ချန်ပီယံလိဂ်ဝင်ခွင့်ရရင် မိုဗစ်ကို အလိုအလျောက်သက်တမ်းတိုးနိုင်မယ်လို့ မာလ်ဒီနီ အတည်ပြု

Photo Credit

Photo Credit

တကယ်လို့ အေစီမီလန်အသင်းအနေနဲ့ ယခုရာသီအကုန်မှာ ၆နှစ်ကြာဝေးကွာနေရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်လည်း မီလန်မှာ အနည်းဆုံးနောက် ၁နှစ်ကြာ ဆက်ကစားမှာဖြစ်ကြောင်း အေစီမီလန်အသင်းနည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit

အေစီမီလန်ဟာ ပွဲစဉ် ၁၇အပြီး ရမှတ် ၂၁ မှတ်နဲ့ ဇယားအောက်ပိုင်းရောက်နေခဲ့ရပြီးနောက် ဒီဇင်ဘာလ ၂၇ရက်နေ့က ဂလက်ဆီအသင်းတိုက်စစ်မှူးဟောင်း မိုဗစ်ကို အံ့အားသင့်ဖွယ်ပြန်လည်ခေါ်ယူခဲ့ပါတယ်။ မိုဗစ်မရောက်ခင် ၅ရက်အလိုက ၂၁နှစ်အတွင်း အဆိုးရွားဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အေစီမီလန်ဟာ မိုဗစ်ရောက်လာပြီးနောက် လိဂ် ၈ပွဲမှာ ၁ပွဲပဲအရေးနိမ့်ထားပြီး အဲဒီရှုံးပွဲမှာ အင်တာမီလန်ကို ဝ-၂ ဂိုးနဲ့ ဦးဆောင်နိုင်ပြီးမှ ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။

Photo Credit

”သူ့ကို ၆လစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် တကယ်လို့ ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင် အလိုအလျောက် သက်တမ်းတိုးနိုင်မယ့်အချက်လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့အသင်းအနေနဲ့ မိုဗစ်နဲ့အတူ အကောင်းဆုံးပုံစံရရှိဖို့ ကြိုးစားနေပါတယ်။ မိုဗစ်နဲ့ဆိုရင် ဖြစ်နိုင်ခြေက အမြဲတမ်းရှိနေပြီး ဒီလိုမှမဟုတ်ရင် သူလည်း မီလန်ကို ပြန်လာမှာ မဟုတ်ပါဘူး”လို့ ဂန္ထဝင်နောက်ခံလူလည်းဖြစ်တဲ့ မာလ်ဒီနီက ပြောပါတယ်။

Photo Credit

မိုဗစ်ဟာ ၂၀၁၀ ကနေ ၂၀၁၂ အထိ အေစီမီလန်မှာ ကစားခဲ့စဉ်က ၆၁ ပွဲမှာ ၄၂ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂလက်ဆီအတွက် ၅၃ဂိုးသွင်းယူနိုင်ခဲ့သလို ၂၀၁၈နဲ့ ၂၀၁၉ မေဂျာလိဂ်အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပေမယ့် အသင်းရဲ့ဆိုးရွားနေတဲ့ရလဒ်တွေကို ချက်ချင်းပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက မထင်မှတ်ခဲ့ပါဘူး။

Photo Credit

သူဟာ ပြီးခဲ့တဲ့စနေညက ဖီအိုရင်တီးနားနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ မိနစ် ၉၀ပြည့်ပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်မှာ အေစီမီလန်အသင်းလည်း အဆင့် ၄နေရာက အတ္တလန္တာနဲ့ ၁ပွဲလျော့ ၉ မှတ်အကွာမှာ ရပ်တည်နေရပါတယ်။ အေစီမီလန်ဟာ ၂၀၁၂ ခုနှစ်က မိုဗစ်ရဲ့ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ၁၆သင်းရှုံးထွက်အဆင့်မှာ အက်သလက်တီကိုအသင်းကို အရေးနိမ့်ခဲ့ပြီးချိန်ကတည်းက ချန်ပီယံလိဂ်နဲ့ ဝေးကွာနေရတာဖြစ်ပါတယ်။

Photo Credit

မီလန်ကို ပြန်ရောက်လာပြီးနောက် စီးရီးအေ ၇ပွဲမှာ ၂ဂိုးသွင်းယူထားတဲ့ မိုဗစ်ဟာ ၂၀၁၂ ခုနှစ်က ချန်ပီယံလိဂ်မှာ ၅ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၃၂ပွဲမှာ ၂၈ဂိုးသွင်းနိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ခ်န္ပီယံလိဂ္၀င္ခြင့္ရရင္ မုိဗစ္ကို အလိုအေလ်ာက္သက္တမ္းတုိးႏုိင္မယ္လုိ႔ မာလ္ဒီနီ အတည္ျပဳ

တကယ္လုိ႔ ေအစီမီလန္အသင္းအေနနဲ႔ ယခုရာသီအကုန္မွာ ၆ႏွစ္ၾကာေ၀းကြာေနရတဲ့ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိရင္ တုိက္စစ္မွဴး အီဘရာဟီမုိဗစ္လည္း မီလန္မွာ အနည္းဆုံးေနာက္ ၁ႏွစ္ၾကာ ဆက္ကစားမွာျဖစ္ေၾကာင္း ေအစီမီလန္အသင္းနည္းစနစ္ဒါ႐ိုက္တာ ေပၚလိုမာလ္ဒီနီက ထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။
ေအစီမီလန္ဟာ ပြဲစဥ္ ၁၇အၿပီး ရမွတ္ ၂၁ မွတ္နဲ႔ ဇယားေအာက္ပိုင္းေရာက္ေနခ့ဲရၿပီးေနာက္ ဒီဇင္ဘာလ ၂၇ရက္ေန႔က ဂလက္ဆီအသင္းတုိက္စစ္မွဴးေဟာင္း မိုဗစ္ကို အံ့အားသင့္ဖြယ္ျပန္လည္ေခၚယူခ့ဲပါတယ္။ မိုဗစ္မေရာက္ခင္ ၅ရက္အလုိက ၂၁ႏွစ္အတြင္း အဆုိးရြားဆုံး႐ံႈးပဲြနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ ေအစီမီလန္ဟာ မိုဗစ္ေရာက္လာၿပီးေနာက္ လိဂ္ ၈ပြဲမွာ ၁ပဲြပဲအေရးနိမ့္ထားၿပီး အဲဒီ႐ံႈးပဲြမွာ အင္တာမီလန္ကို ၀-၂ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ၿပီးမွ ၄-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတာပါ။
”သူ႕ကို ၆လစာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ေပမယ့္ တကယ္လုိ႔ ကၽြန္ေတာ္တို႔အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့ရင္ အလိုအေလ်ာက္ သက္တမ္းတုိးႏိုင္မယ့္အခ်က္လည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။ အခုေတာ့ ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ မုိဗစ္နဲ႔အတူ အေကာင္းဆုံးပုံစံရရွိဖို႔ ႀကိဳးစားေနပါတယ္။ မုိဗစ္နဲ႔ဆိုရင္ ျဖစ္ႏိုင္ေျခက အၿမဲတမ္းရွိေနၿပီး ဒီလုိမွမဟုတ္ရင္ သူလည္း မီလန္ကို ျပန္လာမွာ မဟုတ္ပါဘူး”လုိ႔ ဂႏၳ၀င္ေနာက္ခံလူလည္းျဖစ္တဲ့ မာလ္ဒီနီက ေျပာပါတယ္။
မုိဗစ္ဟာ ၂၀၁၀ ကေန ၂၀၁၂ အထိ ေအစီမီလန္မွာ ကစားခဲ့စဥ္က ၆၁ ပြဲမွာ ၄၂ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ဂလက္ဆီအတြက္ ၅၃ဂိုးသြင္းယူႏိုင္ခဲ့သလုိ ၂၀၁၈နဲ႔ ၂၀၁၉ ေမဂ်ာလိဂ္အေကာင္းဆုံးအသင္းမွာ ပါ၀င္ခဲ့ေပမယ့္ အသင္းရဲ႕ဆုိးရြားေနတဲ့ရလဒ္ေတြကို ခ်က္ခ်င္းေျပာင္းလဲေပးႏိုင္လိမ့္မယ္လုိ႔ ကၽြမ္းက်င္သူေတြက မထင္မွတ္ခဲ့ပါဘူး။
သူဟာ ၿပီးခဲ့တဲ့စေနညက ဖီအိုရင္တီးနားနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ မိနစ္ ၉၀ျပည့္ပါ၀င္ကစားခဲ့ၿပီး လက္ရွိအခ်ိန္မွာ ေအစီမီလန္အသင္းလည္း အဆင့္ ၄ေနရာက အတၱလႏၱာနဲ႔ ၁ပြဲေလ်ာ့ ၉ မွတ္အကြာမွာ ရပ္တည္ေနရပါတယ္။ ေအစီမီလန္ဟာ ၂၀၁၂ ခုႏွစ္က မိုဗစ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္က ၁၆သင္း႐ံႈးထြက္အဆင့္မွာ အက္သလက္တီကိုအသင္းကို အေရးနိမ့္ခဲ့ၿပီးခ်ိန္ကတည္းက ခ်န္ပီယံလိဂ္နဲ႔ ေ၀းကြာေနရတာျဖစ္ပါတယ္။
မီလန္ကို ျပန္ေရာက္လာၿပီးေနာက္ စီးရီးေအ ၇ပြဲမွာ ၂ဂုိးသြင္းယူထားတဲ့ မုိဗစ္ဟာ ၂၀၁၂ ခုႏွစ္က ခ်န္ပီယံလိဂ္မွာ ၅ဂိုးအထိ သြင္းယူႏို္င္ခဲ့ၿပီး စုစုေပါင္း ၃၂ပဲြမွာ ၂၈ဂိုးသြင္းႏိုင္တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။