ချန်ပီယံလိဂ်လူစာရင်းမှာ ကံတူဘဝတူ ဖြစ်နေတဲ့ ဂရင်းဝုဒ် နဲ့ ဟတ်ဆန်အိုဒွိုင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရေး အတွက် ပဏာမ ကစားသမား 25 ဦး စာရင်း ကို UEFA ဆီ ပေးပို့ခဲ့ရပြီး အဆိုပါ စာရင်းမှာတော့ တိုက်စစ်မှူးလေး မေဆွန် ဂရင်းဝုဒ် မပါဝင်ခဲ့ပါဘူး။

ဂရင်းဝုဒ်ဟာ ချန်ပီယံလိဂ် ပဏာမ ကစားသမား 25 ယောက် စာရင်းမှာ ပါဝင်ခွင့် မရရှိခဲ့ပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ကစားပေးနိုင်ခွင့် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါဟာ UEFA ရဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်း တစ်ခုကြောင့် ပါဝင်ခွင့် ရရှိခြင်းပဲ ဖြစ်ပါတယ်။

UEFA မှ သတ်မှတ်ထားခဲ့တဲ့ စည်းကမ်းချက် တစ်ခုမှာတော့ တကယ်လို့ ကစားသမား တစ်ဦးဟာ အသက် 21 နှစ်အောက် ငယ်ရွယ်နေမယ် ၊ အသင်းရဲ့ ငယ်မွေးခြံပေါက် ၊ အကယ်ဒမီမှ ထွန်းတောက်လာတဲ့ ကစားသမား ဖြစ်မယ်ဆိုရင် B အသင်းမှာ ပါဝင်နိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဂရင်းဝုဒ်ဟာ အသက် 20 မပြည့်သေးသလို အကယ်ဒမီထွက် ၊ ခြံပေါက် ကစားသမား ဖြစ်တာကြောင့် B List အသင်းမှာ သေချာပေါက် ပါဝင်ဖို့ အခွင့်ရှိပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ ရှုံးထွက် အဆင့်မှာ အကယ်ဒမီထွက် လူငယ်လေးတွေဖြစ်ကြတဲ့ အန်သိုနီ အီလန်ဂါ ၊ ရှိုလာ ရှိုရီတိုင်ယာ ၊ ဟန်နီဘယ် မာ့ဂျ်ဘရီ တို့ကို ထည့်သွင်း ကစားခဲ့ပါသေးတယ်။

ဒီနှစ်လည်း ယူနိုက်တက် တို့ဟာ အဲဒီ လမ်းစဉ်ကို ဆက်လက် ကျင့်သုံးသွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးမန်နေဂျာ တူချယ်က ဟတ်ဆန်အိုဒွိုင်းကို အသင်းတွင်ဆက်နေပြီး ပွဲထွက်ကစားသမားနေရာအတွက် ယှဉ်ပြိုင်စေလိုပေမယ့်လက်ရှိ ချဲလ်ဆီးရဲ့ ကစားသမားအင်အားကြောင့် ၎င်းအနေဖြင့် အခွင့်အရေးရရန် ခက်ခဲနေပါတယ်။

အိုဒွိုင်းဟာ ချဲလ်ဆီးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲ၌ အရန်ခုံတန်းလျားပေါ်၌သာ ထိုင်နေခဲ့ရပြီး ဗီလာရီးရဲလ်နှင့် ဥရောပစူပါဖလားပွဲကို ပွဲထွက်ပါဝင်ကစားခွင့် ရထားသေးတာဖြစ်ပါတယ်။

အိုဒွိုင်းကလည်း ဂရင်းဝုဒ် လိုပဲ မူရင်း ၂၅ ယောက်စာရင်းထဲမှာမပါဘဲ ဒုတိယစာရင်းထဲမှာပဲပါပါတယ်။

ဟတ်ဆန်အိုဒွိုင်းနှင့်အတူ ဗေးလ်နှင့် ဘာ့ချ်စတောမ်တို့ လည်း ပါဝင်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် အင်္ဂါနေ့တွင် ဆွစ်ဇာလန်၌ ယန်းဘွိုင်းနှင့် ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်၏အုပ်စုတွင် ယန်းဘွိုင်း၊ ဗီလာရီးရဲလ်နှင့် အတ္တလန္တာတို့ ပါဝင်ပြီး ယူနိုက်တက်က အုပ်စုဗိုလ်စွဲရန် ရေပန်းစားနေပါတယ်။

ချဲလ်ဆီးဟာအုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း၌ ဇင်းနစ်နှင့် ကစားရမှာဖြစ်ပြီး ၎င်း၏အုပ်စုတွင် ဂျူဗင်တပ်စ်နှင့် မယ်လ်မိုတို့ ပါဝင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္လူစာရင္းမွာ ကံတူဘ၀တူ ျဖစ္​ေနတဲ့ ဂရင္းဝုဒ္ နဲ႔ ဟတ္ဆန္အိုဒြိဳင္း

ယူႏိုက္တက္ အသင္းဟာ လက္ရွိ ေဘာလုံး ရာသီ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ကစားေရး အတြက္ ပဏာမ ကစားသမား 25 ဦး စာရင္း ကို UEFA ဆီ ေပးပို႔ခဲ့ရၿပီး အဆိုပါ စာရင္းမွာေတာ့ တိုက္စစ္မႉးေလး ေမဆြန္ ဂရင္းဝုဒ္ မပါဝင္ခဲ့ပါဘူး။

ဂရင္းဝုဒ္ဟာ ခ်န္ပီယံလိဂ္ ပဏာမ ကစားသမား 25 ေယာက္ စာရင္းမွာ ပါဝင္ခြင့္ မရရွိခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ဝင္ေရာက္ ကစားေပးႏိုင္ခြင့္ ရွိေနဆဲ ျဖစ္ပါတယ္။ ဒါဟာ UEFA ရဲ႕သတ္မွတ္ထားတဲ့ စည္းမ်ဥ္း တစ္ခုေၾကာင့္ ပါဝင္ခြင့္ ရရွိျခင္းပဲ ျဖစ္ပါတယ္။

UEFA မွ သတ္မွတ္ထားခဲ့တဲ့ စည္းကမ္းခ်က္ တစ္ခုမွာေတာ့ တကယ္လို႔ ကစားသမား တစ္ဦးဟာ အသက္ 21 ႏွစ္ေအာက္ ငယ္႐ြယ္ေနမယ္ ၊ အသင္းရဲ႕ ငယ္ေမြးၿခံေပါက္္ ၊ အကယ္ဒမီမွ ထြန္းေတာက္လာတဲ့ ကစားသမား ျဖစ္မယ္ဆိုရင္ B အသင္းမွာ ပါဝင္ႏိုင္ခြင့္ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ဒါေၾကာင့္ ဂရင္းဝုဒ္ဟာ အသက္ 20 မျပည့္ေသးသလို အကယ္ဒမီထြက္ ၊ ၿခံေပါက္ ကစားသမား ျဖစ္တာေၾကာင့္ B List အသင္းမွာ ေသခ်ာေပါက္ ပါဝင္ဖို႔ အခြင့္ရွိပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းကေတာ့ ယူႏိုက္တက္ အသင္းဟာ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲရဲ႕ ရႈံးထြက္ အဆင့္မွာ အကယ္ဒမီထြက္ လူငယ္ေလးေတြျဖစ္ၾကတဲ့ အန္သိုနီ အီလန္ဂါ ၊ ရႈိလာ ရႈိရီတိုင္ယာ ၊ ဟန္နီဘယ္ မာ့ဂ်္ဘရီ တို႔ကို ထည့္သြင္း ကစားခဲ့ပါေသးတယ္ ။ ဒီႏွစ္လည္း ယူႏိုက္တက္ တို႔ဟာ အဲဒီ လမ္းစဥ္ကို ဆက္လက္ က်င့္သုံးသြားဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ခ်ဲလ္ဆီးမန္ေနဂ်ာ တူခ်ယ္က ဟတ္ဆန္အိုဒြိဳင္းကို အသင္းတြင္ဆက္ေနၿပီး ပြဲထြက္ကစားသမားေနရာအတြက္ ယွဥ္ၿပိဳင္ေစလို​ေပမယ့္လက္ရွိ ခ်ဲလ္ဆီးရဲ႕ ကစားသမားအင္အားေၾကာင့္ ၎အေနျဖင့္ အခြင့္အေရးရရန္ ခက္ခဲေနပါတယ္။

အိုဒြိဳင္းဟာ ခ်ဲလ္ဆီးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲ၌ အရန္ခုံတန္းလ်ားေပၚ၌သာ ထိုင္ေနခဲ့ရၿပီး ဗီလာရီးရဲလ္ႏွင့္ ဥေရာပစူပါဖလားပြဲကို ပြဲထြက္ပါဝင္ကစားခြင့္ ရထားေသးတာျဖစ္ပါတယ္။အိုဒြိဳင္းကလည္း ဂရင္းဝုဒ္ လိုပဲ မူရင္း ၂၅ ​ေယာက္စာရင္းထဲမွာမပါဘဲ ဒုတိယစာရင္းထဲမွာပဲပါပါတယ္။ ဟတ္ဆန္အိုဒြိဳင္းႏွင့္အတူ ေဗးလ္ႏွင့္ ဘာ့ခ်္စေတာမ္တို႔ လည္း ပါဝင္ပါတယ္။

ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ အဂၤါေန႔တြင္ ဆြစ္ဇာလန္၌ ယန္းဘြိဳင္းႏွင့္ ကစားရမွာျဖစ္ပါတယ္။ ယူႏိုက္တက္၏အုပ္စုတြင္ ယန္းဘြိဳင္း၊ ဗီလာရီးရဲလ္ႏွင့္ အတၱလႏၲာတို႔ ပါဝင္ၿပီး ယူႏိုက္တက္က အုပ္စုဗိုလ္စြဲရန္ ေရပန္းစားေနပါတယ္။ ခ်ဲလ္ဆီးဟာအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္း၌ ဇင္းနစ္ႏွင့္ ကစားရမွာျဖစ္ၿပီး ၎၏အုပ္စုတြင္ ဂ်ဴဗင္တပ္စ္ႏွင့္ မယ္လ္မိုတို႔ ပါဝင္ပါတယ္။