ချန်ပီယံလိဂ်ဝင်ခွင့်အကြောင်း မမေးနဲ့ မဖြေဘူးဆိုတဲ့ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် အသင်းကို ပြီးခဲ့တဲ့ အပတ်က အက်ဖ်အေဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၃ရက်ကမှ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဆောက်သမ်တန်ကို ပရီးမီးယားလိဂ်မှာ ၃-၁ဂိုးနဲ့ ပြန်လည်အနိုင်ယူကာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ တက်လှမ်းလာပြီး လိဂ်နောက်ဆုံး ၆ပွဲမှာ ၅ပွဲအထိ အနိုင်ရထားပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လက်ရှိရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုရယူနိုင်ဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်လို့တော့ နည်းပြအာတီတာကဆွေးနွေးဖို့ငြင်းဆန်ပါတယ်။အာဆင်နယ်နည်းပြအာတီတာက“ကျွန်တော်တို့အသင်းဟာလက်ရှိအချိန်မှာရမှတ်၃၀မှတ်သာရရှိပါသေးတယ်။ဒါဟာကောင်းတဲ့အရာတစ်ခုပါ။

ကျွန်တော်တို့အသင်းဟာအသင်းကောင်းတစ်သင်းဆိုတာသိပါတယ်။အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ကျွန်တော်အနေနဲ့ အမှတ်ပေးဇယားအနေအထားကို မကြည့်ချင်ပါဘူး။”

“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပဲကြည့်ပါတယ်။ကျွန်တော်တို့ ဘာလုပ်ရင်ပိုကောင်းလာမလဲဆိုတာကိုပေါ့။ အဲဒါကပဲ ကျွန်တော်တို့အတွက် ပိုကောင်းအောင်ကစားစေနိုင်ပြီး ပွဲတွေမှာ အနိုင်ရတဲ့ အကြောင်းပြချက်ပါပဲ။ အသင်းအနေနဲ့ လာမယ့်သီတင်းပတ်မှာလည်း လက်ရှိထက် ပိုမိုကောင်းမွန်အောင် ကစားနိုင်မှာပါ။“လို့ပြောပါတယ်။

အာတီတာကအခုနိုင်ပွဲဟာ မိသားစုကိစ္စကြောင့် မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းအတွက် ရည်ညွန်းတာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ဂါဘွန် လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ပိတ်ရက်မှာကစားခဲ့တဲ့ဆောက်သမ်တန် နဲ့ အက်ဖ်အေ ဖလားပွဲမှာလည်း မိသားစုအကြောင်း ကိစ္စကြောင့်ပဲ လွဲချော်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာလက်ရှိအချိန်မှာအမှတ်ပေးဇယားအဆင့်လေးနေရာမှာရှိတဲ့ဝက်စ်ဟမ်းအသင်းနဲ့ငါးမှတ်လျော့နည်းနေပါတယ်။အာဆင်နယ် အသင်းဟာ အခုလ(၃၁)ရက်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ဝင္ခြင့္အေၾကာင္း မေမးနဲ႔ မေျဖဘူးဆိုတဲ့ အာတီတာ

အာဆင္နယ္ အသင္းဟာ ဒီမနက္ပိုင္းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေဆာက္သမ္တန္ အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။အာဆင္နယ္ အသင္းဟာ ေဆာက္သမ္တန္ အသင္းကို ၿပီးခဲ့တဲ့ အပတ္က အက္ဖ္ေအဖလား ရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာ လြန္ခဲ့တဲ့ ၃ရက္ကမွ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ေဆာက္သမ္တန္ကို ပရီးမီးယားလိဂ္မွာ ၃-၁ဂိုးနဲ႔ ျပန္လည္အႏိုင္ယူကာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ေနရာအထိ တက္လွမ္းလာၿပီး လိဂ္ေနာက္ဆုံး ၆ပြဲမွာ ၅ပြဲအထိ အႏိုင္ရထားပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔လက္ရွိရာသီမွာခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကိုရယူႏိုင္ဖြယ္ရွိတယ္ဆိုတဲ့သတင္းေတြနဲ႔ ပတ္သက္လို႔ေတာ့ နည္းျပအာတီတာကေဆြးေႏြးဖို႔ျငင္းဆန္ပါတယ္။အာဆင္နယ္နည္းျပအာတီတာက“ကြၽန္ေတာ္တို႔အသင္းဟာလက္ရွိအခ်ိန္မွာရမွတ္၃၀မွတ္သာရရွိပါေသးတယ္။ဒါဟာေကာင္းတဲ့အရာတစ္ခုပါ။ကြၽန္ေတာ္တို႔အသင္းဟာအသင္းေကာင္းတစ္သင္းဆိုတာသိပါတယ္။အေကာင္းဆုံးပုံစံမွာရွိေနပါတယ္။ကြၽန္ေတာ္အေနနဲ႔ အမွတ္ေပးဇယားအေနအထားကို မၾကည့္ခ်င္ပါဘူး။”

“ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကိုပဲၾကည့္ပါတယ္။ကြၽန္ေတာ္တို႔ ဘာလုပ္ရင္ပိုေကာင္းလာမလဲဆိုတာကိုေပါ့။အဲဒါကပဲ ကြၽန္ေတာ္တို႔အတြက္ ပိုေကာင္းေအာင္ကစားေစႏိုင္ၿပီး ပြဲေတြမွာ အႏိုင္ရတဲ့ အေၾကာင္းျပခ်က္ပါပဲ။အသင္းအေနနဲ႔လာမယ့္သီတင္းပတ္မွာလည္း လက္ရွိထက္ပိုမိုေကာင္းမြန္ေအာင္ကစားႏိုင္မွာပါ။“လို႔ေျပာပါတယ္။

အာတီတာကအခုႏိုင္ပြဲဟာ မိသားစုကိစၥေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းအတြက္ ရည္ၫြန္းတာျဖစ္တယ္လို႔လည္း ေျပာထားပါတယ္။ဂါဘြန္ လက္ေ႐ြးစင္တိုက္စစ္မႉး အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ ပိတ္ရက္မွာကစားခဲ့တဲ့ေဆာက္သမ္တန္ နဲ႔ အက္ဖ္ေအ ဖလားပြဲမွာလည္းမိသားစုအေၾကာင္း ကိစၥေၾကာင့္ပဲ လြဲေခ်ာ္ ခဲ့ရပါတယ္။

အာဆင္နယ္အသင္းဟာလက္ရွိအခ်ိန္မွာအမွတ္ေပးဇယားအဆင့္ေလးေနရာမွာရွိတဲ့ဝက္စ္ဟမ္းအသင္းနဲ႔ငါးမွတ္ေလ်ာ့နည္းေနပါတယ္။အာဆင္နယ္ အသင္းဟာ အခုလ(၃၁)ရက္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ယူႏိုက္တက္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။