ချန်ပီယံလိဂ်မှာ သူတို့အသင်းကို ပြိုင်ဘက်တိုင်းကြောက်ရွံ့နေပြီလို့ တူချယ်လ်ကြွေးကြော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်ခွင့်ရရှိပြီးတဲ့နောက် ချယ်လ်ဆီးနည်းပြတူချယ်လ်က ကွာတားဖိုင်နယ်မှာ ဘယ်အသင်းမှ သူတို့နဲ့ရင်ဆိုင်ချင်ကြမှာ မဟုတ်ဘူးလို့ ကြွေးကြော်လိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်း ဒုတိယအကျော့ပွဲမှာ အက်သလက်တီကိုအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၇)ရာသီအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။

အက်သလက်တီကိုနဲ့ပွဲအပြီးမှာ တူချယ်လ်က အသင်းရဲ့ ခြေစွမ်းကို ချီးကျူးစကားဆိုခဲ့ပြီး သူတို့အသင်းဟာ ပြိုင်ဘက်တိုင်းကြောက်ရွံ့လောက်တဲ့ ခြေစွမ်းမျိုးပိုင်ဆိုင်ထားတယ်လို့ ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။ တူချယ်လ်က “အသင်းက ကစားသမားတွေဟာ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ကြပြီး ရလဒ်ကောင်းတစ်ခု ရယူခဲ့သလို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူနိုင်ဖို့ ဆန္ဒပြင်းပြနေကြပါပြီ။

ကွာတားဖိုင်နယ်အဆင့်မှာ ကျွန်တော်တို့အသင်းနဲ့ ဘယ်အသင်းမှ ဆုံတွေ့ချင်မှာမဟုတ်ဘူးဆိုတာ အသေအချာပြောရဲပါတယ်။ ကွာတားဖိုင်နယ်ဆိုတာက ပိုအရေးကြီးတဲ့အဆင့်တစ်ခုရောက်လာပြီဆိုပေမယ့် အဲဒီအတွက် စိုးရိမ်ကြောက်ရွံ့နေစရာ မလိုပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် တူချယ်လ်ကို ခန့်အပ်လိုက်ချိန်ကတည်းက ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေပြီး ပြိုင်ပွဲစုံ(၁၃)ပွဲကစားအပြီးမှာ (၉)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့တာကြောင့် ရှုံးပွဲလုံးဝမရှိခဲ့တဲ့အတွက် တူချယ်လ်ဟာ အသင်းသမိုင်းတစ်လျှောက် နည်းပြသစ်တွေထဲမှာ ရှုံးပွဲမရှိပွဲဆက်အများဆုံးနည်းပြဆိုတဲ့ စံချိန်ပိုင်ဆိုင်ခဲ့ပါတယ်။

တူချယ်လ်ကိုင်တွယ်နေတဲ့ကာလအတွင်း ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်(သရေ)၊ လီဗာပူးလ်(နိုင်)၊ စပါး(နိုင်)၊ အက်သလက်တီကို (နိုင်)တို့နဲ့ ဆုံတွေ့ခဲ့တဲ့ပွဲတွေမှာလည်း ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၁၃)ပွဲမှာ (၂)ဂိုးသာပေးခဲ့ရသလို Clean Sheets (၁၁)ပွဲအထိရယူနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ချယ်လ်ဆီးအပါအဝင် နာမည်ကျော်အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်၊ ဒေ့ါမွန်၊ ပေါ်တို၊ PSG အသင်းတို့ တက်ရောက်နိုင်ခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ အခုအဆင့်မှာ ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် တူချယ်လ်ဟာ သူကြွေးကြော်ခဲ့တဲ့အတိုင်း အသင်းကို အောင်မြင်မှုရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္မွာ သူတို႔အသင္းကို ၿပိဳင္ဘက္တိုင္းေၾကာက္႐ြံ႕ေနၿပီလို႔ တူခ်ယ္လ္ေႂကြးေၾကာ္

အက္သလက္တီကိုအသင္းကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို တက္ေရာက္ခြင့္ရရွိၿပီးတဲ့ေနာက္ ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္က ကြာတားဖိုင္နယ္မွာ ဘယ္အသင္းမွ သူတို႔နဲ႔ရင္ဆိုင္ခ်င္ၾကမွာ မဟုတ္ဘူးလို႔ ေႂကြးေၾကာ္လိုက္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္း ဒုတိယအေက်ာ့ပြဲမွာ အက္သလက္တီကိုအသင္းကို (၂-ဝ)ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ (၃-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ (၇)ရာသီအတြင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။ အက္သလက္တီကိုနဲ႔ပြဲအၿပီးမွာ တူခ်ယ္လ္က အသင္းရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးစကားဆိုခဲ့ၿပီး သူတို႔အသင္းဟာ ၿပိဳင္ဘက္တိုင္းေၾကာက္႐ြံ႕ေလာက္တဲ့ ေျခစြမ္းမ်ိဳးပိုင္ဆိုင္ထားတယ္လို႔ ေႂကြးေၾကာ္ခဲ့တာျဖစ္ပါတယ္။

တူခ်ယ္လ္က “အသင္းက ကစားသမားေတြဟာ အေကာင္းဆုံးပုံစံနဲ႔ ကစားခဲ့ၾကၿပီး ရလဒ္ေကာင္းတစ္ခု ရယူခဲ့သလို ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရယူႏိုင္ဖို႔ ဆႏၵျပင္းျပေနၾကပါၿပီ။ ကြာတားဖိုင္နယ္အဆင့္မွာ ကြၽန္ေတာ္တို႔အသင္းနဲ႔ ဘယ္အသင္းမွ ဆုံေတြ႕ခ်င္မွာမဟုတ္ဘူးဆိုတာ အေသအခ်ာေျပာရဲပါတယ္။ ကြာတားဖိုင္နယ္ဆိုတာက ပိုအေရးႀကီးတဲ့အဆင့္တစ္ခုေရာက္လာၿပီဆိုေပမယ့္ အဲဒီအတြက္ စိုးရိမ္ေၾကာက္႐ြံ႕ေနစရာ မလိုပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ နည္းျပသစ္အျဖစ္ တူခ်ယ္လ္ကို ခန႔္အပ္လိုက္ခ်ိန္ကတည္းက ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူေနၿပီး ၿပိဳင္ပြဲစုံ(၁၃)ပြဲကစားအၿပီးမွာ (၉)ပြဲႏိုင္၊ (၄)ပြဲသေရက်ခဲ့တာေၾကာင့္ ရႈံးပြဲလုံးဝမရွိခဲ့တဲ့အတြက္ တူခ်ယ္လ္ဟာ အသင္းသမိုင္းတစ္ေလွ်ာက္ နည္းျပသစ္ေတြထဲမွာ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးနည္းျပဆိုတဲ့ စံခ်ိန္ပိုင္ဆိုင္ခဲ့ပါတယ္။ တူခ်ယ္လ္ကိုင္တြယ္ေနတဲ့ကာလအတြင္း ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္(သေရ)၊ လီဗာပူးလ္(ႏိုင္)၊ စပါး(ႏိုင္)၊ အက္သလက္တီကို (ႏိုင္)တို႔နဲ႔ ဆုံေတြ႕ခဲ့တဲ့ပြဲေတြမွာလည္း ရလဒ္ေကာင္းရယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ(၁၃)ပြဲမွာ (၂)ဂိုးသာေပးခဲ့ရသလို Clean Sheets (၁၁)ပြဲအထိရယူႏိုင္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို ခ်ယ္လ္ဆီးအပါအဝင္ နာမည္ေက်ာ္အသင္းေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးလ္၊ ရီးယဲလ္၊ ဘိုင္ယန္ျမဴးနစ္၊ ေဒ့ါမြန္၊ ေပၚတို၊ PSG အသင္းတို႔ တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အခုအဆင့္မွာ ခက္ခဲတဲ့ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ တူခ်ယ္လ္ဟာ သူေႂကြးေၾကာ္ခဲ့တဲ့အတိုင္း အသင္းကို ေအာင္ျမင္မႈရယူေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။