ချန်ပီယံလိဂ်သာ အဆုံးမသတ်နိုင်ရင် မိမိတို့တီကိုကို ချန်ပီယံအဖြစ် စဉ်းစားသင့်ကြောင်း ကိုကီပြော

photo-gettyimages

photo-gettyimages

ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုသာ အဆုံးမသတ်နိုင်ရင် သူ့အသင်းကို ဥရောပချန်ပီယံအဖြစ် စဉ်းစားသင့်ကြောင်း အက်သလက်တီကိုအသင်းခေါင်းဆောင်ကိုကီက ပြောကြားလိုက်ပါတယ်။ ကိုကီဟာ အက်သလက်တီကိုနဲ့အတူ ချန်ပီယံလိဂ်မှာ နှစ်ကြိမ်တိုင် ဒုတိယရခဲ့တာပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ မတူညီတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

photo-gettyimages

ကိုကီရဲ့အက်သလက်တီကိုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်မသွားခင် ချန်ပီယံလိဂ်မှာ လက်ရှိချန်ပီယံလီဗာပူးကို နောက်ကောက်ချထားတာလည်း ဖြစ်ပါတယ်။ ပထမအကျော့အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ဒုတိယအကျော့အန်ဖီးလ်မှာ အချိန်ပိုရောက်ခဲ့ပေမယ့် ၃-၂ ပြန်အနိုင်ယူပြီး လက်ရှိချန်ပီယံကို အံ့အားသင့်စေခဲ့ကာ ကွာတားဖိုင်နယ်တက်ရောက်ခဲ့တာပါ။

photo-gettyimages

”ကျွန်တော့်သူငယ်ချင်းတွေနဲ့ စကားပြောတော့ ဒါဟာ အက်သလက်တီကိုရဲ့ချန်ပီယံလိဂ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ခံစစ်ဗျူဟာကျကျဖြစ်တဲ့ ကျွန်တော်တို့ရဲ့အတွေးအခေါ်ကို မပြောင်းလဲနိုင်ပါဘူး။ တကယ်လို့ အရာအားလုံးသာ ဆိုင်းငံ့သွားရင် ဒီနှစ်မှာ ကျွန်တော်တို့ဟာ ချန်ပီယံတွေရဲ့ချန်ပီယံပါပဲ။ လက်ဝှေ့မှာလိုပဲ ကျွန်တော်တို့ဟာ ချန်ပီယံအသင်းကို နောက်ကောက်ချခဲ့တာပါ”လို့ ကိုကီက ပြောကြားခဲ့တာပါ။ အက်သလက်တီကိုဟာ ၂၀၁၄ နဲ့ ၂၀၁၆ တို့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး မြို့ခံပြိုင်ဘက်ရီးရဲလ်ကို အရေးနိမ့်ခဲ့ရပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္သာ အဆုံးမသတ္ႏိုင္ရင္ မိမိတို႔တီကိုကို ခ်န္ပီယံအျဖစ္ စဥ္းစားသင့္ေၾကာင္း ကိုကီေျပာ

ဒီရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကိုသာ အဆုံးမသတ္ႏိုင္ရင္ သူ႔အသင္းကို ဥေရာပခ်န္ပီယံအျဖစ္္ စဥ္းစားသင့္ေၾကာင္း အက္သလက္တီကိုအသင္းေခါင္းေဆာင္ကိုကီက ေျပာၾကားလိုက္ပါတယ္။ ကုိကီဟာ အက္သလက္တီကိုနဲ႔အတူ ခ်န္ပီယံလိဂ္မွာ ႏွစ္ႀကိမ္တိုင္ ဒုတိယရခဲ့တာပါ။ ဒါေပမဲ့ ဒီရာသီမွာေတာ့ မတူညီတဲ့ဇာတ္လမ္းတစ္ပုဒ္ျဖစ္ႏိုင္တယ္လုိ႔ ယုံၾကည္ေနပါတယ္။

ကုိကီရဲ႕အက္သလက္တီကိုဟာ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေဘာလုံးပြဲေတြရပ္မသြားခင္ ခ်န္ပီယံလိဂ္မွာ လက္ရွိခ်န္ပီယံလီဗာပူးကို ေနာက္ေကာက္ခ်ထားတာလည္း ျဖစ္ပါတယ္။ ပထမအေက်ာ့အိမ္ကြင္းမွာ ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ဒုတိယအေက်ာ့အန္ဖီးလ္မွာ အခ်ိန္ပိုေရာက္ခဲ့ေပမယ့္ ၃-၂ ျပန္အႏိုင္ယူၿပီး လက္ရွိခ်န္ပီယံကို အံ့အားသင့္ေစခဲ့ကာ ကြာတားဖိုင္နယ္တက္ေရာက္ခဲ့တာပါ။

”ကၽြန္ေတာ့္သူငယ္ခ်င္းေတြနဲ႔ စကားေျပာေတာ့ ဒါဟာ အက္သလက္တီကိုရဲ႕ခ်န္ပီယံလိဂ္လို႔ ကၽြန္ေတာ္ေျပာခဲ့ပါတယ္။ ခံစစ္ဗ်ဴဟာက်က်ျဖစ္တဲ့ ကၽြန္ေတာ္တို႔ရဲ႕အေတြးအေခၚကို မေျပာင္းလဲႏိုင္ပါဘူး။ တကယ္လို႔ အရာအားလုံးသာ ဆိုင္းငံ့သြားရင္ ဒီႏွစ္မွာ ကၽြန္ေတာ္တို႔ဟာ ခ်န္ပီယံေတြရဲ႕ခ်န္ပီယံပါပဲ။ လက္ေ၀ွ႔မွာလိုပဲ ကၽြန္ေတာ္တို႔ဟာ ခ်န္ပီယံအသင္းကို ေနာက္ေကာက္ခ်ခဲ့တာပါ”လို႔ ကိုကီက ေျပာၾကားခဲ့တာပါ။ အက္သလက္တီကိုဟာ ၂၀၁၄ နဲ႔ ၂၀၁၆ တုိ႔မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့ေပမယ့္ ႏွစ္ႀကိမ္စလုံး ၿမိဳ႕ခံၿပိဳင္ဘက္ရီးရဲလ္ကို အေရးနိမ့္ခဲ့ရပါတယ္။