ချန်ပီယံလိဂ်သမိုင်းဝင် စံချိန်တစ်ခုရယူခဲ့တဲ့ ဘိုင်ယန်ကွင်းလယ်လူ ကင်မစ်ချ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူ ကင်မစ်ချ်ဟာ လာဇီယိုအသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့မှာ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းဝင်စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ အဝေးကွင်းမှာ လီဝန်ဒေါစကီး၊ မူစီယာလာ၊ ဆာနေးတို့ရဲ့ ဂိုးတွေအပြင် လာဇီယိုကစားသမား ဖရန်ဆက်စကိုအကာဘီက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းသွားပါပြီ။
ကင်မစ်ချ်အနေနဲ့ အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း သူ့အသင်းအနိုင်ရခဲ့တာကြောင့် ကစားသမားဘ၀ ချန်ပီယံလိဂ်နိုင်ပွဲ(၃၈)ပွဲပြည့်မြောက်ခဲ့သလို ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲပေါင်း(၅၀)ကစားပြီးချိန်မှာ နိုင်ပွဲအများဆုံး ရယူခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ တခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်လ်ဒို၊ မက်ဆီတို့တောင် ချန်ပီယံလိဂ်ပွဲ (၅၀) ပြည့်ချိန်မှာ ကင်မစ်ချ်လို နိုင်ပွဲအရေအတွက် မရခဲ့ပါဘူး။
၂၀၁၅၊ စက်တင်ဘာလတုန်းက အိုလံပီယာကော့စ်အသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့သူ ကင်မစ်ချ်ဟာ အဲဒီကတည်းက အသင်းရဲ့အမာခံကစားသမားဖြစ်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ကင်မစ်ချ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀)ဂိုးသွင်းထားသလို ပွဲပေါင်း(၅၀)မှာ ရှုံးပွဲ(၅)ပွဲသာရှိခဲ့တာပါ။ ကင်မစ်ချ်အနေနဲ့ လက်ရှိနည်းပြဟန်စီဖလစ်ခ်လက်ထက်မှာလည်း အသင်းရဲ့အဓိက ကစားသမားအဖြစ်ပါဝင်ခွင့်ရခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ (၂၅)ပွဲသာ ကစားခွင့်ရထားသူဖြစ်ပါတယ်။
လာဇီယိုကို အနိုင်ရခဲ့တဲ့ပွဲမှာ ကင်မစ်ချ်က အခုလို စံချိန်ကောင်းတစ်ခုရယူခဲ့သလို ဂိုးသွင်းယူခဲ့တဲ့ လူငယ်ကစားသမား မူစီယာလာ(၁၇နှစ်)ဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အင်္ဂလိပ်ကစားသမားတွေထဲမှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ဘိုင်ယန်မြူးနစ်အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်ခဲ့သူစတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ချန်ပီယံလိဂ်သမိုင်းဝင် စံချိန်တစ်ခုရယူခဲ့တဲ့ ဘိုင်ယန်ကွင်းလယ်လူ ကင်မစ်ခ်ျ
၂၀၁၅၊ စက်တင်ဘာလတုန်းက အိုလံပီယာကော့စ်အသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့သူ ကင်မစ်ခ်ျဟာ အဲဒီကတည်းက အသင်းရဲ့အမာခံကစားသမားဖြစ်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ကင်မစ်ခ်ျဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀)ဂိုးသွင်းထားသလို ပွဲပေါင်း(၅၀)မှာ ရှုံးပွဲ(၅)ပွဲသာရှိခဲ့တာပါ။ ကင်မစ်ခ်ျအနေနဲ့ လက်ရှိနည်းပြဟန်စီဖလစ်ခ်လက်ထက်မှာလည်း အသင်းရဲ့အဓိက ကစားသမားအဖြစ်ပါဝင်ခွင့်ရခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ (၂၅)ပွဲသာ ကစားခွင့်ရထားသူဖြစ်ပါတယ်။ လာဇီယိုကို အနိုင်ရခဲ့တဲ့ပွဲမှာ ကင်မစ်ခ်ျက အခုလို စံချိန်ကောင်းတစ်ခုရယူခဲ့သလို ဂိုးသွင်းယူခဲ့တဲ့ လူငယ်ကစားသမား မူစီယာလာ(၁၇နှစ်)ဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အင်္ဂလိပ်ကစားသမားတွေထဲမှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ဘိုင်ယန်မြူးနစ်အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်ခဲ့သူစတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။