ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် လက်ကျန်(၅)နေရာကို ဘယ်အသင်းတွေပိုင်ဆိုင်ခွင့်ရကြမလဲ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်အုပ်စုပွဲတွေက အခု အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ အဆုံးသတ်မှာပဲဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲမတိုင်ခင်အထိ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခွင့်ရပြီးဖြစ်တဲ့အသင်းတွေကတော့ မန်စီးတီး၊ PSG ၊ လီဗာပူးလ်၊ အေဂျက်စ်၊ စပို့တင်းလစ္စဘွန်း၊ ရီးယဲလ်၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက်၊

ချယ်လ်ဆီးနဲ့ဂျူဗင်တပ်စ်အသင်းတို့ဖြစ်ပြီး လက်ကျန်(၅)နေရာအတွက် ဘာစီလိုနာ၊ အေစီမီလန်၊ ပေါ်တို၊ အက်သလက်တီကို၊ ဘင်ဖီကာစတဲ့နာမည်ကျော်အသင်းတွေအပါအဝင် (၁၁)သင်းက အပြိုင်လုကြရမှာပါ။

ဒီရာသီ ချန်ပီယံလိဂ်မရဏအုပ်စုလို့သတ်မှတ်ခံထားရတဲ့ အုပ်စု(B)မှာ လီဗာပူးလ်အသင်းက အခက်အခဲမရှိ ပွဲတိုင်းနိုင်ပြီးတော့

အုပ်စုဗိုလ်အဖြစ်နောက်တစ်ဆင့်တက်သွားပေမယ့် ပေါ်တို(၅မှတ်)၊ အေစီမီလန်(၄မှတ်)၊ အက်သလက်တီကို(၄မှတ်)တို့က နောက်ဆုံးပွဲအထိအသည်းအသန်ကစားရမှာဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့က လီဗာပူးလ်ကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေပေမယ့်

ပေါ်တို-အက်သလက်တီကိုပွဲက သရေကျမှ ရှုံးထွက်(၁၆)သင်းအဆင့်တက်နိုင်မှာဖြစ်ပြီး အရှုံးအနိုင်အဖြေပေါ်ရင် အေစီမီလန် ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ရမှာပါ။

ပေါ်တို-အက်သလက်တီကိုပွဲမှာ အေစီမီလန်က လီဗာပူးလ်ကိုမနိုင်ဘူးဆိုရင် သရေကျရုံနဲ့ ပေါ်တိုအသင်း အုပ်စုကတက်မှာဖြစ်ပြီး အက်သလက်တီကိုအသင်းကတော့

ပေါ်တိုကို အနိုင်ကစားနိုင်ရင် တစ်ဖက်မှာ အေစီမီလန်နိုင်ရင်တောင် Head To Head အရ အဝေးဂိုးအားသာချက်ရထားတာကြောင့် အက်သလက်တီကို နောက်တစ်ဆင့်တက်မှာဖြစ်ပါတယ်။

၂၀၀၀-၀၁ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေထွက်ရမယ့်အခြေအနေဆိုးနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ (၇)မှတ်နဲ့ ဒုတိယနေရာမှာရှိနေပေမယ့်

သူ့အောက်က ဘင်ဖီကာနဲ့(၂)မှတ်သာကွာတဲ့အပြင် ကစားရမှာကလည်း ဘိုင်ယန်မြူးနစ်ကွင်းမှာဖြစ်နေပြီး ဒိုင်နမိုကိဗ်နဲ့အိမ်ကွင်းပွဲမှာ ဘင်ဖီကာမနိုင်ရင်တော့ ကိစ္စမရှိပေမယ့် ရလဒ်ကောင်းခဲ့ရင် ဘာစီလိုနာတို့ ဘိုင်ယန်မြူးနစ်ကို မဖြစ်မနေအနိုင်ကစားရမှာပါ။

အုပ်စု(F)မှာ မန်ချက်စတာယူနိုက်တက် နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမယ့် လက်ကျန်တစ်နေရာအတွက်

အတ္တလန်တာ-ဗီလာရီးယဲလ်ပွဲရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ပြီး (၇)မှတ်ရထားတဲ့ ဗီလာရီးယဲလ်တို့ အဝေးကွင်းမှာသရေကစားနိုင်ရင် အုပ်စုကတက်ပါပြီ။

မရဏအုပ်စုမဟုတ်ပေမယ့် မထင်မှတ်လောက်အောင် အကြိတ်အနယ်ရှိနေတာက လိုင်လီ၊ ဆာလ်ဘာ့ဂ်၊ ဆီဗီလာ၊ ဝုလ်ဖ်ဘတ်တို့ပါဝင်နေတဲ့ အုပ်စု(G)ပါပဲ။

လိုင်လီ(၈မှတ်)၊ ဆာလ်ဘာ့ဂ်(ရမှတ်)၊ ဆီဗီလာ(၆မှတ်)၊ ဝုလ်ဖ်ဘတ်(၅မှတ်)တို့ အစဉ်အလိုက်အတိုင်းရပ်တည်နေပြီး

ဒီအုပ်စုမှာ ဘယ်သူတွေနောက်တစ်ဆင့်တက်မလဲဆိုတာ ကြိုခန့်မှန်းဖို့မလွယ်တာကြောင့် ဝုလ်ဖ်ဘတ်-လိုင်လီ၊ ဆာလ်ဘာ့ဂ်-ဆီဗီလာတို့ကစားမယ့်ပွဲပြီးမှပဲ အဖြေတိတိကျကျထွက်လာတော့မှာပါ။

အဲဒါကြောင့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် လက်ကျန်(၅)နေရာကို အပြိုင်လုကြမယ့်(၁၁)သင်းထဲမှာ ဘယ်အသင်းတွေ ကိုယ်လိုချင်တဲ့ရလဒ်ကို ရယူနိုင်မလဲ …

ဘယ်အသင်းတွေ ခြေချော်သွားမလဲဆိုတာ ဒီနေ့ညနဲ့ မနက်ဖြန်ညပွဲတွေမှာ ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါကြောင်း . . . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ လက္က်န္(၅)ေနရာကို ဘယ္အသင္းေတြပိုင္ဆိုင္ခြင့္ရၾကမလဲ . . .

၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္အုပ္စုပြဲေတြက အခု အဂၤါ၊ ဗုဒၶဟူးေန႔ေတြမွာ အဆုံးသတ္မွာပဲျဖစ္ပါတယ္။ အုပ္စုေနာက္ဆုံးပြဲမတိုင္ခင္အထိ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခြင့္ရၿပီးျဖစ္တဲ့အသင္းေတြကေတာ့ မန္စီးတီး၊ PSG ၊ လီဗာပူးလ္၊ ေအဂ်က္စ္၊ စပို႔တင္းလစၥဘြန္း၊ ရီးယဲလ္၊ အင္တာမီလန္၊ ဘိုင္ယန္ျမဴးနစ္၊ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ယ္လ္ဆီးနဲ႔ဂ်ဴဗင္တပ္စ္အသင္းတို႔ျဖစ္ၿပီး လက္က်န္(၅)ေနရာအတြက္ ဘာစီလိုနာ၊ ေအစီမီလန္၊ ေပၚတို၊ အက္သလက္တီကို၊ ဘင္ဖီကာစတဲ့နာမည္ေက်ာ္အသင္းေတြအပါအဝင္ (၁၁)သင္းက အၿပိဳင္လုၾကရမွာပါ။

ဒီရာသီ ခ်န္ပီယံလိဂ္မရဏအုပ္စုလို႔သတ္မွတ္ခံထားရတဲ့ အုပ္စု(B)မွာ လီဗာပူးလ္အသင္းက အခက္အခဲမရွိ ပြဲတိုင္းႏိုင္ၿပီးေတာ့ အုပ္စုဗိုလ္အျဖစ္ေနာက္တစ္ဆင့္တက္သြားေပမယ့္ ေပၚတို(၅မွတ္)၊ ေအစီမီလန္(၄မွတ္)၊ အက္သလက္တီကို(၄မွတ္)တို႔က ေနာက္ဆုံးပြဲအထိအသည္းအသန္ကစားရမွာျဖစ္ပါတယ္။ ေအစီမီလန္အသင္းအေနနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔က လီဗာပူးလ္ကို မျဖစ္မေနအႏိုင္ကစားဖို႔လိုအပ္ေနေပမယ့္ ေပၚတို-အက္သလက္တီကိုပြဲက သေရက်မွ ရႈံးထြက္(၁၆)သင္းအဆင့္တက္ႏိုင္မွာျဖစ္ၿပီး အရႈံးအႏိုင္အေျဖေပၚရင္ ေအစီမီလန္ ခ်န္ပီယံလိဂ္ကို လက္ျပႏႈတ္ဆက္ရမွာပါ။

ေပၚတို-အက္သလက္တီကိုပြဲမွာ ေအစီမီလန္က လီဗာပူးလ္ကိုမႏိုင္ဘူးဆိုရင္ သေရက်႐ုံနဲ႔ ေပၚတိုအသင္း အုပ္စုကတက္မွာျဖစ္ၿပီး အက္သလက္တီကိုအသင္းကေတာ့ ေပၚတိုကို အႏိုင္ကစားႏိုင္ရင္ တစ္ဖက္မွာ ေအစီမီလန္ႏိုင္ရင္ေတာင္ Head To Head အရ အေဝးဂိုးအားသာခ်က္ရထားတာေၾကာင့္ အက္သလက္တီကို ေနာက္တစ္ဆင့္တက္မွာျဖစ္ပါတယ္။

၂၀၀၀-၀၁ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေနထြက္ရမယ့္အေျခအေနဆိုးနဲ႔ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းဟာ (၇)မွတ္နဲ႔ ဒုတိယေနရာမွာရွိေနေပမယ့္ သူ႔ေအာက္က ဘင္ဖီကာနဲ႔(၂)မွတ္သာကြာတဲ့အျပင္ ကစားရမွာကလည္း ဘိုင္ယန္ျမဴးနစ္ကြင္းမွာျဖစ္ေနၿပီး ဒိုင္နမိုကိဗ္နဲ႔အိမ္ကြင္းပြဲမွာ ဘင္ဖီကာမႏိုင္ရင္ေတာ့ ကိစၥမရွိေပမယ့္ ရလဒ္ေကာင္းခဲ့ရင္ ဘာစီလိုနာတို႔ ဘိုင္ယန္ျမဴးနစ္ကို မျဖစ္မေနအႏိုင္ကစားရမွာပါ။

အုပ္စု(F)မွာ မန္ခ်က္စတာယူႏိုက္တက္ ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ေပမယ့္ လက္က်န္တစ္ေနရာအတြက္ အတၱလန္တာ-ဗီလာရီးယဲလ္ပြဲရလဒ္ကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး (၇)မွတ္ရထားတဲ့ ဗီလာရီးယဲလ္တို႔ အေဝးကြင္းမွာသေရကစားႏိုင္ရင္ အုပ္စုကတက္ပါၿပီ။ မရဏအုပ္စုမဟုတ္ေပမယ့္ မထင္မွတ္ေလာက္ေအာင္ အႀကိတ္အနယ္ရွိေနတာက လိုင္လီ၊ ဆာလ္ဘာ့ဂ္၊ ဆီဗီလာ၊ ဝုလ္ဖ္ဘတ္တို႔ပါဝင္ေနတဲ့ အုပ္စု(G)ပါပဲ။

လိုင္လီ(၈မွတ္)၊ ဆာလ္ဘာ့ဂ္(ရမွတ္)၊ ဆီဗီလာ(၆မွတ္)၊ ဝုလ္ဖ္ဘတ္(၅မွတ္)တို႔ အစဥ္အလိုက္အတိုင္းရပ္တည္ေနၿပီး ဒီအုပ္စုမွာ ဘယ္သူေတြေနာက္တစ္ဆင့္တက္မလဲဆိုတာ ႀကိဳခန႔္မွန္းဖို႔မလြယ္တာေၾကာင့္ ဝုလ္ဖ္ဘတ္-လိုင္လီ၊ ဆာလ္ဘာ့ဂ္-ဆီဗီလာတို႔ကစားမယ့္ပြဲၿပီးမွပဲ အေျဖတိတိက်က်ထြက္လာေတာ့မွာပါ။ အဲဒါေၾကာင့္ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ လက္က်န္(၅)ေနရာကို အၿပိဳင္လုၾကမယ့္(၁၁)သင္းထဲမွာ ဘယ္အသင္းေတြ ကိုယ္လိုခ်င္တဲ့ရလဒ္ကို ရယူႏိုင္မလဲ ..ဘယ္အသင္းေတြ ေျခေခ်ာ္သြားမလဲဆိုတာ ဒီေန႔ညနဲ႔ မနက္ျဖန္ညပြဲေတြမွာ ရင္ခုန္စြာနဲ႔ေစာင့္ၾကည့္ရမွာျဖစ္ပါေၾကာင္း . . . . .