
Photo Credit
စပါးအသင်းကွင်းလယ်လူဟောင်း တွမ်ဟက်ဒယ်စတုန်းက စပါးနည်းပြ မော်ရင်ညိုအနေနဲ့ ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ပြည်တွင်းပြိုင်ဘက် စီးတီးအသင်းရဲ့ ကစားခွင့်ပိတ်ပင်ခံရတဲ့ပြစ်ဒဏ် အတည်ဖြစ်ဖို့ ဆုတောင်းနေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
Photo Credit
မော်ရင်ညိုဦးဆောင်တဲ့ စပါးဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒု-အကျော့မှာ လိုက်ပ်ဇစ်ကို ၃-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် နှစ်ကျော့ပေါင်း ၄-၀ ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ စပါးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၈နေရာရောက်နေရပြီး အဆင့် ၄နေရာမှ ချဲလ်ဆီးနဲ့ ၇ မှတ်အထိ ကွာဟနေရာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အားကုန်ရုန်းရမယ့်အနေအထားမှာရှိနေပါတယ်။
Photo Credit
ဒါပေမဲ့ မျှော်လင့်ချက်တစ်ခု ရှိနေပြီး စီးတီးကို ယူအီးအက်ဖ်အေက ဥရောပပြိုင်ပွဲ ၂နှစ်ပါဝင်ကစားခွင့် ပိတ်ပင်ခံထားရတဲ့အချက်ဖြစ်သလို အဲဒီပြစ်ဒဏ်အတွက် အားကစားဆိုင်ရာအထူးခုံရုံး (CAS)ထံ အယူခံဝင်ထားမှု ပယ်ချခံရရင် ပရီးမီးယားလိဂ်မှာ အဆင့် ၅ ရအသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေရှိနေပါတယ်။
Photo Credit
”အခုချိန်မှာ မော်ရင်ညိုအနေနဲ့ စီးတီးအသင်း ဥရောပကစားခွင့်ပိတ်ပင်ခံရစေဖို့ ဆုတောင်းနေပါလိမ့်မယ်။ ဒါက သူ့အတွက် လက်ရှိအချိန်မှာ အဖြစ်နိုင်ဆုံးမျှော်လင့်ချက်ဖြစ်ပြီး အထူးသဖြင့် ဟယ်ရီကိန်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ချိန်လည်းဖြစ်နေချိန်ပေါ့။ အက်ဖ်အေဖလားမှာလည်း နောဝစ်ချ်ကို အနိုင်ယူပြီး ယူနိုက်တက်နဲ့ တွေ့ဖို့ တွေးနေခဲ့ပေမယ့် တကယ်တမ်းမှာဖြစ်မလာခဲ့ပါဘူး”လို့ ဟက်ဒယ်စတုန်းက ပြောပါတယ်။
Photo Credit
စပါးဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ယူနိုက်တက်က လက်ရှိအချိန်မှာ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားပါတယ်။
Photo Credit
ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ အဆင့် ၅နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က စီးတီးရဲ့အယူခံဝင်မှု အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။
Photo Credit
Zawgyi
ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ေမာ္ရင္ညိဳ ဘာေတြဆုေတာင္းေနမလဲဆုိတာ ဖြင့္ဟလာတဲ့ စပါးကြင္းလယ္လူေဟာင္း
စပါးအသင္းကြင္းလယ္လူေဟာင္း တြမ္ဟက္ဒယ္စတုန္းက စပါးနည္းျပ ေမာ္ရင္ညိဳအေနနဲ႔ ရာသီသစ္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိေရးအတြက္ ျပည္တြင္းၿပိဳင္ဘက္ စီးတီးအသင္းရဲ႕ ကစားခြင့္ပိတ္ပင္ခံရတဲ့ျပစ္ဒဏ္ အတည္ျဖစ္ဖို႔ ဆုေတာင္းေနလိမ့္မယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။
ေမာ္ရင္ညိဳဦးေဆာင္တဲ့ စပါးဟာ ခ်န္ပီယံလိဂ္ ၁၆သင္း ႐ံႈးထြက္အဆင့္ ဒု-အေက်ာ့မွာ လုိက္ပ္ဇစ္ကို ၃-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ ႏွစ္ေက်ာ့ေပါင္း ၄-၀ ဂိုးနဲ႔ ၿပိဳင္ပဲြကေန ထြက္ခဲ့ရပါတယ္။ စပါးဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၈ေနရာေရာက္ေနရၿပီး အဆင့္ ၄ေနရာမွ ခ်ဲလ္ဆီးနဲ႔ ၇ မွတ္အထိ ကြာဟေနရာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ အားကုန္႐ုန္းရမယ့္အေနအထားမွာရွိေနပါတယ္။
ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္တစ္ခု ရွိေနၿပီး စီးတီးကို ယူအီးအက္ဖ္ေအက ဥေရာပၿပိဳင္ပြဲ ၂ႏွစ္ပါ၀င္ကစားခြင့္ ပိတ္ပင္ခံထားရတဲ့အခ်က္ျဖစ္သလို အဲဒီျပစ္ဒဏ္အတြက္ အားကစားဆုိင္ရာအထူးခုံ႐ုံး (CAS)ထံ အယူခံ၀င္ထားမႈ ပယ္ခ်ခံရရင္ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ ရအသင္းလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ အေျခအေနရွိေနပါတယ္။
”အခုခ်ိန္မွာ ေမာ္ရင္ညိဳအေနနဲ႔ စီးတီးအသင္း ဥေရာပကစားခြင့္ပိတ္ပင္ခံရေစဖို႔ ဆုေတာင္းေနပါလိမ့္မယ္။ ဒါက သူ႕အတြက္ လက္ရွိအခ်ိန္မွာ အျဖစ္ႏိုင္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္ၿပီး အထူးသျဖင့္ ဟယ္ရီကိန္း ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ခ်ိန္လည္းျဖစ္ေနခ်ိန္ေပါ့။ အက္ဖ္ေအဖလားမွာလည္း ေနာ၀စ္ခ်္ကို အႏိုင္ယူၿပီး ယူႏုိက္တက္နဲ႔ ေတြ႕ဖို႔ ေတြးေနခဲ့ေပမယ့္ တကယ္တမ္းမွာျဖစ္မလာခဲ့ပါဘူး”လုိ႔ ဟက္ဒယ္စတုန္းက ေျပာပါတယ္။
စပါးဟာ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ယူႏုိက္တက္ကို ဧည့္ခံကစားရမွာျဖစ္ၿပီး ယူႏိုက္တက္က လက္ရွိအခ်ိန္မွာ ၿပိဳင္ပဲြစုံေနာက္ဆုံး ၁၀ပြဲဆက္ ႐ံႈးပြဲမရွိစံခ်ိန္တင္ထားပါတယ္။
ဆုိးလ္ရွားရဲ႕ယူႏုိက္တက္ဟာ အဆင့္ ၅ေနရာမွာ ရပ္တည္ေနၿပီး ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က စီးတီးရဲ႕အယူခံ၀င္မႈ ေအာင္ျမင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာၾကားထားပါတယ္။