
photo-gettyimages
photo-getttyimages
ဒီရာသီချန်ပီယံလိဂ်မှာ ဂိုးသွင်းအားကောင်းကောင်းနဲ့ အံ့အားသင့်စရာတွေလုပ်နေတဲ့အသင်းက အတ္တလန္တာပါပဲ။ မနေ့ညကပဲ သူတို့ဟာ ဗလင်စီယာနဲ့ဒုတိယအကျော့မှာ ၄-၃ နဲ့အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ်နဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်တက်ရောက်သွားပါတယ်။ တစ်နည်းအားဖြင့် အတ္တလန္တာဟာ အဲဒီလာလီဂါကလပ်ကို နှစ်ကျော့စလုံး ၄ ဂိုးစီသွင်းနိုင်ခဲ့ကာ ဗလင်စီယာရဲ့ဂိုးသမားနှစ်ယောက်ဖြစ်တဲ့ ဒိုမီနက်ချ်နဲ့ ဆီလက်ဆန်တို့ဟာ ၄ ဂိုးစီခွင့်ပြုခဲ့ရတာပါ။
photo-gettyimages
အတ္တလန္တာဟာ အုပ်စုအဆင့်တုန်းကလည်း ရှက်တာဒိုးနက်ဂိုးသမားပြာတော့ဗ်ကို ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်နမိုဇာဂရက်ဂိုးသမား လီဗာကိုဗက်ကိုလည်း ၂ ဂိုးသွင်းခဲ့သေးတာပါ။ အုပ်စုဗိုလ်စွဲခဲ့တဲ့မန်စီးတီးတောင် အတ္တလန္တာနဲ့ နှစ်ကျော့စလုံးမှာ ဂိုးပေးခဲ့ရတာပါ။ အဲဒီမှာ ပထမအကျော့တုန်းက အီဒါဆန် ၁ ဂိုးနဲ့ ဒုတိယအကျော့မှာ ဘရာဗို ၁ ဂိုးခွင့်ပြုခဲ့ရတာပါ။ ဆိုတော့ အတ္တလန္တာဟာ ဒီရာသီချန်ပီယံလိဂ်မှာ ပြိုင်ဘက်ဂိုးသမားတိုင်းကို ဂိုးသွင်းနိုင်ခဲ့တာချည်းပါပဲ။
photo-BT Sport
ဒါပေမဲ့ မန်စီးတီးရဲ့ဝေါလ်ကာကိုတော့ ထည့်တွက်ဖို့ မေ့နေကြပါလိမ့်မယ်။ တကယ်တမ်းက အခုရာသီချန်ပီယံလိဂ် အတ္တလန္တာရင်ဆိုင်ခဲ့တဲ့ပြိုင်ဘက်တွေထဲ သူသာ ပေးဂိုးမဲ့စွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ယောက်တည်းသောဂိုးသမားဖြစ်နေတာပါ။ ဆန်စီရိုကွင်းက အတ္တလန္တာနဲ့ ဒုတိယအကျော့မှာ ပွဲထွက်ဂိုးသမားအီဒါဆန် ဒဏ်ရာရသွားလို့ အရန်ဂိုးသမားဘရာဗိုလူစားဝင်လာခဲ့ကာ သူကလည်း ၈၁ မိနစ်အရောက်မှာ တိုက်ရိုက်အနီနဲ့အထုတ်ခံလိုက်ရလို့ ရွေးချယ်စရာမရှိတော့တဲ့အတွက် နောက်ခံအစွန်ကစားတဲ့ဝေါလ်ကာဟာ လက်ကျန်မိနစ်တွေမှာ ဂိုးသမားအဖြစ် ဝင်ရောက်ကစားခဲ့ရတာပါ။ အဲဒီကာလလေးအတွင်းမှာတင် ဝေါ်လ်ကာဟာ အတ္တလန္တာရဲ့ဖရီးကစ်ကန်သွင်းမှုတစ်ကြိမ်ကို ကာကွယ်သွားခဲ့ပြီး ဂိုးသမားအနေနဲ့လည်း သူ့ဘက်က တာဝန်ကျေစေနိုင်ခဲ့တာပါ။
[Zawgyi]
ခ်န္ပီယံလိဂ္မွာ အတၱလႏၱာဂိုးမသြင္းႏိုင္တဲ့တစ္ေယာက္တည္းေသာဂိုးသမားက ေ၀ၚလ္ကာပါတဲ့
ဒီရာသီခ်န္ပီယံလိဂ္မွာ ဂိုးသြင္းအားေကာင္းေကာင္းနဲ႔ အံ့အားသင့္စရာေတြလုပ္ေနတဲ့အသင္းက အတၱလႏၱာပါပဲ။ မေန႔ညကပဲ သူတို႔ဟာ ဗလင္စီယာနဲ႔ဒုတိယအေက်ာ့မွာ ၄-၃ နဲ႔အႏိုင္ရခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္နဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ကြာတားဖိုင္နယ္တက္ေရာက္သြားပါတယ္။ တစ္နည္းအားျဖင့္ အတၱလႏၱာဟာ အဲဒီလာလီဂါကလပ္ကို ႏွစ္ေက်ာ့စလုံး ၄ ဂိုးစီသြငး္ႏိုင္ခဲ့ကာ ဗလင္စီယာရဲ႕ဂိုးသမားႏွစ္ေယာက္ျဖစ္တဲ့ ဒိုမီနက္ခ်္နဲ႔ ဆီလက္ဆန္တုိ႔ဟာ ၄ ဂိုးစီခြင့္ျပဳခဲ့ရတာပါ။
အတၱလႏၱာဟာ အုပ္စုအဆင့္တုန္းကလည္း ရွက္တာဒိုးနက္ဂိုးသမားျပာေတာ့ဗ္ကို ၄ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒိုင္နမိုဇာဂရက္ဂိုးသမား လီဗာကုိဗက္ကုိလည္း ၂ ဂိုးသြင္းခဲ့ေသးတာပါ။ အုပ္စုဗုိလ္စဲြခဲ့တဲ့မန္စီးတီးေတာင္ အတၱလႏၱာနဲ႔ ႏွစ္ေက်ာ့စလုံးမွာ ဂိုးေပးခဲ့ရတာပါ။ အဲဒီမွာ ပထမအေက်ာ့တုန္းက အီဒါဆန္ ၁ ဂိုးနဲ႔ ဒုတိယအေက်ာ့မွာ ဘရာဗုိ ၁ ဂိုးခြင့္ျပဳခဲ့ရတာပါ။ ဆိုေတာ့ အတၱလႏၱာဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ ၿပိဳင္ဘက္ဂိုးသမားတုိင္းကို ဂိုးသြင္းႏုိင္ခဲ့တာခ်ည္းပါပဲ။
ဒါေပမဲ့ မန္စီးတီးရဲ႕ေ၀ါလ္ကာကိုေတာ့ ထည့္တြက္ဖို႔ ေမ့ေနၾကပါလိမ့္မယ္။ တကယ္တမ္းက အခုရာသီခ်န္ပီယံလိဂ္ အတၱလႏၱာရင္ဆိုင္ခဲ့တဲ့ၿပိဳ္င္ဘက္ေတြထဲ သူသာ ေပးဂိုးမဲ့စြမ္းေဆာင္ႏိုင္ခဲ့တဲ့ တစ္ေယာက္တည္းေသာဂိုးသမားျဖစ္ေနတာပါ။ ဆန္စီရိုကြင္းက အတၱလႏၱာနဲ႔ ဒုတိယအေက်ာ့မွာ ပြဲထြက္ဂိုးသမားအီဒါဆန္ ဒဏ္ရာရသြားလို႔ အရန္ဂိုးသမားဘရာဗုိလူစား၀င္လာခဲ့ကာ သူကလည္း ၈၁ မိနစ္အေရာက္မွာ တိုက္ရိုက္အနီနဲ႔အထုတ္ခံလိုက္ရလို႔ ေရြးခ်ယ္စရာမရွိေတာ့တဲ့အတြက္ ေနာက္ခံအစြန္ကစားတဲ့ေ၀ါလ္ကာဟာ လက္က်န္မိနစ္ေတြမွာ ဂိုးသမားအျဖစ္ ၀င္ေရာက္ကစားခဲ့ရတာပါ။ အဲဒီကာလေလးအတြငး္မွာတင္ ေ၀ၚလ္ကာဟာ အတၱလႏၱာရဲ႕ဖရီးကစ္ကန္သြင္းမႈတစ္ႀကိမ္ကို ကာကြယ္သြားခဲ့ၿပီး ဂိုးသမားအေနနဲ႔လည္း သူ႔ဘက္က တာ၀န္ေက်ေစႏိုင္ခဲ့တာပါ။