယ်လ်မိုကတော့ တစ်မှတ်မှမရဘဲမှတ်တမ်းဆိုးနဲ့ အုပ်စုအဆင့်ကနေထွက်ရဖို့သေချာသလောက်ရှိနေပါပြီ။

ဇင်းနစ်ကတော့ ယူရိုပါလိဂ်မျှော်လင့်ချက်ကသာသူတို့အတွက်အကောင်းဆုံးရည်မှန်းချက်ဖြစ်နေလို့ ဒီပွဲနိုင်ရင်ဒါမှမဟုတ် သရေကျရင်ကို ပွဲပြီးသလောက်ဖြစ်သွားပါပြီ။

ဇင်းနစ်ဟာတိုက်စစ်ပိုင်းမဆိုးတဲ့အသင်းဖြစ်လို့လည်း မယ်လ်မိုအတွက်မျှော်လင့်စရာသိပ်မရှိပါဘူး။

ပထမအကျော့က ၃ ဂိုးပြတ်နိုင်ခဲ့မှုမျိုးအတိုင်းမဟုတ်ရင်တောင် ဇင်းနစ်အနိုင်သေချာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သေရထက္ပိုၿပီး ေမွ်ာ္လင့္လို႔မရႏိုင္တဲ့ ယူႏိုက္တက္-ဗီလာပြဲစဥ္နဲ႔ ခ်န္ပီယံလိဂ္ ေမွာ္ဝင္ညခန႔္မွန္းခ်က္မ်ား

၂၀၂၁-၂၂ ခ်န္ပီယံလိဂ္အုပ္စုပြဲေတြဟာအခုဆိုရင္ ပြဲစဥ္ ၅ ကိုေရာက္ရွိလာခဲ့လို႔ ဘယ္အသင္းေတြေနာက္တစ္ဆင့္တက္မလဲဆိုတာကိုလည္း သိရဖို႔အရမ္းနီးစပ္လာခဲ့ပါၿပီ။ ဒီကေန႔ညမွာအုပ္စု E၊ F၊ G နဲ႔ H တို႔ကပြဲေတြကစားၾကမွာျဖစ္ၿပီး ဘယ္အသင္းေတြေနာက္တစ္ဆင့္ကိုတက္လွမ္မလဲဆိုတာ႐ုပ္လုံးေပၚဖို႔ရွိေနတဲ့ညလည္းျဖစ္ပါတယ္။ ဒီေတာ့တစ္ပြဲခ်င္းသုံးသပ္ခ်က္ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ဒိုင္နမိုကိဗ္ – ဘိုင္ယန္ျမဴးနစ္(ည ၁၂း၁၅ နာရီ)

ဘိုင္ယန္ဟာအုပ္စုထိပ္ဆုံးမွာရပ္တည္ေနသလို အုပ္စုဗိုလ္စြဲဖို႔လည္းေသခ်ာေနပါၿပီ။ ဒိုင္နမိုကိဗ္ကေတာ့ခပ္ပါးပါးေလးရွိေနတဲ့ ယူ႐ိုပါလိဂ္ဝင္ၿပိဳင္ခြင့္အတြက္ဘဲ ရည္႐ြယ္ကစားရေတာ့မွာပါ။ အဲဒီယူကရိန္းအသင္းဟာကစားပုံမဆိုးေပမယ့္ ဂိုးပုံမွန္သြင္းႏိုင္တဲ့သူမရွိတာက သူတို႔အတြက္ျပႆနာျဖစ္ပါတယ္။

ဘိုင္ယန္ကေတာ့ဒီပြဲမွာသူဘယ္လိုကစားမလဲဆိုတာကိုဘဲေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္နည္းျပ နာဂယ္စမန္ကေတာ့ မာန္တက္ေနတာမ်ိဳးကိုလိုခ်င္မွာမဟုတ္ဘဲ အုပ္စုဗိုလ္စြဲဖို႔ေသခ်ာသည္ထက္ေသခ်ာေအာင္လို႔ ျပင္ဆင္မွာျဖစ္ပါတယ္။ ဘိုင္ယန္ဂိုးျပတ္မျပတ္ဘဲေစာင့္ၾကည့္ရမယ့္ပြဲပါ။

ဗီလာရီးရဲလ္ – မန္ယူ(ည ၁၂း၁၅ နာရီ)

အုပ္စု F အတြင္းမွာ ၇ မွတ္စီတူညီေနတဲ့ ၂ သင္းေတြ႕တာပါ။ ႏွစ္သင္းစလုံးအတြက္ဒီပြဲကအေရးပါေနၿပီး မန္ယူအေနနဲ႔ေနာက္ဆုံးပြဲကို အိမ္ကြင္းမွာ ယန္းဘြိဳင္းနဲ႔သာကစားရမွာျဖစ္လို႔ ဒီညစပိန္ေျမမွာ တစ္မွတ္ရတာနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔အေျခအေနေကာင္းသြားမွာပါ။ ဗီလာရီးရဲလ္ကေတာ့ ေနာက္ဆုံးပြဲမွာ အတၱလႏၲာကိုအေဝးကြင္းသြားကစားရမွာျဖစ္လို႔ ဒီပြဲကိုႏိုင္ဖို႔အေရးႀကီးေနပါတယ္။

အခုညမွာေစာင့္ၾကည့္ရမွာက မန္ယူပါဘဲ။ ရလဒ္ေတြဆိုးလို႔နည္းျပဆိုးလ္ရွား အထုတ္ခံရၿပီးေနာက္ ယာယီနည္းျပ ကာရစ္နဲ႔ပြဲထြက္လာမွာျဖစ္လို႔ သူတို႔ဘယ္ေလာက္လုပ္ျပႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာျဖစ္ပါတယ္။ ဝက္ဖို႔ဒ္နဲ႔ပြဲေျခကေတာ့အေတာ္ေလးညံဖ်င္းခဲ့ၿပီး ကစားကြက္လည္း မယ္မယ္ရရမရွိပါဘူး။ ဒါေပမယ့္သေရက်ရင္ေက်နပ္စရာျဖစ္သလို ကာရစ္ကလည္းသူ႔ပြဲဦးထြက္မွာ အမွားခံခ်င္မွာမဟုတ္လို႔ သေရက်ဖို႔ဦးတည္ေနတဲ့ပြဲလို႔ဘဲ ဆိုရပါမယ္။

ဘာစီလိုနာ – ဘင္ဖီကာ(ည ၂း၃၀ နာရီ)

ဘာစီလိုနာအေနနဲ႔ေနာက္တစ္ဆင့္တက္ခ်င္ရင္ ဒီပြဲကိုအႏိုင္ကစားဖို႔လိုပါတယ္။ ဘင္ဖီကာဟာ ပထမအေက်ာ့တုန္းက ဘာစီလိုနာကို၃ ဂိုးျပတ္နဲ႔ႏိုင္ခဲ့ေပမယ့္ အဲဒီတုန္းကဘာစီလိုနာက တပ္ပ်က္ေနခ်ိန္ျဖစ္ၿပီးအခုဆိုရင္နည္းျပသစ္ ဇာဗီ လက္ထဲမွာတျဖည္းျဖည္းတည္ၿငိမ္လာပါတယ္။ ဒီပြဲဟာႏွစ္သင္းစလုံးအတြက္အေရးပါၿပီး ဘာစီလိုနာအေနနဲ႔ေနာက္တစ္ဆင့္တက္ခ်င္ရင္ အိမ္ကြင္းမွာအႏိုင္ရေအာင္ယူႏိုင္ဖို႔လိုၿပီးသေရက်လို႔ေတာင္မရပါဘူး။

ေနာက္ဆုံးပြဲမွာ ဘိုင္ယန္ကိုအေဝးကြင္းသြားရင္ဆိုင္ရမယ့္ အခက္အခဲရွိေနတဲ့အတြက္ ဒီပြဲကသူတို႔အတြက္အသက္ပါဘဲ။ အေဝးကြင္းမွာဂိုးျပတ္ရႈံးထားေပမယ့္ အခုအခ်ိန္မွာဘာစီလိုနာဟာပိုမိုတည္ၿငိမ္လာေနလို႔ အိမ္ရွင္ဘဲအႏိုင္ရသြားမယ့္ပြဲလို႔ ထင္မိပါတယ္။

ယန္းဘြိဳင္း – အတၱလႏၲာ(ည ၂း၃၀ နာရီ)

အတၱလႏၲာ ရဲ႕ေျခစြမ္းေကာင္းမြန္လို႔ မန္ယူ၊ ဗီလာရီးရဲလ္တို႔နဲ႔အၿပိဳင္ ေနာက္တစ္ဆင့္တက္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။ အိမ္ကြင္းမွာတုန္းက ၁-၀ နဲ႔သာႏိုင္ခဲ့ေပမယ့္ အတၱလႏၲာတို႔ေျခစြမ္းေတာ္ေတာ္ေလးသာခဲ့ပါတယ္။ တစ္ဖက္မွာ ဗီလာရီးရဲလ္နဲ႔ မန္ယူတို႔ေတြ႕လို႔အခြင့္အေရးယူႏိုင္ဖို႔လည္းအတၱလႏၲာႀကိဳးစားပါလိမ့္မယ္။ ဒီလိုအခ်ိန္ ယန္းဘြိဳင္းမွာလည္းအဓိကက်သူအခ်ိဳ႕ဒဏ္ရာျပႆနာေတြရွိေနတဲ့အတြက္ ဧည့္သည္အႏိုင္ေသခ်ာတဲ့ပြဲမ်ိဳးပါဘဲ။

ဆီဗီလာ – ဝုဖ္ဘတ္(ည ၂း၃၀ နာရီ)

ဆီဗီလာဟာ ယူ႐ိုပါလိဂ္အသင္းသာျဖစ္တယ္ဆိုတာ ဒီအုပ္စုမွာ ၃ မွတ္သာရၿပီးေအာက္ဆုံးမွာရပ္တည္ေနတာက သက္ေသပါဘဲ။ ဒါေပမယ့္အုပ္စု G မွာအသင္းေတြေျခစြမ္းအရမ္းမကြာတာေၾကာင့္ခံသာေနၿပီး ေနာက္တစ္ဆင့္အတြက္ေမွ်ာ္လင့္ခ်က္ရွိေနပါေသးတယ္။

ဒါေပမယ့္ဆီဗီလာမွာ ေျခစြမ္းျပေနတဲ့ေမာ္႐ိုကိုတိုက္စစ္မႉး အန္နက္ဆရီ တစ္ေယာက္မပါႏိုင္တာဟာ ဝုဖ္ဘတ္နဲ႔ပြဲအတြက္နစ္နာေစမွာျဖစ္ပါတယ္။ ဝုဖ္ဘတ္ကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္က အာေမးနီးယားနဲ႔ပြဲမွာ ၂ ဂိုးအရႈံးကေနသေရက်ေအာင္ ကစားႏိုင္ခဲ့ၿပီး သူတို႔ရဲ႕တိုက္ခိုက္ေရးစိတ္ဓါတ္ကိုျပသထားႏိုင္ပါတယ္။ လက္ရွိမွာဆီဗီလာဟာ ပုံစံေကာင္းတစ္ရပ္မွာရွိမေနတာေၾကာင့္ ဧည့္သည္ဝုဖ္ဘတ္ကိုဘဲေမွ်ာ္လင့္ၾကည့္ခ်င္ပါတယ္။

လိုင္လီ – ဆဲလ္ဘတ္(ည ၂း၃၀ နာရီ)

လိုင္လီအသင္းရဲ႕ကြင္းလယ္နဲ႔ ခံစစ္ပိုင္းအားနည္းေနေပမယ့္ လက္ရွိမွာဆဲလ္ဘတ္ကလည္းေျခစြမ္းပုံမွန္မရွိတာေၾကာင့္ ဒီပြဲကသိပ္ၿပီးစိတ္ဝင္စားစရာေကာင္းတယ္လို႔ မထင္ပါဘူး။ ဒါေပမယ့္ သေရက်ရင္ေတာင္ ေနာက္တစ္ဆင့္အတြက္အေျခအေနေကာင္းသြားမွာျဖစ္လို႔ အေဝးကြင္းမွာဆဲလ္ဘတ္တို႔ရဲ႕အားထုတ္မႈကိုျမင္ရပါလိမ့္မယ္။ လိုင္လီဟာလည္း ေနာက္တစ္ဆင့္အတြက္ေမွ်ာ္လင့္ခ်က္ရွိေနေသးလို႔ အႏိုင္ရဖို႔အားထုတ္မွာျဖစ္ေပမယ့္ အဓိကက်သူအခ်ိဳ႕မပါႏိုင္တာေၾကာင့္ ဆဲလ္ဘတ္အခြင့္အေရးရသြားႏိုင္ပါတယ္။

ခ်ဲလ္ဆီး – ဂ်ဴဗင္တပ္(ည ၂း၃၀ နာရီ)

ဂ်ဴဗင္တပ္ေျခစြမ္းျပန္မွန္လာသလို႔ ခ်ဲလ္ဆီးကလည္းေျခစြမ္းျပေနတာေၾကာင့္ ဒီပြဲကစိတ္ဝင္စားစရာပါဘဲ။ ဒါေပမယ့္သူတို႔ပါဝင္တဲ့အုပ္စု မွာဂ်ဴဗင္တပ္ကေနာက္တစ္ဆင့္တက္ၿပီးျဖစ္သလို ခ်ဲလ္ဆီးကလည္းတက္ဖို႔ေသခ်ာသေလာက္ရွိေနၿပီ။ ဒါေပမယ့္ပထမအေက်ာ့အေဝးကြင္းမွာ ခ်ဲလ္ဆီးဟာ ၁-၀ နဲ႔ရႈံးထားလို႔ ဒါကိုျပန္ၿပီးတုံ႔ျပန္ရမယ့္တာဝန္ရွိေနပါတယ္။ ႏွစ္သင္းစလုံးခံစစ္ေကာင္းၾကၿပီး ဂ်ဴဗင္တပ္ကအသင္းႀကီးေတြနဲ႔ေတြ႕ရင္လုပ္တတ္ကိုင္တတ္ၿပီးဂိုးမ်ားမ်ားစားစားေပးရတယ္ဆိုတာလည္း သိပ္မရွိပါဘူး။ ဒါေၾကာင့္ႏွစ္သင္းစလုံးေျခစြမ္းေကာင္းၾကတယ္ဆိုေပမယ့္ ဂိုးေအာက္ကိုဦးတည္ေနတဲ့ပြဲမ်ိဳးပါဘဲ။

မယ္လ္မို – ဇင္းနစ္(ည ၂း၃၀ နာရီ)

ဆြီဒင္ကလပ္မယ္လ္မိုကေတာ့ တစ္မွတ္မွမရဘဲမွတ္တမ္းဆိုးနဲ႔ အုပ္စုအဆင့္ကေနထြက္ရဖို႔ေသခ်ာသေလာက္ရွိေနပါၿပီ။ ဇင္းနစ္ကေတာ့ ယူ႐ိုပါလိဂ္ေမွ်ာ္လင့္ခ်က္ကသာသူတို႔အတြက္အေကာင္းဆုံးရည္မွန္းခ်က္ျဖစ္ေနလို႔ ဒီပြဲႏိုင္ရင္ဒါမွမဟုတ္ သေရက်ရင္ကို ပြဲၿပီးသေလာက္ျဖစ္သြားပါၿပီ။ ဇင္းနစ္ဟာတိုက္စစ္ပိုင္းမဆိုးတဲ့အသင္းျဖစ္လို႔လည္း မယ္လ္မိုအတြက္ေမွ်ာ္လင့္စရာသိပ္မရွိပါဘူး။ ပထမအေက်ာ့က ၃ ဂိုးျပတ္ႏိုင္ခဲ့မႈမ်ိဳးအတိုင္းမဟုတ္ရင္ေတာင္ ဇင္းနစ္အႏိုင္ေသခ်ာပါတယ္။