ချန်ပီယံလိဂ်သွင်းဂိုးမှာ ဂန္ထဝင်တွေဖြစ်တဲ့ ဇီဒန်းနဲ့ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ခဲ့တဲ့ ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရုဂျက်ကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒေ့ါမန်တိုက်စစ်မှုးဟာလန်းဟာ နောက်ထပ်တစ်ကြိမ်အဖြစ် အားလုံးရဲ့အာရုံစိုက်မှုကို ရယူနိုင်ခဲ့ပြန်ပါတယ်။

အဲဒီပွဲက သွင်းဂိုး ၂ ဂိုးကြောင့် အဲဒီနော်ဝေသားဟာ ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်မှာ ဘောလုံးလောကရဲ့ဂန္ထဝင်ဟောင်းတွေထဲက တချို့ဖြစ်တဲ့ ဘရာဇီးသားရော်နယ်ဒိုနဲ့ ဇီဒန်းတို့ထက်တောင် ပိုများသွားပါတယ်။

ဒါတောင် သူက အသက် ၂၀ ပဲရှိသေးတာပါ။ ဒါပေမဲ့ ဟာလန်းဟာ ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ၁၂ ပွဲတည်းနဲ့ ၁၆ ဂိုးသွင်းယူထားပါတယ်။

ဘရာဇီးအိုင်ကွန်ဖြစ်တဲ့ ရော်နယ်ဒိုကြီးတောင် သူ့ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်မှာ ၁၄ ဂိုးသာသွင်းနိုင်ခဲ့တာပါ။

အဲဒီလိုပဲ ကြယ်စင်စုခေတ်တုန်းက ရီးရဲလ်ရဲ့စူပါစတားတစ်ယောက်ဖြစ်ခဲ့တဲ့ဇီဒန်းဟာလည်း ချန်ပီယံလိဂ်မှာ ၁၄ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ နောက်ထပ်ဂန္ထဝင်တိုက်စစ်မှုးဟောင်းတွေဖြစ်တဲ့ ဒေးဗစ်ဗီလာနဲ့ကလိုဆေးတို့ကိုလည်းကျော်ဖြတ်နိုင်ခဲ့ပြီး သူတို့နှစ်ယောက်ဟာလည်း ချန်ပီယံလိဂ်မှာ ၁၄ ဂိုးသာရှိခဲ့တာပါ။

ဒါပေမဲ့လည်း ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်ဖို့ဆိုရင်တော့ ခရီးရှည်ကြီးတစ်ခုကို လျှောက်လှမ်းရဦးမှာပါ။

လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းစံချိန်ရှင်အဖြစ် စီရော်နယ်ဒိုက ၁၃၂ ဂိုးနဲ့ ရပ်တည်နေပြီး မက်ဆီကလည်း ၁၁၈ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ထိပ်ဆုံး ၅ ဦးထဲမှာ ရာအူးလ်(၇၁ ဂိုး)၊ လီဝန်ဒေါစကီး(၇၀ ဂိုး)နဲ့ ဘင်ဇီမာ(၆၇ ဂိုး)တို့လည်း ပါဝင်ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္သြင္းဂိုးမွာ ဂႏၳ၀င္ေတြျဖစ္တဲ့ ဇီဒန္းနဲ႔ေရာ္နယ္ဒိုတို႔ကို ေက်ာ္ျဖတ္ခဲ့တဲ့ ဟာလန္း

ဘရုဂ်က္ကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေဒ့ါမန္တိုက္စစ္မႈးဟာလန္းဟာ ေနာက္ထပ္တစ္ႀကိမ္အျဖစ္ အားလုံးရဲ႕အာရုံစိုက္မႈကို ရယူႏုိင္ခဲ့ျပန္ပါတယ္။

အဲဒီပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ အဲဒီေနာ္ေ၀သားဟာ ခ်န္ပီယံလိဂ္သြင္းဂိုးအေရအတြက္မွာ ေဘာလုံးေလာကရဲ႕ဂႏၳ၀င္ေဟာင္းေတြထဲက တခ်ိဳ႕ျဖစ္တဲ့ ဘရာဇီးသားေရာ္နယ္ဒုိနဲ႔ ဇီဒန္းတုိ႔ထက္ေတာင္ ပိုမ်ားသြားပါတယ္။

ဒါေတာင္ သူက အသက္ ၂၀ ပဲရွိေသးတာပါ။ ဒါေပမဲ့ ဟာလန္းဟာ ဥေရာပရဲ႕အဆင့္ျမင့္ဆုံးၿပိဳင္ပြဲႀကီးျဖစ္တဲ့ ခ်န္ပီယံလိဂ္မွာ ၁၂ ပြဲတည္းနဲ႔ ၁၆ ဂိုးသြင္းယူထားပါတယ္။

ဘရာဇီးအိုင္ကြန္ျဖစ္တဲ့ ေရာ္နယ္ဒိုႀကီးေတာင္ သူ႔ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္မွာ ၁၄ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။

အဲဒီလုိပဲ ၾကယ္စင္စုေခတ္တုန္းက ရီးရဲလ္ရဲ႕စူပါစတားတစ္ေယာက္ျဖစ္ခဲ့တဲ့ဇီဒန္းဟာလည္း ခ်န္ပီယံလိဂ္မွာ ၁၄ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။

ဟာလန္းဟာ ေနာက္ထပ္ဂႏၳ၀င္တုိက္စစ္မႈးေဟာင္းေတြျဖစ္တဲ့ ေဒးဗစ္ဗီလာနဲ႔ကလိုေဆးတို႔ကိုလည္းေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး သူတို႔ႏွစ္ေယာက္ဟာလည္း ခ်န္ပီယံလိဂ္မွာ ၁၄ ဂိုးသာရွိခဲ့တာပါ။

ဒါေပမဲ့လည္း ဟာလန္းဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ဖုိ႔ဆုိရင္ေတာ့ ခရီးရွည္ႀကီးတစ္ခုကို ေလွ်ာက္လွမ္းရဦးမွာပါ။

လက္ရွိမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ဂိုးသြင္းစံခ်ိန္ရွင္အျဖစ္ စီေရာ္နယ္ဒိုက ၁၃၂ ဂိုးနဲ႔ ရပ္တည္ေနၿပီး မက္ဆီကလည္း ၁၁၈ ဂိုးနဲ႔ ဒုတိယေနရာမွာ ရွိေနပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းတ့ဲထိပ္ဆုံး ၅ ဦးထဲမွာ ရာအူးလ္(၇၁ ဂိုး)၊ လီ၀န္ေဒါစကီး(၇၀ ဂိုး)နဲ႔ ဘင္ဇီမာ(၆၇ ဂိုး)တုိ႔လည္း ပါ၀င္ၾကပါတယ္။