ချန်ပီယံလိဂ်သမိုင်းမှတ်တမ်းထဲကနေ နေမာကို ဖယ်ရှားလိုက်တဲ့ ဂျီးဆပ်စ်

Photo Credit

Photo Credit

စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာ ဒိုင်နမိုဇာဂရက်အသင်းဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ တင်ထားတဲ့စံချိန်တစ်ရပ်ကို ချိုးဖျက်နိုင်ခဲ့ပြီး ကစားသမားဘဝသွင်းဂိုး ၁၀၀လည်း ပြည့်မြောက်ခဲ့ပါတယ်။

Photo Credit

စီးတီးဟာ ပွဲချိန် ၁၀မိနစ်မှာ သွင်းယူသွားတဲ့ စပိန်ကွင်းလယ်လူ ဒါနီအိုလ်မိုရဲ့လှပတဲ့သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ဂျီးဆပ်စ်က ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၅၀မိနစ်၊ ၅၄ မိနစ်တွေမှာ ဂျီးဆပ်စ်ကပဲ ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ ဖိုဒန်က အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့လို့ စီးတီးလည်း ၁-၄ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

Photo Credit

စီးတီးဟာ ဒီပွဲမတိုင်ခင်ကတည်းက အုပ်စုပထမရဖို့ သေချာပြီးသားအသင်းဖြစ်ပြီး အုပ်စုပွဲတွေအပြီးမှာ ၆ပွဲကစား ၄ပွဲနိုင်၊ ၂ပွဲသရေ ရမှတ် ၁၄ မှတ်နဲ့ အုပ်စုအဆင့်ကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဂျီးဆပ်စ်ကလည်း အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ပြီးနောက် သူ့ရဲ့ကစားသမားဘ၀ သွင်းဂိုး ၁၀၀ ပြည့်မြောက်သွားပါတယ်။

Photo Credit

ဂျီးဆပ်စ်ဟာ အသင်းဟောင်း ပါးလ်မီးရပ်စ်အတွက် ၂၈ဂိုးသွင်းယူပေးခဲ့ပြီး ဘရာဇီးအသင်းအတွက် ၁၈ဂိုး၊ စီးတီးအတွက် ၅၅ဂိုးသွင်းယူပေးထားရာ အသက်ငယ်ရွယ်သေးလို့ နောက်ထပ်သွင်းဂိုးတွေ မျှော်လင့်နေပါတယ်။ နောက်ပြီး သူဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၀ပြည့်တဲ့ အသက်အငယ်ဆုံးဘရာဇီးသားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

Photo Credit

အရင်တုန်းကတော့ နေမာက အသက် ၂၃နှစ်၊ ၇၅ရက်နဲ့ စံချိန်တင်ထားတာဖြစ်ပြီး အခုတော့ ဂျီးဆပ်စ်က အသက် ၂၂နှစ် ၂၅၂ ရက်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက သူ့တိုက်စစ်မှူးကို အပြည့်အဝချီးကျူးသွားပါတယ်။

Photo Credit

ဂျီးဆပ်စ်ဟာ ယခုရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၂၁ပွဲမှာ ၁၀ဂိုးအထိသွင်းယူပေးထားပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ချဲလ်ဆီးနဲ့ပွဲမှာ တိုက်စစ်မှူး အဂွဲရိုး ပေါင်ဒဏ်ရာရရှိခဲ့ပြီးချိန်ကတည်းက အသင်းအတွက် နောက်ဆုံး ၅ပွဲဆက် ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေတာပါ။

Photo Credit

စီးတီးဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး ၃ရက်အကြာမှာတော့ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် အောက်စ်ဖို့ဒ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ခ်န္ပီယံလိဂ္သမိုင္းမွတ္တမ္းထဲကေန ေနမာကို ဖယ္ရွားလုိက္တဲ့ ဂ်ီးဆပ္စ္

စီးတီးတုိက္စစ္မွဴး ဂ်ီးဆပ္စ္ဟာ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပဲြမွာ ဒိုင္နမိုဇာဂရက္အသင္းဘက္ကို ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ေနမာ တင္ထားတဲ့စံခ်ိန္တစ္ရပ္ကို ခ်ိဳးဖ်က္ႏုိင္ခဲ့ၿပီး ကစားသမားဘ၀သြင္းဂိုး ၁၀၀လည္း ျပည့္ေျမာက္ခဲ့ပါတယ္။
စီးတီးဟာ ပြဲခ်ိန္ ၁၀မိနစ္မွာ သြင္းယူသြားတဲ့ စပိန္ကြင္းလယ္လူ ဒါနီအိုလ္မိုရဲ႕လွပတဲ့သြင္းဂိုးေၾကာင့္ ေနာက္ကေန လုိက္ကစားခဲ့ရေပမယ့္ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္ခဲ့ၿပီး ပထမပိုင္းမၿပီးခင္မွာပဲ ဂ်ီးဆပ္စ္က ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ ပြဲခ်ိန္ ၅၀မိနစ္၊ ၅၄ မိနစ္ေတြမွာ ဂ်ီးဆပ္စ္ကပဲ ဂိုးေတြဆက္တုိက္သြင္းယူခဲ့ၿပီး ပဲြၿပီးခါနီးမွာ ဖိုဒန္က အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့လုိ႔ စီးတီးလည္း ၁-၄ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
စီးတီးဟာ ဒီပြဲမတုိင္ခင္ကတည္းက အုပ္စုပထမရဖုိ႔ ေသခ်ာၿပီးသားအသင္းျဖစ္ၿပီး အုပ္စုပြဲေတြအၿပီးမွာ ၆ပဲြကစား ၄ပြဲႏိုင္၊ ၂ပဲြသေရ ရမွတ္ ၁၄ မွတ္နဲ႔ အုပ္စုအဆင့္ကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဂ်ီးဆပ္စ္ကလည္း အသင္းအတြက္ ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ သူ႕ရဲ႕ကစားသမားဘ၀ သြင္းဂိုး ၁၀၀ ျပည့္ေျမာက္သြားပါတယ္။
ဂ်ီးဆပ္စ္ဟာ အသင္းေဟာင္း ပါးလ္မီးရပ္စ္အတြက္ ၂၈ဂိုးသြင္းယူေပးခဲ့ၿပီး ဘရာဇီးအသင္းအတြက္ ၁၈ဂိုး၊ စီးတီးအတြက္ ၅၅ဂိုးသြင္းယူေပးထားရာ အသက္ငယ္ရြယ္ေသးလုိ႔ ေနာက္ထပ္သြင္းဂိုးေတြ ေမွ်ာ္လင့္ေနပါတယ္။ ေနာက္ၿပီး သူဟာ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၁၀ျပည့္တဲ့ အသက္အငယ္ဆုံးဘရာဇီးသားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
အရင္တုန္းကေတာ့ ေနမာက အသက္ ၂၃ႏွစ္၊ ၇၅ရက္နဲ႔ စံခ်ိန္တင္ထားတာျဖစ္ၿပီး အခုေတာ့ ဂ်ီးဆပ္စ္က အသက္ ၂၂ႏွစ္ ၂၅၂ ရက္နဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ဂြါဒီယိုလာက သူ႕တုိက္စစ္မွဴးကို အျပည့္အ၀ခ်ီးက်ဴးသြားပါတယ္။
ဂ်ီးဆပ္စ္ဟာ ယခုရာသီအသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၁ပဲြမွာ ၁၀ဂိုးအထိသြင္းယူေပးထားၿပီး ႏို၀င္ဘာလ ၂၃ ရက္ေန႔က ခ်ဲလ္ဆီးနဲ႔ပြဲမွာ တုိက္စစ္မွဴး အဂြဲ႐ိုး ေပါင္ဒဏ္ရာရရွိခဲ့ၿပီးခ်ိန္ကတည္းက အသင္းအတြက္ ေနာက္ဆုံး ၅ပဲြဆက္ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ခြင့္ရရွိေနတာပါ။
စီးတီးဟာ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အာဆင္နယ္အသင္းနဲ႔ အေ၀းကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး ၃ရက္အၾကာမွာေတာ့ ကာရာေဘာင္ဖလားပြဲစဥ္အျဖစ္ ေအာက္စ္ဖို႔ဒ္အသင္းနဲ႔ကစားရမွာျဖစ္ပါတယ္။