ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာက အာဆင်နယ်အတွက် ရှိနေဆဲလို့ လီနို ယုံကြည်

Photo Credit

Photo Credit

အာဆင်နယ်အသင်းနည်းပြသစ် အာတီတာအနေနဲ့ ယခုရာသီအကုန်မှာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရစေဖို့ ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဂိုးသမား လီနိုက အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

အာတီတာဟာ သောကြာနေ့က အသင်းဟောင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် စနေနေ့က အဲဗာတန်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ဘောက်ဆင်ဒေးမှာ ဘုန်းမောက်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

အာဆင်နယ်ဟာ အဲဗာတန်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၉မှတ်အထိ ကွာဟနေပြီး အသင်းကလည်း အောက်တိုဘာလအစောပိုင်းကတည်းက လိဂ် ၁ပွဲပဲအနိုင်ရထားပါတယ်။

Photo Credit

ဒါပေမဲ့ လီနိုကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရှုံးပေးလက်လျှော့မှာမဟုတ်ဘဲ နည်းပြသစ်အာတီတာက လက်ရှိအခြေအနေကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ ”ပွဲတွေအများကြီးကစားဖို့ ကျန်သေးလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အများကြီးဖြစ်နိုင်ပါသေးတယ်”

Photo Credit

”ကျွန်တော်တို့ဟာ ထိပ်ဆုံး ၆သင်းနဲ့ ကစားခဲ့ပြီးပါပြီ။ အဲဒီပွဲတွေမှာ အနိုင်ရဖို့လည်း အခွင့်အရေးအများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ အခုချိန်အထိ ယုံကြည်ထားပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကိုယ့်လက်ထဲမှာ ရှိနေပါတယ်”

Photo Credit

”ကျွန်တော်တို့အနေနဲ့ စိတ်ဓာတ်အပြည့်နဲ့ကစားဖို့ လိုသလို ကောင်းကောင်းကစားနိုင်ရင် အခွင့်အရေးက အလိုလိုရောက်လာမှာပါ။ အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အားလုံး အပင်ပန်းခံကြိုးစားရင် ဖြစ်လာနိုင်ပါတယ်”လို့ ဂျာမန်နိုင်ငံသား လီနိုက ပြောပါတယ်။

Photo Credit

အဲဗာတန်နဲ့ပွဲမှာ ပေးဂိုးမရှိကစားနိုင်ခဲ့တာက အာဆင်နယ်အတွက် ပြိုင်ပွဲစုံနောက်ဆုံး ၁၅ပွဲမှာ ပထမဆုံး ပေးဂိုးမရှိပွဲဖြစ်လာပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်နောက်ပိုင်း လိဂ်အဝေးကွင်းမှာ ပထမဆုံးအကြိမ် Clean Sheet ရခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit

Zawgyi

ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာက အာဆင္နယ္အတြက္ ရွိေနဆဲလုိ႔ လီႏို ယုံၾကည္

အာဆင္နယ္အသင္းနည္းျပသစ္ အာတီတာအေနနဲ႔ ယခုရာသီအကုန္မွာ အသင္းကို ခ်န္ပီယံလိဂ္၀င္ခြင့္ရေစဖို႔ ဦးေဆာင္ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ဂိုးသမား လီႏိုက အခုိင္အမာေျပာၾကားလုိက္ပါတယ္။
အာတီတာဟာ ေသာၾကာေန႔က အသင္းေဟာင္းရဲ႕နည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရၿပီးေနာက္ စေနေန႔က အဲဗာတန္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲကို လာေရာက္ၾကည့္႐ႈခဲ့ၿပီး သူ႕ရဲ႕ပထမဆုံးပြဲစဥ္အျဖစ္ ေဘာက္ဆင္ေဒးမွာ ဘုန္းေမာက္နဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။
အာဆင္နယ္ဟာ အဲဗာတန္နဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္၀င္ခြင့္ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၉မွတ္အထိ ကြာဟေနၿပီး အသင္းကလည္း ေအာက္တိုဘာလအေစာပိုင္းကတည္းက လိဂ္ ၁ပဲြပဲအႏိုင္ရထားပါတယ္။
ဒါေပမဲ့ လီႏိုကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အ႐ႈံးေပးလက္ေလွ်ာ့မွာမဟုတ္ဘဲ နည္းျပသစ္အာတီတာက လက္ရွိအေျခအေနကို ေျပာင္းလဲေပးႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ဆုိပါတယ္။ ”ပြဲေတြအမ်ားႀကီးကစားဖုိ႔ က်န္ေသးလုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အမ်ားႀကီးျဖစ္ႏိုင္ပါေသးတယ္”
”ကၽြန္ေတာ္တုိ႔ဟာ ထိပ္ဆုံး ၆သင္းနဲ႔ ကစားခဲ့ၿပီးပါၿပီ။ အဲဒီပြဲေတြမွာ အႏိုင္ရဖို႔လည္း အခြင့္အေရးအမ်ားႀကီးဖန္တီးႏိုင္ခဲ့ပါတယ္။ အခုခ်ိန္အထိ ယုံၾကည္ထားပါတယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္က ကုိယ့္လက္ထဲမွာ ရွိေနပါတယ္”
”ကၽြန္ေတာ္တုိ႔အေနနဲ႔ စိတ္ဓာတ္အျပည့္နဲ႔ကစားဖို႔ လုိသလုိ ေကာင္းေကာင္းကစားႏိုင္ရင္ အခြင့္အေရးက အလုိလုိေရာက္လာမွာပါ။ အတိတ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အားလုံး အပင္ပန္းခံႀကိဳးစားရင္ ျဖစ္လာႏိုင္ပါတယ္”လုိ႔ ဂ်ာမန္ႏိုင္ငံသား လီႏိုက ေျပာပါတယ္။
အဲဗာတန္နဲ႔ပြဲမွာ ေပးဂိုးမရွိကစားႏိုင္ခဲ့တာက အာဆင္နယ္အတြက္ ၿပိဳင္ပဲြစုံေနာက္ဆုံး ၁၅ပြဲမွာ ပထမဆုံး ေပးဂိုးမရွိပြဲျဖစ္လာၿပီး ပရီးမီးယားလိဂ္ရာသီအဖြင့္ေနာက္ပိုင္း လိဂ္အေ၀းကြင္းမွာ ပထမဆုံးအႀကိမ္ Clean Sheet ရခဲ့တာလည္းျဖစ္ပါတယ္။