M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမှုပြုလုပ်ခဲ့ရာမှာ စိတ်ဝင်စားစရာကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အုပ်စုပွဲစဉ်တွေ ကိုမြင်တွေ့လာရမှာ သေချာနေပါပြီ။
အုပ်စုပွဲစဉ်တွေမှာ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်၊ လီဗာပူးနဲ့ အက်သလက်တီကို၊ ဘိုင်ယန်နဲ့ ဘာစီလိုနာ၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုတော့ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ အိပ်ပျက်ခံရမယ့် ပွဲတွေဖြစ်လာမှာသေချာပါတယ်။
ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၂၂ မေလ၂၈ရက် နေ့မှာ ဇင်းနစ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ရှိ ကရက်စ်တော့ဗ်စကီ ကွင်းကြီးမှာ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။
ရေနံသူဌေးတွေရဲ့ ထိပ်တိုက်တွေ့ဆုံပွဲ…
မနှစ်ကချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့ မန်စီးတီးဟာလည်း အုပ်စု(A)မှာ ပီအက်စ်ဂျီ၊လိုက်ဇစ်၊ဘရုဂျက်တို့နှင့်တစ်အုပ်စုတည်းကျနေပါတယ်။
ဒီအုပ်စုမှာလူစာရင်းနဲ့ နည်းပြတွေရဲ့ အတွေ့အကြုံတွေအရ ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ကတော့တစ်ခြားပြိုင်ဘက် အသင်းတွေထက် အုပ်စုကနေ နောက်တစ်ဆင့်ကို တက်ရောက်သွားဖို့အခြေအနေကောင်းနေပါတယ်။
ဒီအုပ်စုမှာ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေအရ မက်ဆီနဲ့ထိပ်တိုက်တွေ့ဆုံ မှုပြန်ဖြစ်နိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်။
မန်စီးတီးဟာ ရော်နယ်ဒိုကိုခေါ်ယူနိုင်မယ့်အခြေအနေမျိုး အတော်ကိုနီးစက်နေပြီလို့လည်း သတင်းတွေမှာဖော်ပြ နေပါတယ်။
ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုကနေ ဘယ်အသင်းတွေလွတ်လာမလဲ…
ချန်ပီယံလိဂ်ဖလား (၆) ကြိမ်ရ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု(B)မှာ လာလီဂါချန်ပီယံအက်သလက်တီကိုမက်ဒရစ်၊ပေါ်တူဂီထိပ်သီးပေါ်တို၊စီးရီးအေထိပ်သီးအေစီမီလန်နှင့်တစ်အုပ်စုတည်းကျရောက်ကာအခက်ခဲဆုံးအုပ်စုအတွင်းတွင်ကျရောက်နေပါတယ်။
ဟာလန်း ရဲ့ ခြေစွမ်းက ဒေါ့မွန် အတွက် အဆုံးအဖြတ်…
အုပ်စု(C)မှာ တော့ စပို့တင်း၊ ဒေါ့မွန်၊ အေဂျက် ၊ ဘက်ဆစ်တပ် တို့တွေ့ဆုံနေပါတယ်။ ရာသီအဖွင့်မှာ ရလဒ်တွေ မကောင်း ဖြစ်နေတဲ့ ဒေါ့မွန် အတွက်တော့ အုပ်စု (C) မှာ ကျရောက်ခဲ့တဲ့ အပေါ် ကျေနပ် နေမှာပါ။
အကောင်းဆုံး ရှေ့တန်း ဆုရှင် အာလင်း ဟာလန်း ကတော့ အုပ်စုအဆင့်မှာ ဂိုးရသလောက် သွင်းနိုင်ဖို့ အားထုတ်သွားနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ရွှေဖိနပ်ဆု ကို ၂ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ကစားသမားဖြစ်လာဖို့ အလားအလာကောင်းပါတယ်။
အုပ်စု (C) မှာ ရှိနေတဲ့ အသင်းတွေ အနေနဲ့ ဒေါ့မွန်သာ ခြေမှန်ခဲ့မယ် ဆိုရင် ယှဉ်နိုင်ဖို့ခက်ခဲ့မှာသေချာပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာ ဘယ်အသင်းကိုမှ လျော့တွက်လို့ မရနိုင်ပါဘူး။
မနှစ်က အုပ်စုအဆင့်က မိတ်တွေဟောင်းတွေရဲ့ပြန်လည်တွေ့ဆုံပွဲ…
အုပ်စု(D)မှာလည်း အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊ရှက်တာဒိုးနက်စ်၊ရှာရစ်တီရာစပိုလ်တို့တွေ့နေပါတယ်။
အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊ရှက်တာဒိုးနက်စ်တို့ဟာမနှစ်က ချန်ပီယံအုပ်စုတုန်းကလည်း ထိပ်တိုက် တွေ့ဆုံခဲ့ကြဖူးတဲ့အသင်းတွေ ဖြစ်ပါတယ်။
ရာဇဝင်ကြွေးဆပ်နိုင်မှာလား…ထပ်အတင်ခံရမှာလား…ဘာစီလိုနာ
အုပ်စု (E) မှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဘိုင်ယန်နဲ့တစ်အုပ်စုထဲကျနေတဲ့ ဘာစီလိုနာ ရဲ့ အခြေအနေပါပဲ။
(၈-၂) ရလဒ်နဲ့ အရှက်ကွဲခဲ့ရတဲ့ ခံစားချက်ကို ရော်နယ်ကိုးမန်း လက်ထက် မှာ ဘာစီလိုနာ တို့ ပြန်လည် ချေဖျက် နိုင်မလား ဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။
အုပ်စု(E)မှာ ဘိုင်ယန်မြူးနစ်၊ဘာစီလိုနာ၊ဒိုင်နမိုကိဗ်၊ဘင်ဖီကာတို့တွေ့ဆုံနေခဲ့ပေမယ့် ဘိုင်ယန်နဲ့ ဘာစီလိုနာတို့က အုပ်စုအဆင့်ကနေ ကျော်ဖျက်နိုင်မယ်လို့ယူဆရပြီး ဘင်ဖီကာအတွက် ကတော့ ယူရိုပါလိဂ် လက်မှတ်ကိုပဲ ရအောင် ယူသွားနိုင်မယ်လို့ထင်မိပါတယ်။
မနှစ်က ဗိုလ်လုပွဲမှာ ရှုံကြွေးကို ပြန်ဆပ်နိုင်မလား…
ယူနိုက်တက် ကလည်း မနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ပြန်လည်တွေ့ဆုံနေ တာကလည်း ယူနိုက်တက်ပရိသတ်တွေအတွက် စောင့်ကြည့်ရမယ့် ပွဲစဉ်တွေဖြစ်နေပါတယ်။
ဒါပေမယ့် ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ဟာ အရင်က အုပ်စုအဆင့်ပွဲစဉ် တွေမှာ (၄)ကြိမ်တွေ့ဆုံ့ဘူးခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ဘဲ (ဝ-ဝ) ရလဒ်သာထွက်ပေါ်ခဲ့ဘူးတာက ထူးခြားမှုတစ်ခုပါပဲ။
ဒီနှစ်မှာ ဘယ်အသင်းက အစဉ်အလာတွေဖျက်ပြီး သွင်းဂိုးတွေ စသွင်းနိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။
ချန်ပီယံလိဂ်အုပ်စု(F)မှာ ယူနိုက်တက်၊ဗီလာရီးရဲလ်၊အတ္တလန္တာ၊ယန်းဘွိုင်းတို့နှင့်တွေ့ဆုံနေပါတယ်။
ခြေရည်တူ အုပ်စုကျပ်နဲ့ ဥရောပအသင်းငယ်တွေရဲ့ မရဏအုပ်စုလို့ဆိုရမလား…
ပြိုင်ဆိုင်မှုအပြင်းထတ်ဆုံးဖြစ်မယ့် အုပ်စုကတော့ အုပ်စု(G)လို့ပဲပြောရမှာပါပဲ။
လိုင်လီ၊ဆီဗီလာ၊ဆဲလ်ဘတ်၊ဝုဖ်ဘတ်တို့က အုပ်စု (G)မှာ တွေ့နေပါတယ်။
ဘယ်အသင်း နောက်တဆင့် တက်မယ်ဆိုတာ ရွေးရခက် ပါတယ်။
ဒါပေမယ့် ဆီဗီလာ ကတော့ အားလုံးထဲမှာ နောက်တစ်ဆင့်ကိုတက်နိုင်ဖို့တော့ ကျန်အသင်းတွေထက် အနည်းငယ် အားသာနေပါတယ်။
လက်ရှိချန်ပီယံချဲလ်ဆီးက ချန်ပီယံဖလားကို ကာကွယ်နိုင်မယ့် အသင်းဖြစ်လာမလား…
လက်ရှိချန်ပီယံချဲလ်ဆီးက စီးရီးအေထိပ်သီးဂျူဗင်တပ်၊ ရုရှားထိပ်သီးဇင်းနစ်၊ မယ်လ်မိုတို့နဲ့ အုပ်စု (H) မှာ ရင်ဆိုင်တွေ့နေရပါတယ်။
မနေ့ညက ဆုပေးပွဲမှာ အကောင်းဆုံးဆုတွေကို အများဆုံးရယူထားခဲ့တဲ့ ချဲလ်ဆီး ကတော့ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အတွက် အခက်အခဲမရှိလောက်ပါဘူး။
ချန်ပီယံဆုကို ကာကွယ်နိုင်မလား ဆိုတာ ပြောရခက်ပေမယ့် ပြိုင်ဘက်လို့ ပြောလို့ရလောက်အောင်ရှိတဲ့အသင်းကတော့ ဂျူဗင်တပ် တစ်သင်းသာရှိနေပေမယ့် ချန်ပီယံလိဂ်ဖလားကို နောက်ဆုံး ဆယ်နှစ်အတွင်းမှာ ချဲလ်ဆီး က ၂ ကြိမ်ရယူထားနိုင်ချိန်မှာ ဂျူဗင်တပ် ကတော့ ဖလားနဲ့ ဝေးကွားနေခဲ့ပါတယ်။
နည်းပြတူချယ်ရဲ့ ချဲလ်ဆီးအသင်းဟာ အခုအချိန်မှာ ကစားသမား အင်အား ၊ ကစားပုံကအစ အားသာနေချိန်ဖြစ်သလို လူကာကူ ပါအသင်းကိုပြန်လည်ရောက်ရှိနေချိန် ဖြစ်တာကြောင့် ချန်ပီယံဖလားကို ကာကွယ်နိုင်မယ့် အသင်းဖြစ်လာမလားဆိုတာ ချဲလ်ဆီးပရိသတ်တွေအတွက် ရင်ခုန်ချင်စရာပါပဲ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi